အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 135:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​သည် အီဂျစ်​ပြည်​တွင် လူ​မှစ၍​တိရစ္ဆာန်​တိုင်အောင် သားဦး​ရှိသမျှ​တို့​ကို ဒဏ်ခတ်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

အီ​ဂျစ်​ပြည်​တွင်​လူ​နှင့်​တိ​ရစ္ဆာန်​သား​ဦး​ရှိ သ​မျှ​ကို သေ​ဒဏ်​ခတ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

အိ ဂျစ် ပြည် ၌ လူ နှင့် တိ ရ စ္ဆာန် သား ဦး ရှိ သ မျှ ကို ကွပ် မျက် တော် မူ ခဲ့ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အဲ​ဂု​တ္တု​ပြည်၌ လူ​မှ​စ၍ တိ​ရ​စ္ဆာန်​တိုင်​အောင် သား​ဦး​ရှိ​သ​မျှ​တို့​ကို ဒဏ်​ခတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 135:8
7 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် သူ​တို့​၏ ယောက်ျား​အားမာန်​အားလုံး​၏​အသီးဦး​ဖြစ်​သော သူ​တို့​ပြည်​မှ​သားဦး​ရှိသမျှ​တို့​ကို ဆုံးပါး​စေ​တော်မူ​၏​။


အီဂျစ်​လူမျိုး​တို့​၏​သားဦး​များ​ကို ဒဏ်ခတ်​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။


ဟာမ​၏​တဲ​များ​မှ ယောက်ျား​အားမာန်​၏​အသီးဦး​တည်းဟူသော အီဂျစ်​ပြည်​မှ သားဦး​ရှိသမျှ​တို့​ကို ဒဏ်ခတ်​တော်မူ​၏​။


ဤ​ည​တွင် ငါ​သည် အီဂျစ်​ပြည်​ကို​ဖြတ်သွား​၍ အီဂျစ်​ပြည်​၌​ရှိ​သော လူ​မှစ၍ တိရစ္ဆာန်​တိုင်အောင် သားဦး​အပေါင်း​တို့​ကို​ဒဏ်ခတ်​မည်​။ ငါ​သည် အီဂျစ်​ဘုရား​ရှိသမျှ​တို့​ကို​လည်း အပြစ်ဒဏ်​ပေး​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


ဖာရော​မင်းကြီး​သည် ငါ​တို့​ကို လွှတ်ပေး​ရန် ငြင်းဆန်​သောအခါ ထာဝရဘုရား​သည် လူ​တို့​၏​သားဦး​မှစ၍ တိရစ္ဆာန်​တို့​၏​သားဦး​တိုင်အောင် အီဂျစ်​ပြည်​၌​ရှိ​သော​သားဦး​အားလုံး​ကို ကွပ်မျက်​တော်မူ​၏​။ ထို့ကြောင့် သားအိမ်​မှ​အဦးဆုံး​ထွက်လာ​သော​အထီး​ရှိသမျှ​တို့​ကို ငါ​တို့​သည် ထာဝရဘုရား​အား​ယဇ်ပူဇော်​ရ​၏​။ ငါ​တို့​၏​သားယောက်ျား​များ​ထဲမှ သားဦး​ရှိသမျှ​တို့​ကို ပြန်ရွေး​ရ​၏​’​ဟု သူ​တို့​အား ပြန်ပြော​ရ​မည်​။


ဘုရားသခင်​က ‘သူ​တို့​ကျွန်ခံ​ရ​သော​လူမျိုး​ကို ငါ​စီရင်​မည်။ ထို့နောက် သူ​တို့​သည် ထွက်ခွာ​လာ​၍ ဤ​နေရာ​၌ ငါ့​ကို​ဝတ်ပြု​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏။