အို ယောဘ၊ နားထောင်ပါလော့။ ငြိမ်ဝပ်စွာနေ၍ ဘုရားသခင်ပြုသောအံ့ဖွယ်အမှုတို့ကို ဆင်ခြင်ကြည့်ပါလော့။
ဆာလံ 111:2 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားပြုတော်မူသောအမှုတို့သည် ကြီးမြတ်လှပေ၏။ ထိုအမှုတို့ကို နှစ်သက်သောသူအပေါင်းတို့သည် ၎င်းတို့ကို ရှာဖွေလေ့လာကြ၏။ Common Language Bible ထာဝရဘုရားပြုတော်မူသောအမှုအရာ တို့သည် အံ့သြဖွယ်ကောင်းလှပါသည်တကား။ ထိုအမှုအရာများကိုနှစ်သက်သူအပေါင်း တို့သည် ယင်းတို့ကိုလေ့လာတတ်ကြ၏။ Garrad Bible ထာ ဝ ရ ဘု ရား၏ အ မှု တော် များ သည် ကြီး မြတ်၍၊ နှစ် သက် သူ တို့ စီ စစ် လိုက် ရှာ ရန် ဖြစ်၏။ Judson Bible ထာဝရဘုရား၏အမှုတော်တို့သည် ကြီးမြတ်ကြ၏။ ကြည်ညိုသောသူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။ |
အို ယောဘ၊ နားထောင်ပါလော့။ ငြိမ်ဝပ်စွာနေ၍ ဘုရားသခင်ပြုသောအံ့ဖွယ်အမှုတို့ကို ဆင်ခြင်ကြည့်ပါလော့။
ကိုယ်တော်သည် မိမိပြုတော်မူသောအမှုကို လူအပေါင်းတို့သိမည့်အကြောင်း လူတို့လုပ်သောအလုပ်ကို ရပ်စဲစေတော်မူ၏။
ကိုယ်တော်သည် ကြီးမြတ်သောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ မရေတွက်နိုင်သောအံ့ဖွယ်အမှုတို့ကို ပြုတော်မူ၏။
စူးစမ်း၍မကုန်နိုင်သည့် ကြီးမြတ်သောအမှုများ၊ ရေတွက်၍မကုန်နိုင်သည့် အံ့ဖွယ်သောအမှုများကို ပြုတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အလွန်များပြားလှပါ၏။ ကိုယ်တော်သည် ထိုအရာအားလုံးကို ဉာဏ်ပညာအားဖြင့် ဖန်ဆင်းတော်မူ၏။ ကမ္ဘာမြေကြီးသည် ကိုယ်တော်ဖန်ဆင်းသော အရာများဖြင့် ပြည့်နှက်လျက်ရှိပါ၏။
ငါ၏ဆင်ခြင်တွေးတောမှုသည် ကိုယ်တော်အတွက် နှစ်သက်ဖွယ်ဖြစ်ပါစေသော။ ငါသည် ထာဝရဘုရား၌ဝမ်းမြောက်မည်။
မည်သူသည် ပညာရှိဖြစ်သနည်း။ ထိုသူသည် ဤအမှုအရာတို့ကိုမှတ်သားဆင်ခြင်၍ ထာဝရဘုရား၏မေတ္တာကရုဏာတော်ကို နားလည်ပါစေ။
ဖြောင့်မတ်သောသူတို့၏တဲများ၌ ရွှင်လန်းစွာကြွေးကြော်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏။ ထာဝရဘုရား၏လက်ယာလက်တော်သည် တန်ခိုးကြီးသောအမှုကိုပြုတော်မူ၏။
