ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
ဆာလံ 119:157 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့နှင့် အကျွန်ုပ်၏ရန်သူတို့သည် များပြားလှပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံတော်မူချက်တို့မှ သွေဖည်မသွားပါ။ Common Language Bible ကွန်တော်မျိုးအားရန်ဘက်ပြုသူနှင့်ဖိနှိပ်ညှဉ်းဆဲသူ အမားပင်ရှိပါ၏။ သို့ရာတွင်ကွန်တော်မျိုးသည်ပညတ်တော်တို့ကို လိုက်နာရန်မပက်ကွက်ပါ။ Garrad Bible ညှဉ်း ပန်း သူ နှင့် ရန် ဘက် ပြု သူ တို့ များ လှ သော် လည်း၊ သက် သေ ခံ တော် မူ ချက် များ မှ ကျွန်ုပ် မ လွှဲ မ တိမ်း ပါ။ Judson Bible အကျွန်ုပ်ကို ညှဉ်းဆဲသောသူနှင့် ရန်ဘက်ပြုသောသူတို့သည် များကြပါ၏။ သို့သော်လည်း၊ အကျွန်ုပ်သည် သက်သေခံတော်မူချက်တို့မှ လွှဲ၍မသွားပါ။ |
ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
ငါသည် ခြေတော်ရာအတိုင်း ထက်ကြပ်မကွာလိုက်ပါ၏။ လမ်းတော်ကိုမလွှဲမရှောင်ဘဲ လိုက်လျှောက်ပါ၏။
ဆိုးယုတ်သောသူတို့သည် အကျွန်ုပ်အတွက် ကျော့ကွင်းထောင်ထားကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသများမှ လမ်းလွဲမသွားပါ။
မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုလွန်စွာပြက်ရယ်ပြုကြသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်မှ သွေဖည်မသွားပါ။
များစွာသောနွားထီးတို့သည် အကျွန်ုပ်ကိုဝိုင်းထားကြပြီး ဗာရှန်နွားလားတို့သည် အကျွန်ုပ်ကိုဝိုင်းရံထားကြပါ၏။
အမှန်စင်စစ် ခွေးများသည် အကျွန်ုပ်ကိုဝိုင်းထားကြပြီး ဆိုးညစ်သောအမှုကိုပြုသောလူတစ်စုသည် အကျွန်ုပ်ကိုဝိုင်းရံထားကြပါ၏။ သူတို့သည် အကျွန်ုပ်၏ခြေနှင့်အကျွန်ုပ်၏လက်ကို ထိုးဖောက်ကြပါ၏။
အကျွန်ုပ်၏ရန်သူတို့သည် မည်မျှများပြားကြသည်ကိုလည်းကောင်း၊ အကျွန်ုပ်ကို မည်မျှရက်စက်ကြမ်းကြုတ်သော မုန်းတီးမှုဖြင့် မုန်းတီးကြသည်ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။
ဤအရာအားလုံး အကျွန်ုပ်တို့အပေါ်ကျရောက်ခဲ့သော်လည်း အကျွန်ုပ်တို့သည် ကိုယ်တော်ကိုမမေ့လျော့ခဲ့ပါ။ ကိုယ်တော်၏ပဋိညာဉ်တော်ကိုလည်း မဖောက်ဖျက်ခဲ့ပါ။
အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်ကို တစ်နေ့လုံးနင်းချေကြပါ၏။ အမှန်စင်စစ် များစွာသောသူတို့သည် ထောင်လွှားသောစိတ်ဖြင့် အကျွန်ုပ်ကိုတိုက်ခိုက်ကြပါ၏။
အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသောသူအပေါင်းတို့၏လက်မှ အကျွန်ုပ်ကိုကယ်တင်၍ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။
သူသည် အားမလျော့၊ စိတ်မပျက်ဘဲ မြေကြီးပေါ်တွင် တရားမျှတမှုကို တည်စေမည်။ ကမ်းရိုးတန်းဒေသများသည် သူ၏တရားတော်ကို မျှော်လင့်စောင့်စားကြလိမ့်မည်။
ထို့နောက် လူတို့သည် သင်တို့ကိုနှိပ်စက်ရန် အပ်နှံ၍ သင်တို့ကို သတ်ဖြတ်ကြလိမ့်မည်။ သင်တို့သည် ငါ့နာမကြောင့် လူမျိုးတကာတို့၏မုန်းတီးခြင်းကို ခံရကြလိမ့်မည်။
ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒသည် ရောက်လာ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးများက စေလွှတ်လိုက်သည့် များစွာသောလူအစုအဝေးတို့သည်လည်း တုတ်၊ ဓားများကိုင်ဆောင်လျက် သူနှင့်အတူပါလာ၏။
အမှန်ပင် ဟေရုဒ်နှင့်ပုန္တိပိလတ်တို့သည် လူမျိုးခြားမှစ၍ အစ္စရေးလူမျိုးတို့နှင့်ပေါင်းဖော်ပြီး ကိုယ်တော်ဘိသိက်ပေးတော်မူသည့် ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှုကို ဆန့်ကျင်လျက် ဤမြို့တွင်စုဝေးကြကာ
ထို့ကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သခင်ဘုရား၌ သင်တို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးမဖြစ်ကြောင်းသိမှတ်၍ ခိုင်မြဲစွာရပ်တည်လျက် ဖောက်ပြန်ရွေ့လျောခြင်းမရှိဘဲ သခင်ဘုရား၏အမှုတော်ကို အစဉ်အမြဲ စွမ်းစွမ်းတမံဆောင်ရွက်ကြလော့။