Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 22:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 အမှန်စင်စစ် ခွေး​များ​သည် အကျွန်ုပ်​ကို​ဝိုင်း​ထား​ကြ​ပြီး ဆိုးညစ်​သော​အမှု​ကို​ပြု​သော​လူတစ်စု​သည် အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​ကြ​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​၏​ခြေ​နှင့်​အကျွန်ုပ်​၏​လက်​ကို ထိုးဖောက်​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 လူ​ဆိုး​တစ်​စု​သည်​ကျွန်​တော်​မျိုး​ကို ဝိုင်း​ထား​ကြ​ပါ​၏။ သူ​တို့​သည်​တော​ခွေး​အုပ်​ကဲ့​သို့​ကျွန်​တော်​မျိုး အ​နီး​သို့​ချဉ်း​ကပ်​လာ​ပြီး​လျှင် ကျွန်​တော်​မျိုး​၏​ခြေ​လက်​များ​ကို​ကိုက်​ဖြတ် ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ခွေး တို့ ဝန်း ရံ လျက်၊ လူ ဆိုး တို့ အ သင်း အ ပင်း ဝိုင်း မိ လျက်၊ အ ကျွန်ုပ် ခြေ လက် များ ကို ထိုး ဖောက် ကြ ပါ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ခွေး​တို့​သည် အ​ကျွန်ုပ်​ကို​ဝိုင်း​လျက်၊ စု​ဝေး​သော​လူ​ဆိုး​တို့​သည် ဝန်း​ရံ​လျက်​နေ၍၊ အ​ကျွန်ုပ်၏​လက်​ခြေ​တို့​ကို ထိုး​ဖောက်​ကြ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 22:16
27 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​၏​ဘုရား​၊ အကျွန်ုပ်​၏​ဘုရား​၊ အကျွန်ုပ်​ကို​အဘယ်ကြောင့်​စွန့်ပစ်​တော်မူ​သနည်း​။ အကျွန်ုပ်​ကို​ကယ်တင်​တော်​မ​မူ​၊ အကျွန်ုပ်​ညည်းတွား​သော​စကား​တို့​ကို​လည်း နားထောင်​တော်​မ​မူ​ဘဲ အဘယ်ကြောင့် ဝေး​စွာ​နေ​တော်မူ​သနည်း​။


အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ဓားဘေး​မှ​လည်းကောင်း​၊ အကျွန်ုပ်​၏​တစ်ခုတည်း​သော​အသက်​ကို ခွေး​၏​လက်​မှ​လည်းကောင်း ကယ်နုတ်​တော်မူ​ပါ​။


အကျွန်ုပ်​ချစ်​သော​သူ​တို့​နှင့် အကျွန်ုပ်​၏​မိတ်ဆွေ​တို့​သည် အကျွန်ုပ်​၏​အနာ​ကြောင့် အကျွန်ုပ်​ကို​ရှောင်ဖယ်​ကြ​ပါ​၏​။ အကျွန်ုပ်​၏​ဆွေမျိုးသားချင်း​တို့​သည်​လည်း အဝေး​၌​ရပ်​နေ​ကြ​ပါ​၏​။


သူ​တို့​သည် နေဝင်ချိန်​၌​ပြန်လာ​လျက် ခွေး​ကဲ့သို့​မာန်ဖီဟိန်းဟောက်​ကာ မြို့​အနှံ့​လှည့်လည်​ကြ​ပါ​၏​။


သူ​တို့​သည် နေဝင်ချိန်​၌​ပြန်လာ​၍ ခွေး​ကဲ့သို့ မာန်ဖီဟိန်းဟောက်​လျက် မြို့​ကို​လှည့်ပတ်​ကြ​ပါ​၏​။


