ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့အား အလင်းကိုလည်း ပေးတော်မူ၏။ ပွဲတော်ပူဇော်သက္ကာကို ယဇ်ပလ္လင်၏ဦးချို၌ ကြိုးနှင့်ချည်ထားကြလော့။
ထာဝရဘုရားသည်ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါတို့အားကျေးဇူးပြုတော်မူပြီ။ သင်တို့သည်သစ်ခက်များကိုင်၍၊ ပွဲသဘင်ကိုအစပြုကာယဇ်ပလ္လင်ကိုလှည့်၍ ချီတက်ကြလော့။
ယေ ဟော ဝါ သည် ဘု ရား ဖြစ် ၍၊ ငါ တို့ အား အ လင်း ကို သ နား တော် မူ ပြီ။ ယဇ် ကောင် ကို ပူ ဇော် ရာ ပ လ္လင် တော် စိန် တောင် ၌ ကြိုး များ နှင့် ချည် ထား ကြ လော့။
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်၍၊ ငါတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၏။ ယဇ်တင်ရန် အကောင်ကို ယဇ်ပလ္လင်ဦးချို၌ ကြိုးနှင့် ချည်ကြလော့။
ဧလိယသည် လူအပေါင်းတို့ထံသို့သွားပြီး “သင်တို့သည် ခံယူချက်နှစ်ခုကြား မည်မျှကြာအောင် ဇဝေဇဝါဖြစ်နေမည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထာဝရဘုရားနောက်သို့လိုက်လော့။ ဗာလသည် ဘုရားသခင်မှန်လျှင် သူ့နောက်လိုက်လော့”ဟု ဆို၏။ လူတို့သည် တစ်ခွန်းမျှ မတုံ့ပြန်ကြ။
လူအပေါင်းတို့သည် ထိုအဖြစ်ကိုမြင်သောအခါ ပျပ်ဝပ်လျက် “ထာဝရဘုရားသည် ဘုရားသခင်အမှန်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဘုရားသခင်အမှန်ဖြစ်တော်မူ၏”ဟု ကြွေးကြော်လေ၏။
ထာဝရဘုရားထံ ယဇ်များကိုပူဇော်ပြီး နောက်တစ်နေ့တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် နွားထီးအကောင်တစ်ထောင်၊ သိုးထီးအကောင်တစ်ထောင်၊ သိုးသငယ်အကောင်တစ်ထောင်နှင့် သွန်းလောင်းရာပူဇော်သက္ကာများကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် ယဇ်များကို အမြောက်အမြား ပူဇော်ကြ၏။
ဂျူးလူမျိုးတို့အဖို့ ထွန်းလင်းတောက်ပခြင်း၊ ဝမ်းမြောက်ရွှင်မြူးခြင်း၊ ဂုဏ်ကျက်သရေရှိခြင်း ဖြစ်လေ၏။
ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။
ကိုယ်တော်သည် သင်၏ဖြောင့်မတ်ခြင်းကို အလင်းကဲ့သို့လည်းကောင်း၊ သင်၏တရားမျှတခြင်းကို မွန်းတည့်နေကဲ့သို့လည်းကောင်း ထွန်းလင်းစေတော်မူလိမ့်မည်။
ယဇ်ပလ္လင်၏ထောင့်လေးထောင့်၌ ချိုများကိုလုပ်၍ ထိုချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်ရမည်။ ယဇ်ပလ္လင်ကို ကြေးနီဖြင့်မွမ်းမံရမည်။
ယဇ်ပလ္လင်၏ထောင့်လေးထောင့်၌ ချိုများကိုလုပ်၍ ထိုချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်၏။ ယဇ်ပလ္လင်ကို ကြေးနီဖြင့်မွမ်းမံ၏။
ထလော့။ လင်းလော့။ သင်၏အလင်းသည်ရောက်လာပြီ။ ထာဝရဘုရား၏ဘုန်းအသရေတော်သည် သင်၌ ပေါ်ထွန်းလေပြီ။
အမှောင်ထဲ၌ လျှောက်လှမ်းသောလူတို့သည် ကြီးမားသောအလင်းကိုမြင်ရပြီ။ သေမင်းအရိပ်လွှမ်းမိုးသောပြည်၌နေထိုင်သောသူတို့တွင် အလင်းထွန်းလင်းပြီ။
ငါသည် ထာဝရဘုရားကိုပြစ်မှားမိပြီဖြစ်၍ ငါ့အမှုကို ဖြေရှင်းပေးပြီး ငါ့ကို တရားသဖြင့် စီရင်သည်အထိ အမျက်တော်ကို ငါခံရမည်။ ထို့နောက် ကိုယ်တော်သည် ငါ့ကို အလင်းထဲသို့ ခေါ်ဆောင်လာမည်ဖြစ်၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ငါဖူးမြင်ရလိမ့်မည်။
“ငါ၏နာမတော်ကို ကြောက်ရွံ့ရိုသေသော သင်တို့အဖို့ ဖြောင့်မတ်ခြင်းနေမင်းသည် ကုသခြင်းတောင်ပံနှင့်တကွ ပေါ်ထွန်းလာလိမ့်မည်။ သင်တို့သည်လည်း တင်းကုပ်မှ နွားသငယ်ကဲ့သို့ ခုန်ပေါက်လျက် ထွက်လာမည်။
တစ်ဖန် ယေရှုသည် လူတို့အားမြွက်ဆိုတော်မူ၍“ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မည်သည့်အခါမျှ မှောင်မိုက်၌သွားလာခြင်းမရှိဘဲ အသက်၏အလင်းကိုရရှိမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါတို့သည် နာမတော်ကိုဝန်ခံသောနှုတ်၏အသီးအပွင့်တည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်အားဖြင့် ဘုရားသခင်အား အစဉ်မပြတ်ပူဇော်ကြကုန်စို့။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။