သို့သော် အို ဘုရားရှင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုမျှော်ကြည့်ပါ၏။ ကိုယ်တော်ကိုခိုလှုံပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ခိုကိုးရာမဲ့ဖြစ်စေတော်မမူပါနှင့်။
သို့ရာတွင် အို ဘုရားရှင်ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို ကိုးစားမြဲကိုးစားပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံပါ၏။ ကျွန်တော်မျိုး၏အသက်ကိုကွယ်ကာတော်မူပါ။
အို အ ရှင် ဘု ရား သ ခင်၊ အ ကျွန်ုပ် သည် ကိုယ် တော် ကို မျှော် ကြည့် လျက် ခို လှုံ ပါ ၏။ အ ကျွန်ုပ် အ သက် ကို ပစ် ထား တော် မ မူ ပါ နှင့်။
အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်မျှော်ကြည့်ပါ၏။ ကိုယ်တော်၌ ခိုလှုံပါ၏။ အကျွန်ုပ်၏အသက်ကို သွန်ပစ်စေတော်မမူပါနှင့်။
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် သူတို့ကို စီရင်တော်မူမည်မဟုတ်လော။ အကျွန်ုပ်တို့ကို တိုက်ခိုက်လာသောဤစစ်တပ်ကြီးကို ရင်ဆိုင်ဖို့ အကျွန်ုပ်တို့၌ အင်အားမရှိပါ။ အကျွန်ုပ်တို့ မည်သို့ပြုရမည်ကို မသိသောကြောင့် ကိုယ်တော်ကိုသာ မျှော်ကြည့်နေကြပါ၏”ဟု ဆုတောင်းလေ၏။
ကိုယ်တော်သည် ခိုကိုးရာမဲ့သောသူတို့၏ ဆုတောင်းချက်ကို ဂရုစိုက်တော်မူ၏။ သူတို့၏ဆုတောင်းချက်ကို မထီမဲ့မြင်ပြုတော်မမူ။
ငါသည် ထာဝရဘုရားကိုခိုလှုံ၏။ သင်တို့သည် ငါ၏စိတ်ဝိညာဉ်အား “ငှက်ကဲ့သို့ သင်၏တောင်ပေါ်သို့ ထွက်ပြေးလော့”ဟု မည်သို့ဆိုနိုင်မည်နည်း။
သားတော်ကိုနမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်သဖြင့် သင်တို့သည် လမ်း၌ပျက်စီးကြရလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်၏အမျက်တော်မီးသည် တစ်ခဏချင်းတွင်တောက်လောင်လိမ့်မည်။ ကိုယ်တော်ကိုခိုလှုံသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။
ဆင်းရဲနွမ်းပါးသောသူတို့သည် ရေကိုရှာကြ၏။ ရေမရှိသောကြောင့် သူတို့သည် ရေငတ်၍ အာခေါင်ခြောက်ကပ်သောအခါ ငါထာဝရဘုရားသည် သူတို့ကိုထူးမည်။ အစ္စရေးလူမျိုး၏ဘုရားသခင် ငါသည် သူတို့ကို စွန့်ပစ်မည်မဟုတ်။
ငါသည် သင်တို့ကို မိဘမဲ့အဖြစ် ပစ်ထားမည်မဟုတ်။ သင်တို့ထံသို့ ငါပြန်လာဦးမည်။