လူတို့သည် ငါ့ကိုဝိုင်းအုံ၍ ပါးစပ်ဖြဲပြကြ၏။ ငါ့ကိုကဲ့ရဲ့၍ ပါးရိုက်ကြ၏။
ဆာလံ 22:14 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ရေကဲ့သို့သွန်ချခြင်းခံရ၍ အကျွန်ုပ်၏အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကုန်ပါ၏။ အကျွန်ုပ်၏နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍ အကျွန်ုပ်ရင်ထဲ၌ အရည်ပျော်သွားပါ၏။ Common Language Bible ကျွန်တော်မျိုး၏ခွန်အားသည်မြေကြီးပေါ်တွင် ဖိတ်သည့်ရေကဲ့သို့ခန်းခြောက်သွားပါ၏။ ကျွန်တော်မျိုး၏အရိုးအားလုံးသည် အဆစ်ပြုတ်လျက်နေပါ၏။ ရင်တွင်းမှနှလုံးသားသည်အရည်ပျော် သော ဖယောင်းကဲ့သို့ဖြစ်၍နေပါ၏။ Garrad Bible အ ကျွန်ုပ် သည် သွန် လိုက် သော ရေ ကဲ့ သို့ ဖြစ် နေ ပါ၏။ အ ရိုး အ ဆစ် ရှိ သ မျှ လွဲ လျက်၊ နှ လုံး သည် ဖ ယောင်း ကဲ့ သို့ အ တွင်း၌ အ ရည် ပျော် လျက်၊ ခွန် အား သည် အိုး ခြမ်း ကဲ့ သို့ ခန်း ခြောက် လျက်၊ Judson Bible အကျွန်ုပ်သည် ရေကဲ့သို့သွန်ခြင်းကိုခံရ၍၊ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏။ အကျွန်ုပ်နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍၊ ရင်ထဲမှာ အရည်ကျိုလျက်ရှိပါ၏။ |
လူတို့သည် ငါ့ကိုဝိုင်းအုံ၍ ပါးစပ်ဖြဲပြကြ၏။ ငါ့ကိုကဲ့ရဲ့၍ ပါးရိုက်ကြ၏။
ဘုရားသခင်သည် ငါ့ကို စိတ်အားလျော့စေတော်မူပြီ။ အနန္တတန်ခိုးရှင်သည် ငါ့ကို ထိတ်လန့်စေတော်မူပြီ။
ယခုမှာ ငါ့စိတ်ဝိညာဉ် မြေခလုပြီ။ ဒုက္ခနေ့ရက်များသည်လည်း ငါ့ကို ဆုပ်ကိုင်ထားလေပြီ။
အကျွန်ုပ်သည် အကျွန်ုပ်၏အရိုးရှိသမျှတို့ကို ရေတွက်နိုင်ပါ၏။ သူတို့သည် အကျွန်ုပ်ကိုစေ့စေ့ကြည့်၍ အားရလျက်နေကြပါ၏။
အကြောင်းမူကား အကျွန်ုပ်၏အသက်တာသည် ဝမ်းနည်းခြင်းဖြင့်လည်းကောင်း၊ အကျွန်ုပ်၏နှစ်ကာလတို့သည် ညည်းတွားခြင်းဖြင့်လည်းကောင်း ကုန်လွန်ခဲ့ပါပြီ။ အကျွန်ုပ်၏ဒုစရိုက်ကြောင့် အကျွန်ုပ်၏ခွန်အားသည် ချည့်နဲ့သွား၍ အကျွန်ုပ်၏အရိုးတို့သည် အားလျော့ကြပါပြီ။
သူတို့သည် အကျွန်ုပ်ကိုကြည့်လျက် မိမိတို့ပါးစပ်ကိုကျယ်စွာဖွင့်ကာ “ဟားဟား၊ ငါတို့မျက်စိနှင့် မြင်ခဲ့ရပြီ”ဟု ဆိုကြပါ၏။
မီးခိုးသည် လွင့်သွားသကဲ့သို့ ကိုယ်တော်သည် သူတို့ကိုလွင့်သွားစေတော်မူလိမ့်မည်။ ဖယောင်းသည် မီးရှေ့တွင် အရည်ပျော်သကဲ့သို့ ဆိုးယုတ်သောသူတို့သည် ဘုရားသခင်၏ရှေ့တော်တွင် ပျက်စီးကြရလိမ့်မည်။
ထိုအခါ ရှင်ဘုရင်သည် မျက်စိမျက်နှာပျက်၍ တွေးတောထိတ်လန့်လေ၏။ ခါးဆစ်များ ပြုတ်လုမတတ်ဖြစ်၍ ဒူးများလည်း တုန်ရီနေ၏။
မြို့သည် ဘာမျှမကျန်အောင် ပျက်စီး၍ ဟင်းလင်းပြင်ဖြစ်လေပြီ။ လူတို့သည်လည်း စိတ်ပျက်အားလျော့လျက်၊ ကြောက်ဒူးတုန်လျက်၊ ခါးချည့်လျက် မျက်နှာဖြူဖတ်ဖြူရော်ဖြစ်ကြလေပြီ။
“ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ် အလွန်ဝမ်းနည်းခြင်းရှိ၏။ ဤနေရာ၌နေ၍ ငါနှင့်အတူ သတိနှင့်စောင့်နေကြလော့”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကိုခံစားလျက် ပို၍ပြင်းပြစွာဆုတောင်းတော်မူရာ ကိုယ်တော်၏ချွေးသည် မြေပေါ်သို့ကျသောသွေးစက်သဖွယ်ဖြစ်လေ၏။
ယခု ငါ့စိတ်ပူပန်လျက်ရှိ၏။ ငါမည်သို့လျှောက်ရပါမည်နည်း။ ‘အို အဖ၊ ဤအချိန်နာရီမှ အကျွန်ုပ်ကို ကယ်တင်တော်မူပါ’ဟူ၍ လျှောက်ရပါမည်လော။ သို့ရာတွင် ငါသည် ဤအတွက်ကြောင့် ယခုအချိန်နာရီသို့ ရောက်လာခဲ့၏။
အာဣမြို့သားတို့သည် မြို့တံခါးမှ ရှေဗရိမ်အရပ်အထိ သူတို့နောက်သို့လိုက်၍ တောင်စောင်း၌ လူသုံးဆယ့်ခြောက်ယောက်ကို တိုက်ခိုက်သတ်ဖြတ်လေ၏။ ထို့ကြောင့် လူတို့သည် စိတ်ပျက်အားလျော့ကုန်လေ၏။