အကျွန်ုပ်ကို ကြောက်ရွံ့အံ့ဩဖွယ်ကောင်းသော လက္ခဏာတို့ဖြင့် ဖန်ဆင်းတော်မူသည်ဖြစ်၍ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကောင်းစွာသိပါ၏။
အကျွန်ုပ်သည် လွန်ခဲ့သောနေ့ရက်များကို သတိရလျက် ကိုယ်တော်၏လုပ်ဆောင်တော်မူချက်ရှိသမျှတို့ကို ဆင်ခြင်အောက်မေ့ပါ၏။ ကိုယ်တော်၏လက်တော်ဖြင့်ပြုလုပ်သောအရာများကို အကျွန်ုပ်တွေးတောဆင်ခြင်ပါ၏။
မိုက်မဲသောသူသည် ဉာဏ်မရှိဘဲလျက် ဉာဏ်ပညာကိုဝယ်ယူရန် လက်ထဲ၌ငွေကိုင်ထားသည်မှာ အဘယ်ကြောင့်နည်း။
ထိုနည်းတူ ဉာဏ်ပညာသည် သင်၏စိတ်ဝိညာဉ်အတွက် ချိုမြိန်ကြောင်းသိမှတ်လော့။ ဉာဏ်ပညာကို သင်တွေ့ရှိပါက သင့်အတွက် အနာဂတ်ရှိလိမ့်မည်။ သင်၏မျှော်လင့်ခြင်းသည်လည်း ဖျက်ဆီးခြင်း ခံရလိမ့်မည်မဟုတ်။
ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သူ့အချိန်နှင့်သူလှပအောင်ပြင်ဆင်တော်မူပြီး လူ၏စိတ်နှလုံးထဲ၌ ထာဝရကာလကိုလည်း ထည့်သွင်းထားတော်မူ၏။ သို့သော် အစမှအဆုံးအထိဘုရားသခင်ပြုတော်မူသောအမှုကို လူသည် ရှာဖွေ၍မတွေ့နိုင်။
ရေကို လက်ခုပ်ဖြင့် ခြင်တွယ်သောသူ၊ ကောင်းကင်ကို လက်ဖြင့်တိုင်းထွာသောသူ၊ မြေမှုန့်ကို ခြင်တောင်းဖြင့်ချင့်သောသူ၊ တောင်ကြီးကို ကတ္တားဖြင့်လည်းကောင်း၊ တောင်ငယ်ကို ချိန်ခွင်ဖြင့်လည်းကောင်း ချိန်တွယ်သောသူကား မည်သူနည်း။
ကိုယ်တော်ပြုတော်မူသောနိမိတ်လက္ခဏာသည် ကြီးမားလှပါ၏။ အံ့ဖွယ်သောအမှုတို့သည်လည်း တန်ခိုးပါရှိ၏။ နိုင်ငံတော်သည် ထာဝရတည်သောနိုင်ငံ ဖြစ်၏။ အာဏာစက်သည် ကာလအစဉ်အဆက် တည်တော်မူ၏။
ထိုမှတစ်ပါး သူတို့သည် ဘုရားသခင်ကိုမသိမမှတ်လိုသောကြောင့် ဘုရားသခင်သည် သူတို့ကို ယုတ်ညံ့သောစိတ်ထံသို့ အပ်လိုက်တော်မူသဖြင့် သူတို့သည် မပြုအပ်သောအရာများကို ပြုကြကုန်၏။
သွေးသားဇာတိနှင့်ဆိုင်သောစိတ်သဘောသည် သေခြင်းဖြစ်၏။ ဝိညာဉ်တော်နှင့်ဆိုင်သောစိတ်သဘောမူကား အသက်ရှင်ခြင်းနှင့်ငြိမ်သက်ခြင်းဖြစ်၏။
ကိုယ်တော်၏အစွမ်းသတ္တိနှင့်ပြည့်စုံသော တန်ခိုးအရှိန်အဝါ၏လုပ်ဆောင်မှုအားဖြင့် ယုံကြည်သောငါတို့အပေါ်သက်ရောက်သည့် ကိုယ်တော်၏တန်ခိုးသည် မည်မျှထူးကဲကြီးမားသည်ကိုလည်းကောင်း သင်တို့အားသိစေမည့်အကြောင်း တောင်းလျှောက်၏။
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။