ထိုအခါ ရှင်ဘုရင်က “သင့်ကို ထာဝရဘုရားကယ်တော်မမူလျှင် သင့်ကို ငါမည်သို့ကယ်ရမည်နည်း။ ကောက်နယ်တလင်းမှလော၊ သို့မဟုတ်လျှင် စပျစ်သီးနယ်ရာကျင်းမှလော”ဟု ပြန်လည်မိန့်ဆို၏။
ဆာလံ 146:3 - မြန်မာ့စံမီသမ္မာကျမ်း မင်းအရာရှိများမှစ၍ ကယ်တင်ခြင်းမပေးနိုင်သော လူသားကို မကိုးစားကြနှင့်။ Common Language Bible လူတို့၏ခေါင်းဆောင်များကိုမကိုးစားကြနှင့်။ အဘယ်လူသားမျှသင်တို့ကိုမကယ်တင်နိုင်။ Garrad Bible မ ကယ် နိုင် သော မှူး မတ် တို့ မှ စ၍၊ လူ့ သား တို့ ၌ မ ကိုး စား ကြ နှင့်။ Judson Bible မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစားကြနှင့်။ |
ထိုအခါ ရှင်ဘုရင်က “သင့်ကို ထာဝရဘုရားကယ်တော်မမူလျှင် သင့်ကို ငါမည်သို့ကယ်ရမည်နည်း။ ကောက်နယ်တလင်းမှလော၊ သို့မဟုတ်လျှင် စပျစ်သီးနယ်ရာကျင်းမှလော”ဟု ပြန်လည်မိန့်ဆို၏။
ထိုအခါ စိတ်အာရုံရသူဟာနနိသည် ယုဒဘုရင်အာသမင်းကြီးထံသွား၍ “သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကို မကိုးစားဘဲ ဆီးရီးယားဘုရင်ကို ကိုးစားသောကြောင့် ဆီးရီးယားဘုရင်၏စစ်တပ်သည် သင့်လက်မှ လွတ်မြောက်သွားပြီ။
ရန်သူ့လက်မှလွတ်ရန် အကျွန်ုပ်တို့ကိုကူညီမစတော်မူပါ။ အကြောင်းမူကား လူပေးသောကယ်တင်ခြင်းသည် အချည်းနှီးဖြစ်ပါ၏။
ရန်သူ့လက်မှလွတ်ရန် အကျွန်ုပ်တို့ကိုကူညီမစတော်မူပါ။ အကြောင်းမူကား လူပေးသောကယ်တင်ခြင်းသည် အချည်းနှီးဖြစ်ပါ၏။
အဆင့်အတန်းနိမ့်သောသူတို့သည် အခိုးအငွေ့သာဖြစ်ကြပြီး အဆင့်အတန်းမြင့်သောသူတို့သည် လိမ်လည်ခြင်းသာဖြစ်ကြ၏။ ချိန်ခွင်၌ချိန်လျှင် သူတို့နှစ်မျိုးပေါင်းသည် အခိုးအငွေ့ထက်ပေါ့၏။
နှာခေါင်းနှင့်အသက်ရှူတတ်သောလူကို မကိုးစားနှင့်။ ထိုသို့သောသူ၌ အဘယ်အားထားစရာရှိသနည်း။
ထိုနေ့ရက်၌ မြဲမြံသောနေရာ၌ စိုက်ထားသောငုတ်သည် ဆွဲနုတ်ခံရမည်။ ခုတ်ဖြတ်လှဲချခံရမည်။ သူ၏ဝန်ထုပ်သည်လည်း ဖယ်ရှားခြင်းခံရမည်’ဟူ၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆိုလော့။
အီဂျစ်ပြည်သားတို့သည် ဘုရားမဟုတ်၊ လူမျှသာဖြစ်၏။ သူတို့၏မြင်းသည်လည်း ဝိညာဉ်မဟုတ်၊ အသွေးအသားမျှသာဖြစ်၏။ ထာဝရဘုရား လက်တော်ကိုဆန့်သောအခါ ကူညီသောသူသည် ခလုတ်တိုက်၍ အကူညီခံရသူသည် လဲကျလိမ့်မည်။ သူတို့အားလုံးသည် အတူတကွပျက်စီးကြလိမ့်မည်။
ဟေရှာယက သူတို့အား “သင်တို့သခင်ကို ဤသို့လျှောက်ထားကြလော့။ ထာဝရဘုရားက ‘ငါ့အား အဆီးရီးယားဘုရင်၏ငယ်သားတို့ စော်ကားပြောဆိုသည့်စကားကို သင်ကြားရသည့်အတွက် မကြောက်နှင့်။