ယွာဘသည် ရှင်ဘုရင်ရှိရာနန်းတွင်းသို့ဝင်၍ “ယနေ့ အရှင်မင်းကြီး၏အသက်၊ သားတော်သမီးတော်တို့၏အသက်၊ မိဖုရားမောင်းမတော်တို့၏အသက်ကို ကယ်တင်ပေးခဲ့သောစစ်သည်အပေါင်းတို့ကို အရှင်မင်းကြီး အရှက်ခွဲလေပြီ။
ဆာလံ 34:5 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကိုစေ့စေ့ကြည့်သောသူတို့သည် ထွန်းလင်းဝင်းပ၍ မည်သည့်အခါမျှ မျက်နှာပျက်ကြရလိမ့်မည်မဟုတ်။ Common Language Bible အနှိပ်အစက်ခံရသူတို့သည်ကိုယ်တော်ကို မျှော်ကြည့်၍ဝမ်းမြောက်ပါ၏။ သူတို့သည်အဘယ်အခါ၌မျှစိတ်ပျက်ကြ ရလိမ့်မည်မဟုတ်။ Garrad Bible ကိုယ် တော် ကို မျှော် ကြည့် သူ တို့ သည်၊ မည် သည့် ကာ လ မျှ မျက် နှာ မ ပျက် ရ ဘဲ၊ ကြည် ကြည် ရွှင် ရွှင် ရှိ ရ ကြ ၏။ Judson Bible ထာဝရဘုရားကို မျှော်ကြည့်ကြလော့။ အလင်းကိုရကြလိမ့်မည်။ မျက်နှာရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ |
ယွာဘသည် ရှင်ဘုရင်ရှိရာနန်းတွင်းသို့ဝင်၍ “ယနေ့ အရှင်မင်းကြီး၏အသက်၊ သားတော်သမီးတော်တို့၏အသက်၊ မိဖုရားမောင်းမတော်တို့၏အသက်ကို ကယ်တင်ပေးခဲ့သောစစ်သည်အပေါင်းတို့ကို အရှင်မင်းကြီး အရှက်ခွဲလေပြီ။
ဂျူးလူမျိုးတို့အဖို့ ထွန်းလင်းတောက်ပခြင်း၊ ဝမ်းမြောက်ရွှင်မြူးခြင်း၊ ဂုဏ်ကျက်သရေရှိခြင်း ဖြစ်လေ၏။
အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကြည့်ရှုဆင်ခြင်၍ အကျွန်ုပ်ကိုထူးတော်မူပါ။ အကျွန်ုပ်၏မျက်စိကိုအလင်းပေးတော်မူပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သည် သေခြင်း၌အိပ်ပျော်ရပါလိမ့်မည်။
အကျွန်ုပ်ခေါ်သောနေ့၌ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူ၍ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို အစွမ်းသတ္တိနှင့်ပြည့်စေတော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
အကယ်စင်စစ် ကိုယ်တော်ကိုစောင့်မျှော်သောသူရှိသမျှတို့သည် အရှက်ကွဲကြရလိမ့်မည်မဟုတ်။ အကြောင်းမဲ့ သစ္စာဖောက်သောသူတို့သည် အရှက်ကွဲကြရလိမ့်မည်။
ထာဝရဘုရားသည် ငါ့ကိုဖေးမတော်မူသောကြောင့် ငါသည် လဲလျောင်း၍အိပ်ပျော်ရသောအခွင့်၊ နိုးရသောအခွင့်ကိုရ၏။
အကြောင်းမူကား ကိုယ်တော့်ထံ၌အသက်စမ်းရေတွင်းရှိပါ၏။ ကိုယ်တော်၏အလင်းတော်ထဲ၌ အကျွန်ုပ်တို့သည် အလင်းကိုမြင်ရကြပါ၏။
ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။”
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ့ကိုဂုဏ်ပြုချီးမွမ်းသောသူဖြစ်၏။ မိမိလမ်းခရီးကိုပြင်ဆင်သောသူအားလည်း ဘုရားသခင်၏ကယ်တင်ခြင်းကို ငါပြသမည်”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏နာမတော်ကိုရှာကြစေရန် သူတို့၏မျက်နှာကို အရှက်ကွဲခြင်းနှင့်ပြည့်စေတော်မူပါ။
အလင်းသည် ဖြောင့်မတ်သောသူတို့အပေါ်၌လည်းကောင်း၊ ဝမ်းမြောက်ခြင်းသည် စိတ်နှလုံးဖြောင့်မှန်သော သူတို့အပေါ်၌လည်းကောင်း ဖြာကျလျက်ရှိ၏။
မြေကြီးစွန်းရှိသမျှတို့၊ ငါ့ထံသို့ပြန်လှည့်လာ၍ ကယ်တင်ခြင်းကိုခံယူကြလော့။ အကြောင်းမူကား ငါသည် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။
သင်သည် မြင်၍ ဝမ်းသာပီတိဖြစ်မည်။ ဝမ်းမြောက်ဝမ်းသာဖြစ်၍ စိတ်လှုပ်ရှားမည်။ အကြောင်းမူကား ပင်လယ်၏စည်းစိမ်ဘဏ္ဍာသည် သင့်ထံသို့လှည့်လာ၍ လူမျိုးတကာတို့၏ဥစ္စာပစ္စည်းသည် သင့်ထံသို့ရောက်လာမည်။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။
ထို့ကြောင့် ဒါဝိဒ်နှင့် သူ့နောက်လိုက်ခြောက်ရာခန့်တို့သည် ထ၍ ကိလမြို့မှချက်ချင်းထွက်သွားပြီး တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းသွားလာရကြ၏။ ထိုသို့ ဒါဝိဒ်သည် ကိလမြို့မှ ထွက်ပြေးသွားကြောင်းကို ရှောလုမင်းကြီးကြားသိလျှင် သူဆက်မလိုက်တော့ပေ။