သို့သော် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းသော၊ ငါရွေးချယ်သော ငါ့အစေအပါး ဒါဝိဒ်မင်းကြီးကိုထောက်ထား၍ သူ့လက်မှ နိုင်ငံတော်တစ်ခုလုံးကို မရုပ်သိမ်း။ သူအသက်ရှင်သမျှကာလပတ်လုံး သူ့ကိုအုပ်စိုးစေမည်။
ဆာလံ 132:10 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏အစေအပါးဒါဝိဒ်၏မျက်နှာကိုထောက်၍ ကိုယ်တော်ဘိသိက်ပေးထားသောသူကို ငြင်းပယ်တော်မမူပါနှင့်။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်၏အစေခံဒါဝိဒ်အားပေးတော်မူသည့် ကတိတော်ကိုထောက်၍ ကိုယ်တော်ရွေးချယ်တော်မူသည့်ဘုရင်ကို ပစ်ပယ်တော်မမူပါနှင့်။ Garrad Bible ကျွန် တော် ရင်း ဒါ ဝိဒ် ကို ထောက်၍၊ ဘိ သိက် တော် ခံ မင်း ကို ပယ် တော် မ မူ ပါ နှင့် ဟု ဖွဲ့ ဆို ကြ သ တည်း။ Judson Bible ကိုယ်တော်၏ကျွန် ဒါဝိဒ်မင်း၏မျက်နှာကို ထောက်သဖြင့်၊ ကိုယ်တော်ထံ၌ ဘိသိက်ခံသောသူကို ငြင်းပယ်တော်မမူပါနှင့်။ |
သို့သော် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းသော၊ ငါရွေးချယ်သော ငါ့အစေအပါး ဒါဝိဒ်မင်းကြီးကိုထောက်ထား၍ သူ့လက်မှ နိုင်ငံတော်တစ်ခုလုံးကို မရုပ်သိမ်း။ သူအသက်ရှင်သမျှကာလပတ်လုံး သူ့ကိုအုပ်စိုးစေမည်။
အကြောင်းမူကား ငါသည် ငါ့အတွက်၊ ငါ့အစေအပါးဒါဝိဒ်မင်းကြီးအတွက် ဤမြို့ကို ကာကွယ်မည်၊ ကယ်တင်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုစေ၏။
သို့သော် ထာဝရဘုရားသည် မိမိ၏အစေအပါးဒါဝိဒ်မင်းကြီးကိုထောက်၍ သူနှင့် သူ့သားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိထားသည်နှင့်အညီ ယုဒပြည်ကို ဖျက်ဆီးရန် အလိုတော်မရှိပေ။
အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ဘိသိက်ပေးတော်မူသောသူကို မျက်နှာလွှဲတော်မမူပါနှင့်။ ကိုယ်တော်၏အစေအပါးဒါဝိဒ်မင်းကြီးအပေါ်ထားသော ကိုယ်တော်၏မေတ္တာကရုဏာတော်ကို အောက်မေ့တော်မူပါ”ဟု တောင်းလျှောက်လေ၏။
ကိုယ်တော်သည် ရှင်ဘုရင်တို့အား အောင်ပွဲကိုပေးတော်မူ၏။ ကိုယ်တော်၏အစေအပါးဒါဝိဒ်ကိုလည်း ဆိုးဝါးသောဓားဘေးမှလွတ်မြောက်စေတော်မူ၏။
အကယ်စင်စစ် ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌ တစ်ရက်နေရခြင်းသည် အခြားသောအရပ်၌ ရက်တစ်ထောင်နေရခြင်းထက် ပို၍ကောင်းပါ၏။ ဆိုးယုတ်သောသူ၏တဲတွင်နေရခြင်းထက် အကျွန်ုပ်ဘုရားသခင်၏အိမ်တော်၌ တံခါးစောင့်ဖြစ်ရခြင်းကို အကျွန်ုပ်ပို၍နှစ်သက်ပါ၏။
အို ဘုရားသခင်၊ အကျွန်ုပ်တို့၏ဒိုင်းလွှားကိုကြည့်ရှုတော်မူပါ။ ကိုယ်တော်ဘိသိက်ပေးထားသောသူ၏မျက်နှာကို စေ့စေ့ကြည့်တော်မူပါ။
ထို့နောက်မှ အစ္စရေးအမျိုးသားတို့သည် ပြန်လာ၍ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကို ရှာကြလိမ့်မည်။ နောက်ဆုံးသောနေ့တွင် ထာဝရဘုရားထံမှ ကောင်းချီးခံစားရမည့်အကြောင်း ထာဝရဘုရားထံ ကြောက်ရွံ့ရိုသေစွာ ပြန်လာကြလိမ့်မည်။