အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 18:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ချီးမွမ်းထိုက်​သော​ထာဝရဘုရား​ကို ငါ​ခေါ်​သောအခါ ငါ့​ရန်သူ​တို့​၏​လက်​မှ ငါ့​ကို​ကယ်တင်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​သော​အ​ခါ​ကိုယ်​တော်​သည် ငါ့​အား​ရန်​သူ​များ​၏​လက်​မှ​ကယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။

Garrad Bible

ချီး မွမ်း ခံ ထိုက် တော် မူ သော ထာ ဝ ရ ဘု ရား အား၊ ငါ ပ ဌ နာ ပြု သ ဖြင့်၊ ရန် သူ တို့ လက် မှ လွတ် မြောက် ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ချီး​မွမ်း​အပ်​သော ထာ​ဝ​ရ​ဘု​ရား​ကို ငါ​တောင်း​လျှောက်၍ ရန်​သူ​တို့​လက်​မှ ကယ်​တင်​ခြင်း​သို့​ရောက်၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 18:3
26 ပူးပေါင်းရင်းမြစ်များ  

ချီးမွမ်းထိုက်​သော​ထာဝရဘုရား​ကို ငါ​ခေါ်​သောအခါ ငါ့​ရန်သူ​တို့​၏​လက်​မှ ငါ့​ကို​ကယ်တင်​တော်မူ​၏​။


လေဝိ​အမျိုး ယေရွှာ​၊ ကပ်မျေလ​၊ ဗာနိ​၊ ဟာရှဗနိ​၊ ရှေရဘိ​၊ ဟောဒိယ​၊ ရှေဗနိ​၊ ပေသဟိ​တို့​က “​မတ်တတ်ရပ်​၍ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို အစဉ်အမြဲ​ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ဘုန်းကြီး​သော​နာမ​တော်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ဂုဏ်ပြု​ခြင်း​၊ ချီးမွမ်း​ခြင်း​ရှိသမျှ​တို့​ထက် ချီးမြှောက်​ကြ​လော့​။


ငါ​၏​ကျောက်ဆောင်​ဖြစ်​တော်မူ​သော ထာဝရဘုရား​သည် မင်္ဂလာရှိ​တော်မူ​၏​။ ကိုယ်တော်​သည် ငါ​၏​လက်​ကို စစ်မက်​အတွက်​လည်းကောင်း​၊ ငါ​၏​လက်ချောင်း​များ​ကို တိုက်ပွဲ​အတွက်​လည်းကောင်း လေ့ကျင့်​ပေး​တော်မူ​၏​။


ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၍ အလွန်​ချီးမွမ်းဖွယ်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​ကြီးမြတ်​တော်မူ​ခြင်း​ကို စူးစမ်း​၍​မ​ကုန်​နိုင်​။


ငါ​သည် အသံ​ကို​လွှင့်​၍ ထာဝရဘုရား​ကို​ခေါ်​သောအခါ ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သော​တောင်​တော်​ပေါ်မှ ငါ့​ကို​ထူး​တော်မူ​၏​။(​စေလာ)


ကိုယ်တော်​သည် အကျွန်ုပ်​၏ မှီခို​ရာ​ဖြစ်​တော်မူ​သောကြောင့် အကျွန်ုပ်​အတွက် လျှို့ဝှက်​စွာ​ထောင်​ထား​သော​ပိုက်ကွန်​ထဲမှ အကျွန်ုပ်​ကို​ထုတ်ဆောင်​တော်မူ​၏​။


ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၍ ငါ​တို့​ဘုရားသခင်​၏​မြို့​တော်​၌ အလွန်​ချီးမွမ်းဖွယ် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​သန့်ရှင်း​သော​တောင်​တော်​သည်


ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ငါ့​ကို​ခေါ်​လော့​။ ငါ​သည် သင့်​ကို​ကယ်မ​မည်​။ သင်​သည်​လည်း ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​လိမ့်မည်​။​”


ငါ​သည် ဘုရားသခင်​ကို​ခေါ်​၍ ထာဝရဘုရား​သည် ငါ့​ကို​ကယ်တင်​တော်မူ​၏​။


သင်​တို့​သည် မည်မျှ​ကြာ​အောင် လူ​ကို​ပြင်းထန်​စွာ​တိုက်ခိုက်​ကြ​မည်နည်း​။ သင်​တို့​အားလုံး​သည် တိမ်းစောင်း​နေ​သော​နံရံ​နှင့် လှုပ်နဲ့​နေ​သော​ခြံစည်းရိုး​ကဲ့သို့​သော​သူ​ကို သတ်ဖြတ်​ကြ​မည်​လော​။


