အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 18:42 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ အကျွန်ုပ်​သည် သူ​တို့​ကို လေ​ထဲ​လွင့်ပါ​သော​မြေမှုန့်​ကဲ့သို့ ညက်ညက်ချေ​၍ လမ်း​ပေါ်မှ​ရွှံ့​ကဲ့သို့ သူ​တို့​ကို​သွန်ပစ်​ပါ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

လေ​တိုက်​၍​လွင့်​ပါ​သွား​သော​မြေ​မှုန့်​သ​ဖွယ် ဖြစ်​စေ​ရန် သူ​တို့​အား​ကျွန်​တော်​မျိုး​ချေ​မှုန်း​ပါ​၏။ လမ်း​များ​ပေါ်​မှ​ရွှံ့​သ​ဖွယ်​သူ​တို့​အား ကျွန်​တော်​မျိုး​ကျော်​နင်း​ပါ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

လေ လွင့် သော မြူ မှုန့် ကဲ့ သို့၊ သူ တို့ ကို ငါ ချေ မွ ၍၊ လမ်း ရွှံ့ နွံ ကဲ့ သို့ ပစ် လိုက် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​အ​ခါ အ​ကျွန်ုပ်​သည် သူ​တို့​ကို လေ​တိုက်​သော​မြေ​မှုန့်​ကို​ကဲ့​သို့၊ ညက်​ညက်​ချေ​ပြီး​မှ၊ လမ်း၌​အ​မှိုက်​ကို​ကဲ့​သို့ သွန်​ပစ်​လေ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 18:42
10 ပူးပေါင်းရင်းမြစ်များ  

ဆီးရီးယား​ဘုရင်​က အစ္စရေး​စစ်တပ်​ကို ဖျက်ဆီး​ပစ်​၍ ကောက်နယ်တလင်း​ရှိ​အမှုန့်​ကဲ့သို့ ဖြစ်စေ​သောကြောင့် ယောခတ်​မင်းကြီး​တွင် မြင်းတပ်သား​အယောက်​ငါးဆယ်​၊ စစ်ရထား ဆယ်​စီး​၊ ခြေလျင်တပ်သား​အယောက်​တစ်သောင်း​မှလွဲ၍ စစ်တပ်​ဟူ၍​ပင် မ​ရှိ​တော့​ပေ​။


သူ​သည် ဆင်းရဲဒုက္ခ​ရောက်​၍ အော်ဟစ်ငိုကြွေး​သောအခါ ဘုရားသခင် နားညောင်း​တော်မူ​မည်လော​။


ဘုရားသခင်​ကို​မေ့လျော့​တတ်​သော​သူ​တို့​၊ ဤ​အချက်​ကို သတိ​နှင့်​ဆင်ခြင်​ကြ​လော့​။ သို့မဟုတ်​ပါက ငါ​သည် သင်​တို့​ကို အပိုင်းပိုင်း​ဆုတ်ဖြဲ​သဖြင့် ကယ်နုတ်​သူ​မ​ရှိ​ဖြစ်​လိမ့်မည်​။


သူ​တို့​သည် ငါ့​ကို​ခေါ်​ကြ​လိမ့်မည်​။ သို့သော် ငါ​သည် ထူး​မည်​မ​ဟုတ်​။ သူ​တို့​သည် ငါ့​ကို​ကြိုးစား​၍​ရှာ​ကြ​လိမ့်မည်​။ သို့သော် ငါ့​ကို​တွေ့​ရ​ကြ​မည်​မ​ဟုတ်​။


သူ့​ကို ဘုရားတရားမဲ့​သော​လူမျိုး​ထံသို့ ငါ​စေလွှတ်​မည်​။ ငါ​အမျက်​ထွက်​သော​လူ​တို့​တိုက်ယူ​ထား​သော​ပစ္စည်း​ကို လုယက်​သိမ်းယူ​၍ လမ်း​ပေါ်မှ​ရွှံ့​ကို​နင်း​သကဲ့သို့ သူ​တို့​ကို​နင်းချေ​ရန် ငါ​မိန့်မှာ​ထား​၏​။


ထာဝရဘုရား​သည် လက်​တော်​ကို ဤ​တောင်​ပေါ်တွင်​တင်ထား​တော်မူ​မည်​။ နွားချေးပုံ​၌ ကောက်ရိုး​ကို​နင်းနယ်​သကဲ့သို့ မောဘ​ပြည်​ကို နင်းနယ်​တော်မူ​မည်​။


ဖြောင့်မတ်​သော​သူ​ကို အရှေ့​အရပ်​မှ ပေါ်ထွန်း​စေ​သော​သူ​ကား မည်သူ​နည်း​။ သူ့​ထံ လူမျိုးတကာ​တို့​ကို အပ်နှံ​သော​သူ​၊ သူ့​အား ရှင်ဘုရင်​တို့​ကို အုပ်စိုး​ရ​သော​အခွင့် ပေး​သော​သူ​ကား မည်သူ​နည်း​။ ထို​သူ​တို့​ကို သူ​၏​ဓား​ဖြင့် မြေမှုန့်​ကဲ့သို့​ဖြစ်စေ​၍ သူ​၏​လေး​ဖြင့် ဖွဲ​ကဲ့သို့​လွင့်​စေ​သော​သူ​ကား မည်သူ​နည်း​။


သူ​တို့​သည် လမ်း​ပေါ်မှ​ရွှံ့​ကို​နင်း​သကဲ့သို့ စစ်ပွဲ​တွင် ရန်သူ​ကို​နင်းချေ​သော​စစ်သူရဲ​များ ဖြစ်​ကြ​လိမ့်မည်​။ ထာဝရဘုရား​သည် သူ​တို့​နှင့်အတူ​ပါရှိ​သောကြောင့် စစ်တိုက်​ရာ​တွင် မြင်းစီးသူရဲ​တို့​ကို အရှက်ကွဲ​စေ​လိမ့်မည်​။


သင်​တို့​သည် ဆိုးယုတ်​သော​သူ​တို့​ကို နင်းချေ​လိမ့်မည်​။ အကြောင်းမူကား ငါ​စီရင်​ရာ​နေ့ရက်​၌ သူ​တို့​သည် သင်​တို့​၏​ခြေဖဝါး​အောက်​သို့​ရောက်​သော ပြာမှုန့်​ဖြစ်​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။