“ငါ၏သန့်ရှင်းသောဇိအုန်တောင်ပေါ်တွင် ငါ၏ရှင်ဘုရင်ကို ငါခန့်အပ်ထားပြီ”ဟု မိန့်တော်မူ၏။
ဆာလံ 21:1 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ဘုရင်မင်းကြီးသည် ကိုယ်တော်၏အစွမ်းသတ္တိ၌ ဝမ်းမြောက်၍ ကိုယ်တော်၏ကယ်တင်ခြင်း၌ အလွန်ရွှင်လန်းပါ၏။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မင်းကြီးအားခွန်အားစွမ်း ရည်ကို ပေးတော်မူသဖြင့်သူသည်ဝမ်းမြောက်ပါ၏။ ကိုယ်တော်ရှင်သည်စစ်ပွဲကိုအောင်စေတော်မူ သဖြင့် သူသည်အလွန်အားရရွှင်လန်းပါ၏။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ ဘု ရင် မင်း သည် ကိုယ် တော်၏ တန် ခိုး တော်၌ ဝမ်း မြောက် ခွင့်၊ ကယ် တင် တော် မူ ခြင်း ၌ အား ရ ရွှင် လန်း ခွင့် ရ ရှိ ပါ မည်။ Judson Bible အိုထာဝရဘုရား၊ မင်းကြီးသည် ကိုယ်တော်၏အစွမ်းသတ္တိကြောင့် ဝမ်းမြောက်၍၊ ကယ်တင်တော်မူခြင်းအားဖြင့် အလွန်ရွှင်လန်းပါ၏။ |
“ငါ၏သန့်ရှင်းသောဇိအုန်တောင်ပေါ်တွင် ငါ၏ရှင်ဘုရင်ကို ငါခန့်အပ်ထားပြီ”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ ဘုရင်မင်းကြီးကို ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့ခေါ်သောအခါ အကျွန်ုပ်တို့ကိုထူးတော်မူပါ။
ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါ၏ဒိုင်းလွှားဖြစ်တော်မူ၏။ ငါ၏စိတ်နှလုံးသည် ကိုယ်တော်ကို ယုံကြည်ကိုးစားသဖြင့် ငါသည် ကူညီမစတော်မူခြင်းကိုခံရ၏။ ထို့ကြောင့် ငါ၏စိတ်နှလုံးသည် ရွှင်မြူး၏။ ငါသည် ငါ့သီချင်းဖြင့် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းမည်။
ဘုရားသခင်ထံတော်၌ ငါ၏ကယ်တင်ခြင်းနှင့် ငါ၏ဘုန်းအသရေရှိ၏။ ဘုရားသခင်သည် ငါ၏ခိုင်ခံ့သောကျောက်ဆောင်၊ ငါ၏ခိုလှုံရာဖြစ်တော်မူ၏။
သို့သော် ရှင်ဘုရင်သည် ဘုရားသခင်၌ဝမ်းမြောက်လိမ့်မည်။ ကိုယ်တော်ကို တိုင်တည်၍ ကျိန်ဆိုသောသူအပေါင်းတို့သည် ချီးမွမ်းကြလိမ့်မည်။ မုသားပြောဆိုသောသူတို့၏နှုတ်မူကား အပိတ်ခံရလိမ့်မည်။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ပျိုရွယ်စဉ်မှစ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါပြီ။ သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ယခုတိုင်အောင် ပြောကြားပါ၏။
လာကြ၊ ထာဝရဘုရားထံ ရွှင်လန်းစွာသီချင်းဆိုကြကုန်စို့။ ငါတို့၏ကယ်တင်ခြင်းကျောက်ဆောင်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြကုန်စို့။
တန်ခိုးကြီးသောရှင်ဘုရင်သည် တရားမျှတခြင်းကို နှစ်သက်တော်မူ၏။ ကိုယ်တော်သည် သမာသမတ်ရှိခြင်းကို တည်မြဲစေတော်မူ၏။ ယာကုပ်အမျိုးထဲတွင် တရားမျှတခြင်းနှင့်ဖြောင့်မတ်ခြင်းကို စီရင်တော်မူ၏။
“ဖွားမြင်တော်မူသော ဂျူးလူမျိုးတို့၏ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို အကျွန်ုပ်တို့မြင်ခဲ့ရသဖြင့် သူ့ကိုရှိခိုးရန် လာကြပါ၏”ဟု မေးမြန်းပြောဆိုကြ၏။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။