သို့ရာတွင် ထာဝရဘုရား၏မေတ္တာကရုဏာတော်သည် ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အပေါ်၌ ထာဝရကာလမှထာဝရကာလတိုင်အောင်တည်၏။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည်လည်း သူတို့၏သားမြေးစဉ်ဆက်အပေါ်၌လည်းကောင်း၊
ဆာလံ 111:3 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏လုပ်ဆောင်တော်မူချက်သည် ဘုန်းကျက်သရေနှင့်ဘုန်းအာနုဘော်ဖြင့် ပြည့်စုံတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည်လည်း ထာဝရတည်၏။ Common Language Bible ကိုယ်တော်ပြုသမျှသောအမှုတော်တို့သည် ဂုဏ်အသရေနှင့်ပြည့်စုံပါပေသည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားသည် ထာဝစဉ်တည်ပါ၏။ Garrad Bible အ မှု တော် သည်၊ ဘုန်း အာ နု ဘော် နှင့် ပြည့် စုံ၍၊ ဖြောင့် မတ် တော် မူ ခြင်း လည်း၊ ကာ လ အ စဉ် တည်၏။ Judson Bible စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ်တော်မူခြင်းတရားလည်း အစဉ်အမြဲတည်၏။ |
သို့ရာတွင် ထာဝရဘုရား၏မေတ္တာကရုဏာတော်သည် ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အပေါ်၌ ထာဝရကာလမှထာဝရကာလတိုင်အောင်တည်၏။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည်လည်း သူတို့၏သားမြေးစဉ်ဆက်အပေါ်၌လည်းကောင်း၊
သူ၏အိမ်၌ စည်းစိမ်ဥစ္စာရှိ၏။ သူ၏ဖြောင့်မတ်ခြင်းသည်လည်း ထာဝရတည်လိမ့်မည်။
သူသည်စွန့်ကြဲ၍ နွမ်းပါးသောသူတို့အား ပေးကမ်း၏။ သူ၏ဖြောင့်မတ်ခြင်းသည် ထာဝရတည်၏။ သူ၏ဦးချိုသည် ဘုန်းအသရေရှိစွာ ချီးမြှောက်ခြင်းကိုခံရလိမ့်မည်။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် ထာဝရဖြောင့်မတ်ခြင်းဖြစ်ပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း မှန်ကန်ပါ၏။
ကိုယ်တော်၏သက်သေခံချက်တို့သည် အစဉ်အမြဲဖြောင့်မတ်ကြပါ၏။ အကျွန်ုပ်အသက်ရှင်နိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။
ထာဝရဘုရားသည် မိမိ၏လမ်းတော်ရှိသမျှတို့၌ ဖြောင့်မတ်၍ မိမိပြုတော်မူသောအမှုရှိသမျှတို့၌ သစ္စာရှိတော်မူ၏။
ကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကိုပြောကြား၍ မိုးမျက်နှာကြက်သည် ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာကိုဖော်ပြ၏။
အို ထာဝရဘုရား၊ ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းကြောင့် ဘုန်းကြီးတော်မူသော၊ ဘုန်းအသရေကြောင့် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော၊ အံ့ဖွယ်သောအမှုကိုပြုတော်မူသော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။
အကြောင်းမူကား ပိုးကောင်တို့သည် အဝတ်ကိုကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားမည်။ ပိုးရွတို့သည် သိုးမွေးကိုကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားမည်။ ငါ၏ဖြောင့်မတ်ခြင်းမူကား အစဉ်အမြဲတည်မည်။ ငါ၏ကယ်တင်ခြင်းသည် မျိုးဆက်အဆက်ဆက် တည်မည်။
အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။
ဤသည်ကား ငါတို့၏သခင်ခရစ်တော်ယေရှု၌ ပြီးပြည့်စုံသောထာဝရအကြံအစည်တော်နှင့်အညီ အထက်ကောင်းကင်အရပ်၌ရှိသော အာဏာစက်များနှင့်အုပ်ချုပ်မှုများအား ယခုအခါတွင် အသင်းတော်အားဖြင့် ဘုရားသခင်၏အမျိုးမျိုးအဖုံဖုံသောဉာဏ်ပညာတော်ကို သိစေရန်ဖြစ်၏။