ထာဝရဘုရားသည် ငါ၏အသံ၊ ငါ၏အသနားခံခြင်းကို နားညောင်းတော်မူသောကြောင့် ငါသည် ကိုယ်တော်ကို ချစ်၏။
ဆာလံ 140:6 - မြန်မာ့စံမီသမ္မာကျမ်း “ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏”ဟု ထာဝရဘုရားအား အကျွန်ုပ်လျှောက်ထားပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်အသနားခံသောအသံကို စူးစိုက်နားထောင်တော်မူပါ။ Common Language Bible ``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၏'' ဟုထာဝရဘုရားအား လျှောက်ထား၏။ အို ထာဝရဘုရား ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ကြားတော်မူပါ၏။ Garrad Bible ထာ ဝ ရ ဘု ရား အား ငါ က၊ ကိုယ် တော် သည် အ ကျွန်ုပ်၏ ဘု ရား သ ခင် ပေ တည်း။ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ သ နား တော် ခံ သံ ကို နား ညောင်း တော် မူ ပါ။ Judson Bible ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏ဟု ထာဝရဘုရားအား လျှောက်ထားပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ဆုတောင်းသောစကားကို နားထောင်တော်မူပါ။ |
ထာဝရဘုရားသည် ငါ၏အသံ၊ ငါ၏အသနားခံခြင်းကို နားညောင်းတော်မူသောကြောင့် ငါသည် ကိုယ်တော်ကို ချစ်၏။
ထာဝရဘုရားသည် အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကတိပြုပါ၏။
အို ဘုရားရှင်၊ အကျွန်ုပ်၏အသံကို နားထောင်တော်မူပါ။ အကျွန်ုပ်အသနားခံသောအသံကို နားစွင့်တော်မူပါ။
လက်ယာဘက်သို့ကြည့်၍ သိမြင်တော်မူပါ။ အကျွန်ုပ်ကိုအသိအမှတ်ပြုသူ တစ်စုံတစ်ဦးမျှမရှိပါ။ အကျွန်ုပ်ထွက်ပြေးစရာလမ်းလည်းမရှိပါ။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဂရုစိုက်သူလည်းမရှိပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော့်ထံသို့အော်ဟစ်ပါ၏။ “ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပြီး အသက်ရှင်သောသူတို့၏ပြည်၌ အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏”ဟု အကျွန်ုပ်ပြောဆိုပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကိုနားညောင်း၍ အကျွန်ုပ်၏အသနားခံခြင်းကို စူးစိုက်နားထောင်တော်မူပါ။ ကိုယ်တော်၏သစ္စာတော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့်လည်းကောင်း အကျွန်ုပ်ကိုထူးတော်မူပါ။
ငါသည်ထာဝရဘုရားအား “ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားရှင်ဖြစ်တော်မူ၏။ ကိုယ်တော်မှတစ်ပါး အခြားသောကောင်းကျိုးချမ်းသာ အကျွန်ုပ်၌မရှိပါ”ဟု လျှောက်၏။
သို့သော် အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုယုံကြည်ကိုးစားပါ၏။ “ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏”ဟု အကျွန်ုပ်ဆိုပါ၏။
အို ဘုရားသခင်၊ အကျွန်ုပ်၏စိတ်နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်သည် သီချင်းဆို၍ သီဆိုချီးမွမ်းပါမည်။
အို ဘုရားသခင်၊ အကျွန်ုပ်၏ညည်းတွားသံကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အသက်ကို ရန်သူ၏ကြောက်မက်ဖွယ်ဘေးမှ ကာကွယ်တော်မူပါ။
“ငါ၏ခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါယုံကြည်ကိုးစားသော ငါ၏ဘုရားသခင်”ဟု ထာဝရဘုရားနှင့်ပတ်သက်၍ ငါဆို၏။
ဓားပြတို့သည် သူတို့ကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်သဖြင့် သူတို့၏အိမ်သားများ အော်ဟစ်ကြရပါစေ။ အကြောင်းမူကား သူတို့သည် အကျွန်ုပ်ကိုဖမ်းဆီးရန် တွင်းကိုတူးကြပါပြီ။ ကျော့ကွင်းကိုထောင်ထားကြပါပြီ။
“ထာဝရဘုရားသည် ငါ၏ဝေစုဖြစ်တော်မူ၏”ဟု ငါ့စိတ်ထဲ၌ဆိုလျက် ကိုယ်တော်ကို မျှော်လင့်ကိုးစားပါမည်။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။