“ထာဝရဘုရားသည် ငါတို့ဘက်၌ရှိတော်မမူခဲ့လျှင် လူတို့သည် ငါတို့ကိုဆန့်ကျင်လျက် ထကြွစဉ်က
ဆာလံ 3:2 - မြန်မာ့စံမီသမ္မာကျမ်း များစွာသောသူတို့က “ဘုရားသခင်သည် သူ့ကိုကယ်တင်မည်မဟုတ်”ဟု အကျွန်ုပ်၏စိတ်ဝိညာဉ်နှင့်ပတ်သက်၍ ပြောဆိုကြပါ၏။(စေလာ) Common Language Bible သူတို့ကကိုယ်တော်သည်ကျွန်တော်မျိုးကို ကူမတော်မူလိမ့်မည်မဟုတ်ကြောင်း ပြောဆိုကြပါ၏။ Garrad Bible သူ သည် ဘု ရား သ ခင် ကို မှီ ခို၍၊ ကယ် တင် တော် မူ ခြင်း ခံ ရ မည် မ ဟုတ် ဟု၊ အ ကျွန်ုပ်၏ အ သက် ဝိ ညာဉ် ကို ရည်၍ ဆို သူ တို့ များ လှ ပါ၏။ Judson Bible သူသည် ဘုရားသခင်ကိုအမှီပြု၍ ချမ်းသာမရဟု အကျွန်ုပ်ကိုရည်ဆောင်၍ ပြောသောသူအများ ရှိကြပါ၏။ |
“ထာဝရဘုရားသည် ငါတို့ဘက်၌ရှိတော်မမူခဲ့လျှင် လူတို့သည် ငါတို့ကိုဆန့်ကျင်လျက် ထကြွစဉ်က
အကျွန်ုပ်ကိုမြင်သောသူအားလုံးသည် အကျွန်ုပ်ကိုပြက်ရယ်ပြု၍ နှုတ်ခမ်းမဲ့ရွဲ့ကာ ခေါင်းကိုခါယမ်းလျက်
ငါသည် အသံကိုလွှင့်၍ ထာဝရဘုရားကိုခေါ်သောအခါ ကိုယ်တော်သည် မိမိ၏သန့်ရှင်းသောတောင်တော်ပေါ်မှ ငါ့ကိုထူးတော်မူ၏။(စေလာ)
ကယ်တင်ခြင်းသည် ထာဝရဘုရားထံတော်မှလာ၏။ ကိုယ်တော်၏ကောင်းချီးမင်္ဂလာသည် ကိုယ်တော်၏လူမျိုးတော်အပေါ် သက်ရောက်ပါစေသော။(စေလာ)
အချင်းလူသားတို့၊ ငါ၏ဘုန်းအသရေကိုမည်မျှကြာအောင် ရှုတ်ချကြမည်နည်း။ မည်သည့်အချိန်အထိ အချည်းနှီးသောအရာကိုနှစ်သက်၍ လိမ်လည်ခြင်းကိုလိုက်ရှာကြမည်နည်း။(စေလာ)
အမျက်ထွက်သော်လည်း အပြစ်မပြုကြနှင့်။ သင်တို့အိပ်ရာပေါ်တွင် သင်တို့စိတ်နှလုံး၌စဉ်းစားဆင်ခြင်လျက် တိတ်ဆိတ်စွာနေကြလော့။(စေလာ)
ငါ၏ရန်သူတို့က “သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု ငါ့ကိုတစ်နေ့လုံး ပြောဆိုလျက် ငါ၏အရိုးကွဲလုမတတ် ငါ့ကိုကဲ့ရဲ့ပြစ်တင်ကြ၏။
လူတို့က “သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု ငါ့ကို တစ်နေ့လုံးပြောဆိုကြသောအခါ ငါ၏မျက်ရည်သည် နေ့ညမပြတ် ငါ့အတွက်စားစရာဖြစ်ရ၏။
“ဘုရားသခင်သည် သူ့ကိုစွန့်ပစ်လေပြီ။ ကယ်နုတ်မည့်သူမရှိသည်ဖြစ်၍ သူ့ကိုလိုက်၍ဖမ်းဆီးကြလော့”ဟု ဆိုကြပါ၏။
ကိုယ်တော်၏လူမျိုးတော်ကိုကယ်တင်ရန်နှင့် ကိုယ်တော်ဘိသိက်ပေးထားသောသူကိုကယ်တင်ရန် ကြွလာတော်မူပြီ။ အိမ်ကို အုတ်မြစ်မှအမိုးတိုင်အောင်လှန်ပစ်သကဲ့သို့ ဆိုးယုတ်သောအမျိုးအနွယ်၏အကြီးအမှူးကို ချေမှုန်းတော်မူ၏။ (စေလာ)
ဘုရားသခင်သည် တေမန်မြို့မှ ကြွလာတော်မူ၏။ သန့်ရှင်းတော်မူသောအရှင်သည် ပါရန်တောင်မှ ကြွလာတော်မူ၏။ ကိုယ်တော်၏ဘုန်းတော်သည် ကောင်းကင်တစ်ပြင်လုံးကိုဖုံးလွှမ်း၍ ဂုဏ်တော်ချီးမွမ်းသံသည်လည်း မြေတစ်ပြင်လုံး ပျံ့နှံ့လေ၏။ (စေလာ)
ကိုယ်တော်သည် လေးကိုထုတ်တော်မူပြီ။ မြားတို့ကိုလည်း အသင့်ပြင်ထားတော်မူပြီ။ (စေလာ) ကိုယ်တော်သည် မြေကြီးကို မြစ်ရေများဖြင့် တိုက်ခွဲတော်မူပြီ။