ဆာလံ 132:9 - မြန်မာ့စံမီသမ္မာကျမ်း9 ကိုယ်တော်၏ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ်ခြင်းကိုဝတ်ဆင်ရကြပါစေသော။ ကိုယ်တော်၏သန့်ရှင်းသူတို့သည်လည်း ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။ အခန်းကိုကြည့်ပါ။Common Language Bible9 ကိုယ်တော်ရှင်၏ယဇ်ပုရောဟိတ်တို့သည် မှန်ကန်ရာကို အမြဲပြုကျင့်နိုင်ကြပါစေသော။ ကိုယ်တော်ရှင်၏လူစုတော်သည်ဝမ်းမြောက် ရွှင်လန်းစွာကြွေးကြော်ကြပါစေသော။ အခန်းကိုကြည့်ပါ။Garrad Bible9 ကိုယ် တော်၏ ပ ရော ဟိတ် တို့ သည်၊ ဖြောင့် မတ် ခြင်း ကို ဆင် ယင်၍၊ ကြည် ညို သူ တို့ သည် ကြွေး ကြော် ကြ ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible9 ကိုယ်တော်၏ ယဇ်ပုရောဟိတ်တို့သည် ဖြောင့်မတ်ခြင်းတန်ဆာကိုဆင်၍၊ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။ အခန်းကိုကြည့်ပါ။ |
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်နှင့် ကိုယ်တော်၏အစွမ်းတန်ခိုးတည်ရာသေတ္တာတော်နှင့်အတူ စံတော်မူရာနေရာသို့ ကြွတော်မူပါ။ အို ဘုရားသခင်ထာဝရဘုရား၊ ယဇ်ပုရောဟိတ်တို့သည် ကယ်တင်ခြင်းတန်ဆာကိုဝတ်ဆင်၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည်လည်း ကိုယ်တော်၏ကောင်းမြတ်ခြင်း၌ ဝမ်းမြောက်ကြပါစေသော။