အို လူ​များ​တို့​၊ ကိုယ်တော်​ကို အစဉ်အမြဲ​ယုံကြည်ကိုးစား​ကြ​လော့​။ သင်​တို့​၏​စိတ်နှလုံး​ကို ကိုယ်တော်​၏​ရှေ့​တော်​၌ ဖွင့်ဟ​ကြ​လော့​။ ဘုရားသခင်​သည် ငါ​တို့​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​။(​စေလာ)


အကျွန်ုပ်​အစဉ်မပြတ်​ဝင်ရောက်​မှီခို​နိုင်​သော​ကျောက်ဆောင်​ဖြစ်​တော်မူ​ပါ​။ အကျွန်ုပ်​ကို​ကယ်တင်​ရန် ကိုယ်တော်​အမိန့်ရှိ​တော်မူ​ပြီ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ကျောက်​နှင့် အကျွန်ုပ်​၏​ရဲတိုက်​ဖြစ်​ပါ​၏​။


ကိုယ်တော်​သည် အရောင်အဝါ​တောက်ပ​တော်မူ​၏​။ သားကောင်​ရှိ​ရာ​တောင်​များ​ထက် ပို၍​အသရေတင့်တယ်​တော်မူ​၏​။


သူ​သည် ငါ့​ကို​ခေါ်​သောအခါ သူ့​ကို​ငါ​ထူး​မည်​။ ဆင်းရဲဒုက္ခ​ရောက်​သောအခါ သူ​နှင့်အတူ​ငါ​ရှိ​မည်​။ ငါ​သည် သူ့​ကို​ကယ်မ​၍ သူ့​ကို​ဂုဏ်ပြု​မည်​။


“​ငါ​၏​ခိုလှုံ​ရာ​၊ ငါ​၏​ရဲတိုက်​၊ ငါ​ယုံကြည်ကိုးစား​သော ငါ​၏​ဘုရားသခင်​”​ဟု ထာဝရဘုရား​နှင့်​ပတ်သက်၍ ငါ​ဆို​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၍ ချီးမွမ်းဖွယ်​အလွန်​ကောင်း​၏​။ ကိုယ်တော်​သည် ဘုရား​တကာ​တို့​ထက် ကြောက်ရွံ့ရိုသေဖွယ်​ကောင်း​လှ​၏​။


အို ထာဝရဘုရား ကိုယ်တော်​သည် အကျွန်ုပ်​၏​ခွန်အား​၊ အကျွန်ုပ်​၏​ရဲတိုက်​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ အကျွန်ုပ်​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​ပါ​၏​။ မြေကြီး​စွန်း​မှ လူမျိုးခြား​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “​အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့ ပိုင်ဆိုင်​သော​အရာ​သည် မုသား​သာ​ဖြစ်​၏​။ အချည်းနှီး​၊ အကျိုး​မ​ရှိ​သော​အရာ​သာ​ဖြစ်​၏​”​ဟု လျှောက်​ကြ​ပါ​လိမ့်မည်​။


ဤ​ကယ်တင်​ခြင်း​သည် ငါ​တို့​၏​ရန်သူ​များ​နှင့် ငါ​တို့​ကို​မုန်း​သော​သူ​အပေါင်း​တို့​လက်​မှ ကယ်တင်​တော်မူ​ခြင်း​ဖြစ်​၏။


ထိုအခါ ထာဝရ​ဘုရား​၏​နာမ​တော်​ကို ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​သည် ကယ်တင်​ခြင်း​ခံရ​ကြ​လိမ့်မည်’​ဟူ၍ ဖြစ်​၏။


“အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား၊ ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ကို ဖန်ဆင်း​တော်မူ​သဖြင့် ထို​အရာ​တို့​သည် ကိုယ်တော်​၏​အလို​တော်​အားဖြင့်​ဖြစ်တည်​၍ ဖန်ဆင်း​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​သည် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် တန်ခိုး​တော်​တို့​ကို ခံယူ​ထိုက်​တော်မူ​၏”​ဟု ဆို​ကြ​၏။