ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့၌ မိမိအဖို့နန်းတော်ကို တည်ဆောက်၏။ ဘုရားသခင်၏သေတ္တာတော်ထားဖို့နေရာကိုပြင်ဆင်ပြီး တဲတော်ကို စိုက်ထူပေး၏။
ဆာလံ 24:3 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏တောင်တော်ပေါ်သို့ မည်သူတက်ရမည်နည်း။ ကိုယ်တော်၏သန့်ရှင်းသောနေရာတွင် မည်သူရပ်ရမည်နည်း။ Common Language Bible ထာဝရဘုရား၏တောင်တော်ပေါ်သို့ တက်နိုင်မည့်သူကားအဘယ်သူနည်း။ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်သို့ ဝင်နိုင်မည့်သူကားအဘယ်သူနည်း။ Garrad Bible ထာ ဝ ရ ဘု ရား ၏ တောင် တော် ပေါ် သို့ တက် ရ သူ၊ သန့် ရှင်း ရာ ဌာ န တော်၌ ရပ် တန့် ရ သူ ကား၊ မည် သူ ပါ နည်း။ Judson Bible ထာဝရဘုရား၏တောင်တော်ပေါ်သို့ အဘယ်သူသည် တက်ရမည်နည်း။ သန့်ရှင်းရာဌာနတော်၌ အဘယ်သူသည် ရပ်နေရမည်နည်းဟူမူကား၊ |
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့၌ မိမိအဖို့နန်းတော်ကို တည်ဆောက်၏။ ဘုရားသခင်၏သေတ္တာတော်ထားဖို့နေရာကိုပြင်ဆင်ပြီး တဲတော်ကို စိုက်ထူပေး၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏တဲတော်၌ မည်သူနေထိုင်ရပါမည်နည်း။ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်ပေါ်၌ မည်သူနေထိုင်ရပါမည်နည်း။
“ငါ၏သန့်ရှင်းသောဇိအုန်တောင်ပေါ်တွင် ငါ၏ရှင်ဘုရင်ကို ငါခန့်အပ်ထားပြီ”ဟု မိန့်တော်မူ၏။
ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌နေထိုင်စေရန် ကိုယ်တော်ရွေးချယ်၍ အထံတော်သို့ခေါ်ဆောင်လာသောသူသည် မင်္ဂလာရှိ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ သန့်ရှင်းသောဗိမာန်တော်တည်းဟူသော ကိုယ်တော်၏အိမ်တော်မှကောင်းမြတ်သောအရာဖြင့် ပြည့်စုံကြွယ်ဝကြပါလိမ့်မည်။
ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ သုံ့ပန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့ထံမှမက ငြင်းဆန်သောသူတို့ထံမှပင် လက်ဆောင်များကိုခံယူတော်မူ၏။ ဤသည်ကား ထာဝရအရှင်ဘုရားသခင်သည် ထိုအရပ်၌ကိန်းဝပ်တော်မူရန်ဖြစ်၏။
ထိုအခါ ထာဝရဘုရားက ငါ့အား “အချင်းလူသား၊ ငါမိန့်ဆိုထားသော ထာဝရဘုရား၏အိမ်တော်ဆိုင်ရာ ပြဋ္ဌာန်းချက်၊ ပညတ်ချက် အလုံးစုံတို့ကို သင့်မျက်စိဖြင့် ကြည့်လော့။ နားဖြင့် နားထောင်လော့။ စိတ်နှလုံးဖြင့် မှတ်ကျုံးလော့။ အိမ်တော်အဝင်ပေါက်၊ သန့်ရှင်းရာဌာနအထွက်ပေါက်တို့ကို သေချာစွာမှတ်သားလော့။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘စိတ်နှလုံးအရေဖျားလှီးခြင်းကိုမခံ၊ အသားအရေဖျားလှီးခြင်းကိုလည်းမခံသော တိုင်းတစ်ပါးသားများသာမက အစ္စရေးအမျိုးသားတို့နှင့်အတူနေထိုင်သော တိုင်းတစ်ပါးသားတစ်ယောက်မျှ ငါ၏သန့်ရှင်းရာဌာနတော်ထဲသို့ မဝင်ရ။
ထိုအခါ မောရှေက အာရုန်အား “ထာဝရဘုရားက ‘ငါ့ထံသို့ချဉ်းကပ်သောသူတို့အား ငါသန့်ရှင်းကြောင်း ငါထင်ရှားပြမည်။ လူအပေါင်းတို့ရှေ့၌ ငါသည် ဘုန်းအသရေရှိမည်’ဟူ၍ မိန့်ဆိုခဲ့သည်မှာ ဤအမှုကိုဆိုလို၏”ဟု ဆိုသော် အာရုန်သည် တိတ်ဆိတ်နေလေ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏စေတမန်ကို ငါစေလွှတ်မည်။ သူသည် ငါသွားရမည့်လမ်းကို ကြိုတင်ပြင်ဆင်လိမ့်မည်။ သင်တို့ရှာဖွေသောအရှင်သခင်သည် ဗိမာန်တော်သို့ ချက်ချင်းကြွလာလိမ့်မည်။ ကြည့်ရှုလော့။ သင်တို့အလိုရှိသောပဋိညာဉ်တမန်သည်လည်း ကြွလာနေပြီ”ဟု မိန့်တော်မူ၏။
ရှိမုန်ပေတရုက “သခင်ဘုရား၊ ကိုယ်တော်မည်သည့်အရပ်သို့ ကြွတော်မူမည်နည်း”ဟု မေးလျှောက်လျှင် ယေရှုက“ငါသွားရာအရပ်သို့ သင်သည် ယခုမလိုက်နိုင်။ သို့သော် နောင်အခါတွင် လိုက်ရလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ယေရှုကလည်း“ငါသည် ခမည်းတော်ထံသို့ မတက်သွားရသေးသဖြင့် ငါ့ကိုမထိနှင့်ဦး။ ငါ့ညီအစ်ကိုတို့ထံသို့သွား၍ ‘ငါ့ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ့ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံသို့ ငါတက်သွားတော့မည်’ဟူ၍ ပြောကြားလော့”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါတို့သည် မတုန်လှုပ်နိုင်သောနိုင်ငံတော်ကိုရရှိသည်ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြစို့။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းလျက် ကြည်ညိုခြင်းနှင့်ရိုသေခန့်ညားခြင်းတို့ဖြင့် ဘုရားသခင်နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကြကုန်စို့။