ထိုအခါ အာဗြဟံက “အကျွန်ုပ်သည် မြေမှုန့်နှင့်ပြာသက်သက်ဖြစ်သော်လည်း အရဲစွန့်၍ ဘုရားရှင်အားလျှောက်ထားပါမည်။
ဆာလံ 22:15 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏ခွန်အားသည် အိုးခြမ်းပဲ့ကဲ့သို့ခန်းခြောက်၍ အကျွန်ုပ်၏လျှာသည် အာခေါင်၌ကပ်နေပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းမြေမှုန့်ထဲ၌ထားတော်မူ၏။ Common Language Bible ကျွန်တော်မျိုး၏လည်ချောင်းသည်မြေမှုန့် ကဲ့သို့ ခြောက်လျက်ကျွန်တော်မျိုး၏လျှာသည်လည်း အာခေါင်တွင်ကပ်၍နေပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးအားသေစေရန် မြေမှုန့်တွင်စွန့်ပစ်ထားတော်မူပါပြီ။ Garrad Bible လျှာ သည် မေး ရိုး များ ကို ကပ် လျက် ရှိ နေ ရာ၊ သေ တွင်း သို့ အ ကျွန်ုပ် ကို ရောက် စေ တော် မူ ပါ၏။ Judson Bible အကျွန်ုပ်ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်းခြောက်၍၊ လျှာလည်း ပါးရိုး၌ ကပ်လျက်ရှိပါ၏။ အကျွန်ုပ်ကို သေမြေတိုင်အောင် ချတော်မူပါပြီ။ |
ထိုအခါ အာဗြဟံက “အကျွန်ုပ်သည် မြေမှုန့်နှင့်ပြာသက်သက်ဖြစ်သော်လည်း အရဲစွန့်၍ ဘုရားရှင်အားလျှောက်ထားပါမည်။
သင့်ကို မြေမှဖြစ်လာစေသည်ဖြစ်၍ သင်သည် မြေသို့မပြန်မီတိုင်အောင် သင်၏နဖူးမှချွေးနှင့်ရင်း၍ အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်သောကြောင့် မြေမှုန့်သို့ပြန်ရမည်”ဟု မိန့်တော်မူ၏။
စင်စစ် အကျွန်ုပ်တို့သည် သေတတ်သောအမျိုးဖြစ်ကြပါ၏။ မြေပေါ်သွန်ပြီးမှ ပြန်ယူ၍မရသောရေနှင့်တူကြပါ၏။ ဘုရားသခင်မူကား အသက်တစ်ချောင်းကိုပင် မသေစေလိုပါ။ ကိုယ်တော့်ထံမှ နှင်ထုတ်ခံရသောသူကို အပယ်ခံမဖြစ်စေလိုသဖြင့် နည်းလမ်းရှာဖွေတော်မူတတ်ပါ၏။
ကိုယ်တော်သည် အကျွန်ုပ်အား ရွှံ့စေးကဲ့သို့ ပုံသွင်းတော်မူခဲ့သည်ကို သတိရတော်မူပါ။ ယခု အကျွန်ုပ်ကို မြေမှုန့်ပြန်ဖြစ်စေတော်မူမည်လော။
ငါ့အသားအရေသည် အရိုး၌ကပ်နေပါ၏။ သွားဖုံးသာကျန်လျက် အသက်လွတ်ရုံသာရှိပါ၏။
အုပ်ချုပ်သူမင်းများလည်း အသံတိတ်သွားကြပြီး သူတို့၏လျှာသည် အာခေါင်တွင်ကပ်၍နေ၏။
ယခုမှာ ငါ့စိတ်ဝိညာဉ် မြေခလုပြီ။ ဒုက္ခနေ့ရက်များသည်လည်း ငါ့ကို ဆုပ်ကိုင်ထားလေပြီ။
လူသားအားလုံး တစ်ပြိုင်တည်းသေသွားရလိမ့်မည်။ လူသည် မြေမှုန့်ဘဝသို့ ပြန်သွားရလိမ့်မည်။
အကျွန်ုပ်ကျူးလွန်မိသောအပြစ်ကို အဘယ်ကြောင့်ခွင့်လွှတ်တော်မမူပါသနည်း။ အကျွန်ုပ်၏ဒုစရိုက်ကို အဘယ်ကြောင့် ဖယ်ရှားတော်မမူပါသနည်း။ ယခု မြေမှုန့်၌ အကျွန်ုပ်အိပ်ရပါတော့မည်။ ကိုယ်တော်သည် အကျွန်ုပ်ကိုကြိုးစားရှာသော်လည်း တွေ့ရတော့မည်မဟုတ်ပါ”ဟု ညည်းဆိုလေ၏။
