ယေဇကျေလ 44:9 - မြန်မာ့စံမီသမ္မာကျမ်း9 ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘စိတ်နှလုံးအရေဖျားလှီးခြင်းကိုမခံ၊ အသားအရေဖျားလှီးခြင်းကိုလည်းမခံသော တိုင်းတစ်ပါးသားများသာမက အစ္စရေးအမျိုးသားတို့နှင့်အတူနေထိုင်သော တိုင်းတစ်ပါးသားတစ်ယောက်မျှ ငါ၏သန့်ရှင်းရာဌာနတော်ထဲသို့ မဝင်ရ။ အခန်းကိုကြည့်ပါ။Common Language Bible9 ``အရေဖျားလှီးမင်္ဂလာမခံသူလူမျိုး ခြားများ၊ ငါ၏စကားကိုမနာခံသူများ၊ ဣသရေလအမျိုးသားတို့နှင့်အတူနေ ထိုင်သူလူမျိုးခြားများပင်ဖြစ်စေကာမူ ငါ၏ဗိမာန်တော်သို့ဝင်ရကြမည်မဟုတ် ကြောင်းငါအရှင်ထာဝရဘုရားမိန့်ဆို ၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ဣ သ ရေ လ လူ မျိုး တို့ အ ပါ အ ဝင် နိုင် ငံ ခြား သား တို့ အ နက်၊ စိတ် ရော ကိုယ် ပါ လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သူ တစ် ဦး တစ် ယောက် မျှ၊ ငါ့ သန့် ရှင်း ရာ ဌာ န ထဲ သို့ ဝင် ရ မည် မ ဟုတ်၊ အခန်းကိုကြည့်ပါ။Judson Bible9 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်နေ၍၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကိုမခံသောကိုယ်ရှိသော တစ်ပါးအမျိုးသားသည် ငါ၏သန့်ရှင်းရာဌာနထဲသို့ မဝင်ရ။ အခန်းကိုကြည့်ပါ။ |
သင်တို့ထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲကိုကျင်းပလိုလျှင် သူနှင့်အတူရှိသောယောက်ျားအပေါင်းတို့သည် အရေဖျားလှီးခြင်းကိုခံရမည်။ သို့ပြီးမှ သူသည် ပသခါပွဲကိုပါဝင်ကျင်းပနိုင်မည်။ အမျိုးသားချင်းကဲ့သို့လည်းဖြစ်မည်။ သို့သော် အရေဖျားလှီးခြင်းမခံသောသူမည်သူမျှ ပသခါသိုးကိုမစားရ။
သင်တို့သည် ငါ့ထံ စားဖွယ်ခဲဖွယ်၊ အဆီ၊ အသွေးတို့ကို ပူဇော်သောအခါ စိတ်နှလုံးအရေဖျားလှီးခြင်းကိုမခံ၊ အသားအရေဖျားလှီးခြင်းကိုလည်းမခံသော တိုင်းတစ်ပါးသားတို့ကို ငါ၏သန့်ရှင်းရာဌာနတော်ထဲသို့ ခေါ်ဆောင်လာ၍ ငါ့အိမ်တော်ကို ညစ်ညူးစေကြ၏။ စက်ဆုပ်ရွံရှာဖွယ်အမှုအလုံးစုံတို့ဖြင့် ငါ၏ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။
ဂျေရုဆလင်မြို့မှစ၍ ယုဒပြည်၌ရှိသမျှသောအိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ သန့်ရှင်းလိမ့်မည်။ ယဇ်ပူဇော်သောသူအပေါင်းတို့သည် လာ၍ ထိုအိုးတို့ကို ယူပြီး ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့ရက်တွင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်၌ ခါနာန်လူမျိုးဟူ၍ ရှိတော့မည်မဟုတ်။