အို ငါ၏စိတ်ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာအရပ်သို့ပြန်လာလော့။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုကျေးဇူးပြုတော်မူပြီ။
ဆာလံ 142:7 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ချီးမွမ်းနိုင်ရန် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို အချုပ်အနှောင်ထဲမှထုတ်ဆောင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို ကျေးဇူးပြုတော်မူမည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံထားကြပါလိမ့်မည်။ Common Language Bible ကျွန်တော်မျိုးအားဆင်းရဲဒုက္ခထဲမှလွတ်မြောက် စေတော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ယင်းသို့ကျေးဇူးပြုတော်မူသောကြောင့် ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ လူစုတော်အလယ်တွင် ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ Garrad Bible နာ မ တော် အား ချီး မွမ်း ခွင့် ရ စေ ရန်၊ အ ကျွန်ုပ် အ သက် ကို အ ချုပ် အ နှောင် အ ထဲ မှ ထုတ် ဆောင် တော် မူ ပါ။ ထို သို့ ကြွယ် ဝ စွာ သ နား တော် မူ သော ကြောင့်၊ ဖြောင့် မတ် သူ တို့ သည် အ ကျွန်ုပ် ကို ခြံ ရံ လျက် နေ ကြ ရ ပါ လိမ့် မည်။ Judson Bible နာမတော်ကို အကျွန်ုပ်ချီးမွမ်းရမည်အကြောင်း၊ အကျွန်ုပ်ကို ထောင်ထဲက နုတ်ဆောင်တော်မူပါ။ ထိုသို့ ကျေးဇူးပြုတော်မူသောအခါ၊ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံလျက်နေရကြပါလိမ့်မည်။ |
အို ငါ၏စိတ်ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာအရပ်သို့ပြန်လာလော့။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုကျေးဇူးပြုတော်မူပြီ။
ကိုယ်တော်၏အစေအပါးသည် အသက်ရှင်၍ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုစောင့်ထိန်းနိုင်ရန် ကျေးဇူးပြုတော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မျှော်လင့်ကိုးစားသည်ဖြစ်၍ ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကိုမြင်သောအခါ ဝမ်းမြောက်ကြပါလိမ့်မည်။
ထာဝရဘုရားသည် အကျွန်ုပ်ကို ကျေးဇူးပြုတော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ သီချင်းဆိုပါမည်။
ငါသည် ထာဝရဘုရားထံသို့ ငါ့အသံကိုလွှင့်၍ အော်ဟစ်၏။ ထာဝရဘုရားထံသို့ ငါ့အသံကိုလွှင့်၍ အသနားခံတောင်းလျှောက်၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်ကိုထောက်၍ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဆင်းရဲဒုက္ခထဲမှ ထုတ်ဆောင်တော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၌ခိုလှုံပါ၏။
နှိပ်စက်ခြင်းခံရသောသူတို့အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေး၍ ဆာလောင်မွတ်သိပ်သောသူတို့အား အစားအစာကိုပေးတော်မူ၏။ ထာဝရဘုရားသည် ချုပ်ထားခြင်းခံရသောသူတို့ကို လွှတ်ပေးတော်မူ၏။
အကျွန်ုပ်ကို ရန်သူ၏လက်သို့အပ်တော်မမူဘဲ အကျွန်ုပ်၏ခြေကို ကျယ်ဝန်းသောအရပ်၌ ရပ်စေတော်မူပြီ။
ငါ၏စိတ်ဝိညာဉ်သည် ထာဝရဘုရား၌ဂုဏ်ယူဝါကြွားမည်။ စိတ်နှိမ့်ချသောသူတို့သည် ကြားသိ၍ဝမ်းမြောက်ကြပါစေသော။
အကျွန်ုပ်သည် ကောင်းမြတ်သောအရာကို လက်ကိုင်ပြုသောကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်သောသူတို့သည် အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲကြပါ၏။
ထိုအခါ အကျွန်ုပ်သည် ဇိအုန်သမီး၏တံခါးဝတို့၌ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ပြောကြား၍ ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင်လန်းနိုင်ပါမည်။
အကျွန်ုပ်၏ရန်သူတို့သည် နောက်ပြန်ဆုတ်သောအခါ ခလုတ်တိုက်၍ ကိုယ်တော်၏ရှေ့တော်၌ ပျက်စီးကြရလိမ့်မည်။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းနှင့်ဆိုင်သောဝေဒနာမှလွတ်မြောက်စေ၍ ထမြောက်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းသည် ထိုအရှင်ကို အစဉ်ချည်နှောင်ထား၍မရနိုင်ချေ။
သည်းခံသောသူတို့သည် မင်္ဂလာရှိ၏ဟု ငါတို့ယူဆကြ၏။ ယောဘ၏သည်းခံခြင်းကို သင်တို့ကြားရကြပြီ။ နောက်ဆုံးတွင် ထာဝရဘုရားပြုတော်မူသောအမှုအားဖြင့် ကိုယ်တော်သည် အလွန်ကြင်နာတတ်၍ ကရုဏာနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်း သင်တို့တွေ့မြင်ရကြ၏။