အို ဘုရားသခင်​၊ မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​လျက် ထကြွ​ကြ​ပါ​၏​။ ကြမ်းကြုတ်​သော​လူတစ်စု​သည်​လည်း အကျွန်ုပ်​၏​အသက်​ကို ရန်ရှာ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​ကို ဦးထိပ်ထား​ခြင်း​မ​ရှိ​ကြ​ပါ​။


သူ​သည် ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​အတွက် ထိုးဖောက်​ခြင်း​ခံရ​၏​။ ငါ​တို့​၏​ဒုစရိုက်​များ​အတွက် ချိုးဖဲ့ခြေမွှ​ခြင်း​ခံရ​၏​။ ငါ​တို့​အတွက် ငြိမ်းချမ်း​ခြင်း​ကို​ဖြစ်စေ​သော ဆုံးမ​ခြင်း​သည် သူ့​အပေါ်​ကျရောက်​၍ သူ​ခံရ​သော​ဒဏ်ရာဒဏ်ချက်​အားဖြင့် ငါ​တို့​သည် အနာပျောက်ကင်း​လျက်​ရှိ​ကြ​၏​။


သင့်​ညီအစ်ကို​၊ သင့်​ဖခင်​၏​အိမ်သူအိမ်သား​တို့​ပင်လျှင် သင့်​ကို သစ္စာဖောက်​လေ​ပြီ​။ သူ​တို့​သည် သင့်​နောက်သို့​လိုက်​၍ ကျယ်လောင်​စွာ​ဟစ်ခေါ်​လေ​ပြီ​။ သူ​တို့​သည် သင့်​အား ချိုသာ​စွာ​ပြော​လျှင်လည်း မ​ယုံ​နှင့်​။


ငါ​သည် ဒါဝိဒ်​အမျိုးအနွယ်​မှစ၍ ဂျေရုဆလင်​မြို့သူမြို့သား​တို့​အား သနားကြင်နာ​တတ်​သော​စိတ်သဘော​၊ ဆုတောင်း​ပတ္ထနာပြု​တတ်​သော​စိတ်သဘော​ကို သွန်းလောင်း​ပေး​မည်​။ သူ​တို့​သည် မိမိ​တို့​ထိုးဖောက်​ခဲ့​သော​ငါ့​ကို မြင်​ရ​သောအခါ တစ်ဦးတည်း​သော​သား​အတွက် မြည်တမ်း​သကဲ့သို့ မြည်တမ်း​ရ​လိမ့်မည်​၊ သားဦး​အတွက် ခါးသီး​စွာ​ခံစား​ရ​သကဲ့သို့ ခါးသီး​စွာ​ခံစား​ရ​လိမ့်မည်​။


ယေရှု​ကို​ဖမ်းဆီး​သော​သူ​တို့​သည် ကျမ်းပြု​ဆရာ​များ​နှင့်​သက်ကြီးဝါကြီး​များ​စုဝေး​ရာ ယဇ်ပုရောဟိတ်​မင်း​ကယာဖ​ထံသို့ ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။


ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍ ခွဲဝေ​ကြ​၏။


သန့်ရှင်း​သော​အရာ​ကို ခွေး​တို့​အား​မ​ပေး​ကြ​နှင့်။ သင်​တို့​၏​ပုလဲ​များ​ကို​လည်း ဝက်​တို့​ရှေ့၌​မ​ချ​ထား​ကြ​နှင့်။ ၎င်း​တို့​သည် ထို​အရာ​များ​ကို မိမိ​တို့​ခြေ​ဖြင့်​နင်းချေ​ပြီးလျှင် လှည့်​လာ​၍ သင်​တို့​ကို​ကိုက်ဖြတ်​ကြ​မည်​ကို​စိုးရိမ်​ရ​၏။


ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ကိုယ်တော်​၏​အဝတ်​တော်​များ​အား မည်သူ​က မည်သည့်​အဝတ်​ယူ​ရ​မည်​ကို မဲ​ချ​၍ ခွဲဝေ​ကြ​၏။


