အို ဘုရားရှင်၊ ကိုယ်တော်ဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့သည် ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကြပါလိမ့်မည်။ ကိုယ်တော်၏နာမတော်ကိုလည်း ဂုဏ်ပြုချီးမွမ်းကြပါလိမ့်မည်။
ဆာလံ 22:28 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဘုရင့်အရိုက်အရာသည် ထာဝရဘုရားနှင့်ဆိုင်တော်မူ၏။ ကိုယ်တော်သည် လူမျိုးတကာတို့ကိုအုပ်စိုးတော်မူ၏။ Common Language Bible ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူမျိုးတကာတို့ကိုအုပ်စိုးတော်မူ၏။ Garrad Bible မြေ ကြီး အ စွန်း အ ဖျား ရှိ သ မျှ ပင် သ တိ ရ၍၊ ထာ ဝ ရ ဘု ရား အ ထံ တော် သို့ ပြန် လာ လျက်၊ လူ အ မျိုး အ နွယ် ခပ် သိမ်း တို့ သည်၊ ရှေ့ တော်၌ ရှိ ခိုး ရ ကြ လိမ့် မည်။ Judson Bible အကြောင်းမူကား၊ ထာဝရဘုရားသည် စိုးစံပိုင်တော်မူ၏။ လူမျိုးတို့ကို မင်းပြုတော်မူ၏။ |
အို ဘုရားရှင်၊ ကိုယ်တော်ဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့သည် ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကြပါလိမ့်မည်။ ကိုယ်တော်၏နာမတော်ကိုလည်း ဂုဏ်ပြုချီးမွမ်းကြပါလိမ့်မည်။
နောက်ဆုံးသောကာလ၌ ထာဝရဘုရားအိမ်တော်တည်ရာတောင်သည် တောင်တို့၏အထွတ်အထိပ်၌တည်၍ တောင်ကုန်းတို့အထက်၌ ချီးမြှောက်ခြင်းခံရလိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်း ထိုတောင်သို့ စုဝေးလာကြလိမ့်မည်။
မြေကြီးစွန်းရှိသမျှတို့၊ ငါ့ထံသို့ပြန်လှည့်လာ၍ ကယ်တင်ခြင်းကိုခံယူကြလော့။ အကြောင်းမူကား ငါသည် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။
ထာဝရဘုရားက “လူသားအပေါင်းတို့သည် လဆန်းနေ့တိုင်း၊ ဥပုသ်နေ့တိုင်း ငါ့ရှေ့မှောက်တွင် လာရောက်ရှိခိုးကိုးကွယ်ကြလိမ့်မည်။
သူ့အား နိုင်ငံတော်နှင့်တကွ အာဏာစက်၊ ဂုဏ်သရေကို အပ်နှင်းပြီဖြစ်၍ နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအပေါင်းတို့သည် သူ့အားကိုးကွယ်ကြလိမ့်မည်။ သူ၏အာဏာစက်သည် မပျောက်ပျက်၊ ထာဝရတည်သောအာဏာစက် ဖြစ်၏။ နိုင်ငံတော်သည်လည်း မည်သည့်အခါမျှ ပျက်စီးမည်မဟုတ်။
ကယ်တင်မည့်သူတို့သည် ဧသောတောင်ကို အုပ်စိုးရန် ဇိအုန်တောင်ပေါ်သို့တက်လာလိမ့်မည်။ ထိုနိုင်ငံသည် ထာဝရဘုရား၏နိုင်ငံတော် ဖြစ်မည်။
ထာဝရဘုရားသည် မြေကြီးပေါ်ရှိဘုရားအားလုံးကို ငတ်မွတ်ပိန်ချုံးစေသောအခါ သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြလိမ့်မည်။ ထိုအခါ ကမ်းရိုးတန်းဒေသရှိလူမျိုးအပေါင်းတို့သည် ကိုယ့်နေရာအသီးသီးတွင် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြလိမ့်မည်။
ထာဝရဘုရားသည် မြေတစ်ပြင်လုံး၏ရှင်ဘုရင်ဖြစ်တော်မူလိမ့်မည်။ ထိုနေ့ရက်တွင် ထာဝရဘုရားတစ်ပါးတည်း၊ နာမတော်တစ်ပါးတည်းသာ ရှိလိမ့်မည်။
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။