ဆာလံ 119:11 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကိုမပြစ်မှားမိစေရန် ကိုယ်တော်၏မိန့်တော်မူချက်ကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိုမှီးထားပါပြီ။ Common Language Bible ကိုယ်တော်ရှင်အားမပြစ်မှားစေရန် ကွန်တော်မျိုးသည်မိမိ၏စိတ်နှလုံးထဲတွင် ကိုယ်တော်ရှင်၏တရားတော်ကိုသိုထားပါ၏။ Garrad Bible ကိုယ် တော် ကို မ ပြစ် မှား မိ စေ ရန်၊ ဗျာ ဒိတ် တော် ကို နှ လုံး တွင် သို ထား ပါ ပြီ။ Judson Bible ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။ |
ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍ ထိုတရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။
အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို အလွန်မြတ်နိုးပါ၏။ ထိုတရားတော်သည် တစ်နေ့လုံး အကျွန်ုပ်ဆင်ခြင်အောက်မေ့စရာဖြစ်ပါ၏။
ကိုယ်တော်၏အစေအပါးကို တမင်ကျူးလွန်သောအပြစ်များနှင့်လည်း ကင်းဝေးစေတော်မူပါ။ ထိုအပြစ်များသည် အကျွန်ုပ်ကိုမစိုးမိုးပါစေနှင့်။ သို့မှသာ အကျွန်ုပ်သည် အပြစ်ကင်း၍ ကြီးမားသောအပြစ်ကျူးလွန်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
သူ့ဘုရားသခင်၏တရားတော်သည် သူ့စိတ်နှလုံးထဲ၌ရှိသည်ဖြစ်၍ သူသည် ခြေချော်ခြင်းရှိမည်မဟုတ်။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုတော်ဆောင်ရွက်ရသည်ကို အကျွန်ုပ်နှစ်သက်ပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း အကျွန်ုပ်၏စိတ်နှလုံးထဲ၌ရှိပါ၏”ဟု လျှောက်၏။
ငါ့သား၊ သင်သည် ငါ့စကားတို့ကိုခံယူ၍ ငါ၏ပညတ်ချက်တို့ကို သင့်အထဲ၌သိုမှီးထားကာ
ဖြောင့်မတ်ခြင်းကိုသိ၍ ငါ၏ပညတ်တရားကို နှလုံးသွင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ လူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို မကြောက်ကြနှင့်။ သူတို့၏ကဲ့ရဲ့စော်ကားခြင်းကို မလန့်ကြနှင့်။
ကိုယ်တော်၏နှုတ်ကပတ်တော်ကို တွေ့ရှိပါပြီ၊ မှီဝဲပါပြီ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေပါ၏။ အို ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူဖြစ်ပါ၏။
မာရိမူကား ဤအခြင်းအရာအလုံးစုံတို့ကို မိမိစိတ်နှလုံးထဲ၌မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက်နေ၏။
ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူပြန်သွား၍ နာဇရက်မြို့သို့ရောက်သောအခါ သူတို့ကိုနာခံလျက်နေတော်မူ၏။ မယ်တော်မူကား ဤအကြောင်းအရာအလုံးစုံတို့ကို မိမိစိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။
ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။