မြေကြီးပေါ်တွင် သူ့ကိုအမှတ်ရစရာမကျန်။ လမ်းပေါ်တွင် သူ့နာမည်ကျန်တော့မည်မဟုတ်။
ဆာလံ 34:16 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် မကောင်းမှုပြုသောသူတို့နှင့် ပတ်သက်သည့်အောက်မေ့စရာကို ကမ္ဘာမြေကြီးပေါ်မှဖယ်ရှားရန် သူတို့ထံမှ မျက်နှာလွှဲတော်မူ၏။ Common Language Bible သို့ရာတွင်ဒုစရိုက်ပြုသူတို့မူကားသေသော အခါ မကြာမီပင်သူတို့ကိုလူတို့မေ့ပျောက်သွား စေရန် ကိုယ်တော်သည်သူတို့ကိုဆန့်ကျင်ဘက်ပြု တော်မူ၏။ Garrad Bible မ ကောင်း ပြု ကျင့် သူ တို့ ကို ကား၊ မျက် နှာ ထား ၍ အ မည် ကို ပင် မြေ ကြီး ပေါ် မှ ပယ် ရှား တော် မူ ၏။ Judson Bible ဒုစရိုက်ကိုပြုသောသူတို့ကား၊ မြေကြီးပေါ်မှာ အောက်မေ့စရာ အမှတ်မျှမရှိစေခြင်းငှာ ပယ်ရှင်းမည်အကြောင်း၊ ထာဝရဘုရားသည် မျက်နှာထားတော်မူ၏။ |
မြေကြီးပေါ်တွင် သူ့ကိုအမှတ်ရစရာမကျန်။ လမ်းပေါ်တွင် သူ့နာမည်ကျန်တော့မည်မဟုတ်။
ဖြောင့်မတ်သောသူတို့ကို မျက်နှာလွှဲတော်မမူ။ သူတို့ကို ရှင်ဘုရင်တို့နှင့်အတူ ပလ္လင်ပေါ်တွင် အစဉ်စံမြန်းစေ၍ ချီးမြှောက်တော်မူ၏။
ထာဝရဘုရားသည် ကာလအစဉ်အဆက် ရှင်ဘုရင်ဖြစ်တော်မူ၏။ တိုင်းနိုင်ငံတို့သည် ကိုယ်တော်၏ပြည်တော်ထဲမှ ပျောက်ကွယ်သွားကြပါပြီ။
ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် ယိမ်းထိုးလှုပ်ခါ၏။ တောင်များ၏အခြေအမြစ်တို့သည်လည်း ယိမ်းထိုးခါယမ်းကြ၏။
ကြည့်ရှုလော့။ ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့် မိမိမေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူတို့၏စိတ်ဝိညာဉ်ကို ကြည့်ရှုတော်မူ၏။
နားကိုစိုက်ထားသောအရှင်သည် မကြားဘဲနေတော်မူမည်လော။ မျက်စိကိုပုံဖော်ဖန်ဆင်းသောအရှင်သည် မမြင်ဘဲနေတော်မူမည်လော။
ဖြောင့်မတ်သောသူနှင့်ဆိုင်သောအောက်မေ့စရာသည် ကောင်းချီးမင်္ဂလာဖြစ်၏။ ဆိုးယုတ်သောသူ၏အမည်မူကား ပျောက်ပျက်သွားလိမ့်မည်။
ထာဝရဘုရားသည် ဆိုးယုတ်သောသူတို့နှင့် ဝေးကွာတော်မူ၏။ ဖြောင့်မတ်သောသူတို့၏ဆုတောင်းချက်ကိုကား နားညောင်းတော်မူ၏။
တစ်ဖန် သန့်ရှင်းသောနေရာ၌ ဝင်ထွက်သွားလာခဲ့သည့် ဆိုးယုတ်သောသူတို့သည် သင်္ဂြိုဟ်ခြင်းခံရသည်ကိုငါတွေ့မြင်၏။ သူတို့သည် ထိုသို့ပြုခဲ့ရာမြို့တွင် မေ့လျော့ခြင်းခံရကြ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
အစ္စရေးလူမျိုး၏မျှော်လင့်ရာဖြစ်တော်မူသောထာဝရဘုရား၊ ကိုယ်တော်ကိုစွန့်ပယ်သောသူရှိသမျှတို့သည် အရှက်ကွဲကြရလိမ့်မည်။ ကိုယ်တော့်ထံမှထွက်သွားသောသူတို့သည် အသက်စမ်းရေဖြစ်သည့်ထာဝရဘုရားကို စွန့်ပယ်ကြသောကြောင့် မြေပေါ်၌သာ စာရင်းဝင်ကြလိမ့်မည်။
ထို့ကြောင့် အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ သင်တို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်။ ယုဒပြည်တစ်ပြည်လုံးကို ဖျက်ဆီးမည်ဟု ငါဆုံးဖြတ်ချက်ချလေပြီ။
အစ္စရေးအမျိုးအနွယ်ထဲမှဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ တစ်စုံတစ်ယောက်သည် သွေးတစ်မျိုးမျိုးကိုစားလျှင် ထိုသွေးစားသောသူကို ငါမျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
သင်တို့ကို ငါမျက်နှာလွှဲမည်။ သင်တို့သည် သင်တို့၏ရန်သူရှေ့၌ ရှုံးနိမ့်ရလိမ့်မည်။ သင်တို့ကိုမုန်းတီးသောသူတို့သည် သင်တို့ကို အုပ်စိုးလိမ့်မည်။ လိုက်သောသူမရှိသော်လည်း သင်တို့သည် ထွက်ပြေးရလိမ့်မည်။
ရန်သူတို့ရှိရာသို့ သုံ့ပန်းအဖြစ်ပါသွားလျှင် ထိုနေရာ၌ ငါ့အမိန့်ဖြင့် ဓားနှင့်အသတ်ခံရမည်။ ကောင်းစားစေရန်အတွက် မဟုတ်၊ ဒုက္ခရောက်စေရန်အတွက် သူတို့ကို ငါစောင့်ကြည့်မည်”ဟု မိန့်တော်မူ၏။