မျက်နှာလွှဲတော်မူသောအခါ သူတို့သည် ထိတ်လန့်ကြပါ၏။ သူတို့၏အသက်ကို ရုပ်သိမ်းတော်မူသောအခါ သူတို့သည်သေ၍ မိမိတို့ဖြစ်လာရာ မြေမှုန့်သို့ပြန်သွားကြပါ၏။
အကျွန်ုပ်သေဆုံးခြင်းအားဖြင့်၊ သေတွင်းသို့အကျွန်ုပ်ဆင်းသွားခြင်းအားဖြင့် မည်သည့်အကျိုးရှိပါမည်နည်း။ မြေမှုန့်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်လော။ ကိုယ်တော်၏သမ္မာတရားကို ပြောကြားပါမည်လော။
အကျွန်ုပ်၏နှလုံးသည် ပြင်းစွာခုန်၍ အကျွန်ုပ်၏ခွန်အားသည် အကျွန်ုပ်ကိုစွန့်ခွာသွားပါပြီ။ အကျွန်ုပ်၏မျက်စိအလင်းသည်လည်း အကျွန်ုပ်ထံ၌မရှိတော့ပါ။
သူတို့သည် အကျွန်ုပ်၏အစာအတွက် ဆေးခါးကိုကျွေး၍ အကျွန်ုပ်ရေငတ်သောအခါ ဝိုင်ချဉ်ကို တိုက်ကြပါ၏။
အကျွန်ုပ်သည် ဟစ်ခေါ်ရ၍ ပင်ပန်းပါပြီ။ အကျွန်ုပ်၏အာခေါင်သည် ခြောက်ပါပြီ။ အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်၏ဘုရားသခင်ကိုမျှော်ကြည့်ရ၍ အားအင်ကုန်ခန်းပါပြီ။
ဝမ်းမြောက်သောစိတ်နှလုံးသည် ဆေးကောင်းတစ်လက်ဖြစ်၏။ စိတ်ထိခိုက်နာကျင်ခြင်းမူကား အရိုးကိုခြောက်သွေ့စေတတ်၏။
သူသည် အသက်စွန့်၍ အသေခံခဲ့၏။ အပြစ်ကျူးလွန်သူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏။ သူသည် လူများစွာတို့၏အပြစ်ကိုထမ်းသွား၍ အပြစ်ကျူးလွန်သောသူတို့အတွက် ကြားဝင်စေ့စပ်ပေး၏။ ထို့ကြောင့် ငါသည် သူ့အား ကြီးမြတ်သောသူတို့နှင့်အတူ ဝေစုတစ်စုခွဲဝေပေးမည်။ သူသည် အားကြီးသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေမည်။
နို့စို့ကလေးငယ်သည် နို့ဆာသောကြောင့် သူ၏လျှာသည် အာခေါင်၌ ကပ်နေ၏။ ကလေးသူငယ်တို့သည် မုန့်ကိုတောင်းသော်လည်း ပေးမည့်သူတစ်ယောက်မျှမရှိ။
ထိုအခါ မြေမှုန့်ထဲ၌ အိပ်ပျော်သောသူအမြောက်အမြားနိုးလာ၍ အချို့တို့သည် ထာဝရအသက်ရှင်ရလိမ့်မည်။ အချို့တို့သည် ကဲ့ရဲ့ခြင်း၊ ရွံရှာခြင်း ထာဝရခံရလိမ့်မည်။
ထို့နောက် ယေရှုသည် နောက်တစ်ဖန် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အသက်ကိုစွန့်တော်မူ၏။
ထို့နောက် ယေရှုသည် အမှုအလုံးစုံပြီးစီးပြီဖြစ်ကြောင်း သိတော်မူ၍ ကျမ်းစာကိုပြည့်စုံစေရန်“ငါရေငတ်သည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ငါကိုယ်တိုင်ခံယူရရှိသည့် အဓိကအကျဆုံးသောအရာကို သင်တို့အား ငါပေးအပ်ခဲ့၏။ ၎င်းမှာ ကျမ်းစာနှင့်အညီ ခရစ်တော်သည် ငါတို့၏အပြစ်များအတွက် အသေခံတော်မူခဲ့ကြောင်း၊