ငါသည် ရှင်ဘုရင်အဖြစ် ဘိသိက်ပေးခံရသော်လည်း ယနေ့ စိတ်အားလျော့လျက်ရှိ၏။ ဇေရုယာ၏သားဖြစ်သော ဤသူတို့မူကား ငါ့ထက် စိတ်ခက်ထန်ကြ၏။ ထာဝရဘုရားသည် မကောင်းမှုပြုသောသူကို မကောင်းမှုနှင့်အလျောက် ပြန်ပေးဆပ်ပါစေသော”ဟု ဆိုလေ၏။
ဆာလံ 28:4 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏လုပ်ဆောင်ချက်နှင့် သူတို့ပြုသောဆိုးညစ်မှုအတိုင်း သူတို့ကိုဆပ်ပေးတော်မူပါ။ သူတို့လက်ဖြင့်ပြုသောအမှုအတိုင်း သူတို့ကိုဆပ်ပေးတော်မူပါ။ သူတို့ခံထိုက်သောအရာကို သူတို့အား ပြန်၍ပေးတော်မူပါ။ Common Language Bible ထိုသူတို့ပြုသောအမှုများနှင့်ကူးလွန်သော အပြစ်များအတွက်သူတို့အားအပြစ်ဒဏ် ပေးတော်မူပါ။ သူတို့၏အကျင့်ဆိုးများအတွက် အပြစ်ဒဏ်ခတ်တော်မူပါ။ သူတို့အပြစ်နှင့်ထိုက်သင့်သည့်အပြစ်ဒဏ်ကို စီရင်တော်မူပါ။ Garrad Bible ထို သူ တို့ အား ကိုယ့် ဆိုး သွမ်း သော အ ပြု အ ကျင့်၊ ကိုယ့် လက် အ ပြု အ မူ အ လိုက်၊ ထိုက် သင့် ရာ ဆပ် ပေး တုံ့ ပြန် တော် မူ ပါ။ Judson Bible သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည်နှင့်အညီ၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ သူတို့ပြုမူသည် အတိုင်းဆပ်ပေး၍၊ အပြစ်နှင့်အလျောက် စီရင်တော်မူပါ။ |
ငါသည် ရှင်ဘုရင်အဖြစ် ဘိသိက်ပေးခံရသော်လည်း ယနေ့ စိတ်အားလျော့လျက်ရှိ၏။ ဇေရုယာ၏သားဖြစ်သော ဤသူတို့မူကား ငါ့ထက် စိတ်ခက်ထန်ကြ၏။ ထာဝရဘုရားသည် မကောင်းမှုပြုသောသူကို မကောင်းမှုနှင့်အလျောက် ပြန်ပေးဆပ်ပါစေသော”ဟု ဆိုလေ၏။
အကျွန်ုပ်တို့ပြုသောဆိုးညစ်မှုများ၊ အပြစ်ကြီးများကြောင့် ဤသို့ခံရသော်လည်း အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ခံထိုက်သည်ထက်လျော့၍ အပြစ်ဒဏ်ပေးတော်မူ၏။ ဤမျှလောက် လွတ်မြောက်ခွင့်ပေးတော်မူသည်ကိုပင်
ငါတို့၏အပြစ်နှင့်အညီ ငါတို့အား ပြုတော်မမူ။ ငါတို့၏ဒုစရိုက်နှင့်အညီ ငါတို့အား တုံ့ပြန်တော်မမူ။
ကိုယ်တော်သည် သူတို့ထံမှပေါက်ဖွားလာသော သူတို့ကို ကမ္ဘာမြေပေါ်မှလည်းကောင်း၊ သူတို့၏သားစဉ်မြေးဆက်တို့ကို လူသားတို့ထဲမှလည်းကောင်း ဖျက်ဆီးတော်မူလိမ့်မည်။
အို ဘုရားသခင်၊ သူတို့အပေါ် အပြစ်သင့်ရောက်စေတော်မူပါ။ သူတို့သည် မိမိတို့၏အကျင့်အကြံများဖြင့် လဲကျကြပါစေသော။ သူတို့သည် ကိုယ်တော်ကိုပုန်ကန်ကြသည်ဖြစ်၍ သူတို့ကျူးလွန်သည့်များစွာသောအပြစ်အတွက် သူတို့ကိုနှင်ထုတ်တော်မူပါ။
အို ဘုရားရှင်၊ မေတ္တာကရုဏာကို ကိုယ်တော်ပိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် လူအသီးသီးတို့အား မိမိတို့ပြုသောအမှုနှင့်အညီ အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။
အို ထာဝရဘုရား၊ သူတို့ပြုသောအမှုအတိုင်း အကျိုးအပြစ်ကို ပြန်ဆပ်ပေးတော်မူပါ။
ဘုရားရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် သင့်စိတ်ထဲသို့ အတွေးများဝင်လာ၍ မကောင်းသောအကြံအစည်ကို ကြံစည်လိမ့်မည်။
ထို့ကြောင့် ဘုရားသခင်၏ပြင်းထန်သောစီရင်တော်မူခြင်းနှင့်ကျေးဇူးပြုတော်မူခြင်းတို့ကို ကြည့်ကြလော့။ ပြင်းထန်သောစီရင်တော်မူခြင်းသည် လဲကျသောသူတို့ပေါ်၌ရှိ၍ ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းမူကား သင်သည် ထိုကျေးဇူးပြုတော်မူခြင်း၌ ဆက်၍တည်နေလျှင် သင့်အပေါ်၌ရှိ၏။ ဆက်၍မတည်လျှင် သင်သည်လည်း ခုတ်ဖြတ်ခြင်းခံရလိမ့်မည်။
ကြေးပန်းတိမ်ဆရာ အလက်ဇန္ဒြားသည် ငါ့ကိုအလွန်ဒုက္ခပေးခဲ့၏။ သခင်ဘုရားသည် သူပြုသောအမှုအတိုင်း သူ့အားပေးဆပ်တော်မူလိမ့်မည်။
သူပေးခဲ့သည့်အတိုင်း သူ့အားပြန်ပေးကြလော့။ သူပြုသောအမှုများအပေါ် နှစ်ဆတိုး၍တုံ့ပြန်ကြလော့။ သူရောစပ်ခဲ့သောခွက်၌ သူ့အတွက်နှစ်ဆရောစပ်ပေးကြလော့။
“ကြည့်ရှုလော့။ ငါသည်အလျင်အမြန်လာမည်။ ငါပေးမည့်အကျိုးအပြစ်ကိုယူဆောင်လာ၍ လူအသီးသီးတို့အား မိမိတို့ပြုသောအမှုအတိုင်း ငါပေးဆပ်မည်။