ကိုယ်တော်သည် မီးခဲတို့ကို ဆိုးယုတ်သောသူတို့အပေါ် ရွာကျစေတော်မူလိမ့်မည်။ မီး၊ ကန့်နှင့် ပူလောင်သောလေသည် သူတို့ခွက်ဖလားအတွက် ဝေစုဖြစ်လိမ့်မည်။
ဆာလံ 32:10 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူတို့သည် များစွာသောဒုက္ခဝေဒနာကိုခံစားကြရ၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား မေတ္တာကရုဏာတော်ဖြင့် ဝိုင်းရံထားခြင်းကိုခံရ၏။ Common Language Bible သူယုတ်မာတို့သည်ဒုက္ခရောက်ကြရလိမ့်မည်။ သို့ရာတွင်ဘုရားသခင်ကိုကိုးစားသူတို့မူကား ခိုင်မြဲသောမေတ္တာတော်ဖြင့်ကွယ်ကာခြင်းကို ခံရ၏။ Garrad Bible လူ ဆိုး သည်၊ ပူ ပန် ခြင်း များ တွေ့ ကြုံ ရ လိမ့် မည်။ ထာ ဝ ရ ဘု ရား၌ ကိုး စား သူ့ ကို ကား၊ က ရု ဏာ တော် ဝန်း ရံ လျက် ရှိ လိမ့် မည်။ Judson Bible မတရားသောသူသည် များစွာသောဒုက္ခကိုခံရ၏။ ထာဝရဘုရား၌ ကိုးစားသောသူကိုကား၊ ကရုဏာတော်သည် ဝန်းရံတတ်၏။ |
ကိုယ်တော်သည် မီးခဲတို့ကို ဆိုးယုတ်သောသူတို့အပေါ် ရွာကျစေတော်မူလိမ့်မည်။ မီး၊ ကန့်နှင့် ပူလောင်သောလေသည် သူတို့ခွက်ဖလားအတွက် ဝေစုဖြစ်လိမ့်မည်။
သူတစ်ပါးကိုအသရေပျက်အောင် ပြောဆိုသောသူတို့သည် မြေကြီးပေါ်၌ တည်မြဲခြင်းမရှိကြပါစေနှင့်။ ဘေးအန္တရာယ်သည် ရက်စက်ကြမ်းကြုတ်သောသူကို လိုက်၍ နှိမ်နင်းဖျက်ဆီးပါစေသော။
ယာကုပ်၏ဘုရားသခင်ကို မိမိ၏ကူညီမစသောအရှင်ဖြစ်စေသောသူ၊ မိမိ၏ဘုရားသခင်ထာဝရဘုရားကို မျှော်လင့်သောသူသည် မင်္ဂလာရှိ၏။
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူများနှင့် မိမိ၏မေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူများကို နှစ်သက်တော်မူ၏။
အခြားဘုရားများကို ဆည်းကပ်သောသူတို့သည် မိမိတို့၏ဝမ်းနည်းပူဆွေးမှုကိုတိုးပွားစေကြလိမ့်မည်။ ငါသည် သူတို့၏သွန်းလောင်းရာပူဇော်သက္ကာနှင့်ဆိုင်သောသွေးကို သွန်းလောင်းမည်မဟုတ်။ ထိုဘုရားတို့၏နာမကိုလည်း ငါ့နှုတ်ဖြင့်ရွတ်ဆိုမည်မဟုတ်။
သားတော်ကိုနမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်သဖြင့် သင်တို့သည် လမ်း၌ပျက်စီးကြရလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်၏အမျက်တော်မီးသည် တစ်ခဏချင်းတွင်တောက်လောင်လိမ့်မည်။ ကိုယ်တော်ကိုခိုလှုံသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။
ထာဝရဘုရားကောင်းမြတ်တော်မူကြောင်း မြည်းစမ်း၍သိမြင်ကြလော့။ ကိုယ်တော်ကိုခိုလှုံသောသူသည် မင်္ဂလာရှိ၏။
မာနထောင်လွှားသောသူတို့နှင့် လိမ်လည်မှုနောက်သို့လိုက်သွားသောသူတို့ထံသို့ မလှည့်ဘဲ ထာဝရဘုရားကို ကိုးစားသောသူသည် မင်္ဂလာရှိ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ကောင်းချီးပေး၍ သူ့ကိုကျေးဇူးတော်ဖြင့် ဒိုင်းကာကဲ့သို့ ဝန်းရံကာကွယ်ထားတော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်ကို ယုံကြည်ကိုးစားသောသူသည် မင်္ဂလာရှိပါ၏။
ဒုက္ခသည် အပြစ်သားတို့၏နောက်သို့ လိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား ကောင်းသောဆုလာဘ်ကိုရရှိလိမ့်မည်။
နှုတ်ကပတ်တော်ကို ဂရုပြုသောသူသည် ကောင်းကျိုးချမ်းသာကိုခံစားရလိမ့်မည်။ ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူသည်လည်း မင်္ဂလာရှိလိမ့်မည်။
အပြစ်ပြုသောသူသည် မကောင်းမှုကိုအကြိမ်တစ်ရာပြုလျက်ပင် အသက်ရှည်သော်လည်း ဘုရားသခင်ကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့ကြသောကြောင့် ကောင်းကျိုးချမ်းသာကိုခံစားရကြောင်း ငါအမှန်သိ၏။
ဆိုးယုတ်သောသူသည် အမင်္ဂလာရှိ၏။ သူ၌ ဆိုးညစ်သောအမှု သက်ရောက်မည်။ သူ၏လုပ်ဆောင်မှုအတိုင်း သူ၌ဖြစ်လိမ့်မည်။
အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုအလုံးစုံတို့၏အရင်းအမြစ်ဖြစ်၏။ လူအချို့တို့သည် ငွေကိုအလွန်တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွား၍ များစွာသောပူပန်ခြင်းဝေဒနာဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်နာကျင်စေကြပြီ။