သို့သော် လူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် ကျယ်လောင်​သော​အသံ​ဖြင့် မရမက​တောင်းဆို​ကြ​သဖြင့် သူ​တို့​၏​အသံ​များ​သည် အနိုင်ရ​သွား​လေ​၏။


ဦးခေါင်းခွံ​ဟု​ခေါ်ဝေါ်​သော​အရပ်​သို့​ရောက်​သောအခါ သူ​တို့​သည်​ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ရာဇဝတ်သား​တို့​ကို​လည်း လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​၏။


စစ်သား​တို့​သည် ယေရှု​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​ပြီး​သောအခါ ကိုယ်တော်​၏​ဝတ်ရုံ​တော်​ကို လေး​ပိုင်း​ပိုင်း​၍ တစ်​ယောက်​တစ်​ပိုင်း​စီ​ယူ​ကြ​၏။ အတွင်း​အဝတ်​တော်​ကို​လည်း​ယူ​ကြ​ရာ ၎င်း​သည် ချုပ်ရိုး​မ​ရှိ​ဘဲ အထက်စွန်း​မှ တစ်ထည်​လုံး​ကို တစ်ဆက်​တည်း​ရက်​ထား​သည့် အဝတ်​ဖြစ်​သောကြောင့်


စစ်သား​တစ်​ဦး​က နံဘေး​တော်​ကို လှံ​နှင့်​ထိုး​လေ​၏။ ထိုအခါ သွေး​နှင့်​ရေ​သည် ချက်ချင်း​ထွက်လာ​၏။


တစ်ဖန် အခြား​သော​ကျမ်းချက်​၌ “သူ​တို့​သည် မိမိ​တို့​ထိုးဖောက်​သော​သူ​ကို ရှုမြင်​ရ​ကြ​လိမ့်မည်”​ဟု ဆို​ထား​၏။


သို့ဖြစ်၍ အခြား​သော​တပည့်​တော်​တို့​က သောမ​အား “ငါ​တို့​သည် သခင်​ဘုရား​ကို​မြင်​ရ​ပြီ”​ဟု ဆို​ကြ​၏။ သို့သော် သောမ​က “ငါ​သည် လက်​တော်​တို့​၌ သံ​ရိုက်​ရာ​ကို​မ​မြင်၊ ထို​သံ​ရိုက်​ရာ​ထဲသို့ ငါ့​လက်ညှိုး​ကို​မ​ထိုး​မ​သွင်း၊ နံဘေး​တော်​ထဲသို့​လည်း ငါ့​လက်​ကို​မ​ထိုး​မ​သွင်း​ရ​လျှင် မည်သည့်​အခါ​မျှ​ယုံ​မည်​မ​ဟုတ်”​ဟု ဆို​လေ​၏။


ထို့နောက် သောမ​အား“သင်​၏​လက်ညှိုး​ဖြင့် ဤ​နေရာ​ကို​တို့​၍ ငါ့​လက်​ကို​ကြည့်​လော့။ သင်​၏​လက်​ကို​လည်း ဆန့်​၍ ငါ့​နံဘေး​ထဲသို့​ထိုးသွင်း​လော့။ မ​ယုံကြည်​သော​သူ​မ​ဟုတ်​ဘဲ ယုံကြည်​သော​သူ​ဖြစ်​လော့”​ဟု မိန့်​တော်မူ​၏။


ခွေး​များ​ကို သတိပြု​ကြ​လော့။ မကောင်း​သော​လုပ်သား​များ​ကို သတိပြု​ကြ​လော့။ ကိုယ်အင်္ဂါ​လှီးဖြတ်​သော​သူ​တို့​ကို သတိပြု​ကြ​လော့။


အပြင်​၌​ကား ခွေး​များ၊ ပြုစား​သော​သူ​များ၊ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လူသတ်သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ​နှင့် မုသား​ကို​နှစ်သက်​၍ ကျင့်သုံး​သော​သူ​အပေါင်း​တို့​ရှိ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