ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အဆုံးတိုင်အောင် အစဉ်အမြဲလိုက်နာရန် အကျွန်ုပ်၏စိတ်နှလုံးကိုပြင်ဆင်ထားပါ၏။
ကွန်တော်မျိုးသည်သေသည့်တိုင်အောင် ပညတ်တော်တို့ကိုစောင့်ထိန်းရန်သန္နိဋ္ဌာန် ပြုပါပြီ။
အ ထုံး အ ဖွဲ့ တော် များ ကို အ ဆုံး တိုင် အောင် အ မြဲ ဆောင် ရွက် ရန်၊ စိတ် နှ လုံး ကို ညွှတ် စေ ပါ၏။
အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှာ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏။
ဘိုးဘေးတို့အား မိန့်မှာထားခဲ့သည့် ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို လိုက်နာစောင့်ထိန်း၍ ကိုယ်တော်၏လမ်းရှိသမျှအတိုင်း လိုက်လျှောက်နိုင်မည့်အကြောင်း အကျွန်ုပ်တို့၏စိတ်နှလုံးကို ကိုယ်တော့်ထံသို့ တိမ်းညွတ်စေတော်မူပါ။
သို့သော် မင်းကြီး၌ ကောင်းသောအရာ ရှိ၏။ မင်းကြီးသည် တိုင်းပြည်တွင်ရှိသော အာရှရနတ်ဘုရားမတံခွန်တိုင်တို့ကို ဖယ်ရှားပြီး ဘုရားသခင်ကိုရှာလိုသောစိတ်ရှိလေပြီ”ဟု သူ့အား ဆို၏။
ဧဇရသည် ထာဝရဘုရား၏ပညတ်တရားတော်များကို လေ့လာဆည်းပူးရန်၊ လိုက်နာကျင့်သုံးရန်နှင့် အစ္စရေးလူမျိုးတို့အားပြဋ္ဌာန်းချက်နှင့် စီရင်ထုံးဖွဲ့ချက်တို့ကို သင်ကြားပြသပေးရန် ဆုံးဖြတ်ချက်ချထားသောသူဖြစ်၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏ပြဋ္ဌာန်းချက်လမ်းကို အကျွန်ုပ်အား သွန်သင်ပြသတော်မူပါ။ အကျွန်ုပ်သည် ၎င်းကို အဆုံးတိုင်အောင် လိုက်နာကျင့်သုံးပါမည်။
အကျွန်ုပ်၏စိတ်နှလုံးကို မတရားသောအကျိုးစီးပွားဘက်သို့မဟုတ်ဘဲ ကိုယ်တော်၏သက်သေခံချက်များဘက်သို့ တိမ်းညွတ်စေတော်မူပါ။
အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို ကာလအစဉ်အဆက် အမြဲမပြတ်စောင့်ထိန်းပါမည်။
အပြစ်ဒုစရိုက်ပြုသောသူတို့နှင့်အတူ ဆိုးယုတ်သောအမှုတို့ကိုပြုစေရန် အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းမှုဘက်သို့တိမ်းညွတ်စေတော်မမူပါနှင့်။ ထိုသူတို့၏စားကောင်းသောက်ဖွယ်များကိုလည်း အကျွန်ုပ်မစားရပါစေနှင့်။
အကယ်စင်စစ် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို ငါမျက်မှောက်ပြုပါ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့မှ ငါလွှဲရှောင်မသွားပါ။
ဉာဏ်ပညာကို အာရုံစိုက်နားထောင်လျက် ထိုးထွင်းဉာဏ်ဘက်သို့ သင်၏စိတ်နှလုံးကို တိမ်းညွတ်စေလျှင်လည်းကောင်း၊
အကြောင်းမူကား စေတနာတော်အတိုင်း ဆန္ဒရှိကြစေရန်နှင့် လုပ်ဆောင်ကြစေရန် သင်တို့အထဲ၌လုပ်ဆောင်တော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
ယောရှုကလည်း “သို့ဖြစ်လျှင် သင်တို့တွင်ရှိသော တိုင်းတစ်ပါးသားတို့၏ဘုရားများကို ဖယ်ရှားပြီး သင်တို့၏စိတ်နှလုံးကို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရားထံ တိမ်းညွတ်ကြလော့”ဟု ဆို၏။
သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးကို အသင့်ပြင်ဆင်ထားလျက် သမ္မာသတိရှိကြလော့။ ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအခါ သင်တို့ထံသို့ သက်ရောက်လာမည့်ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။
သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။