အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ငါ၏အထဲ၌ ရှိသမျှတို့၊ ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။
ဆာလံ 111:1 - မြန်မာ့စံမီသမ္မာကျမ်း ဟာလေလုယ။ ငါသည် ဖြောင့်မှန်သောသူတို့၏ အစည်းအဝေးနှင့် လူထုပရိသတ်အလယ်တွင် ထာဝရဘုရား၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းမည်။ Common Language Bible ထာဝရဘုရားအားထောမနာပြုလော့။ ငါသည်ထာဝရဘုရား၏လူစုတော် အစည်းအဝေးတွင်ကိုယ်တော်၏ကျေးဇူး တော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းမည်။ Garrad Bible ဟာ လေ လု ယ၊ ငါ သည် ဖြောင့် မှန် သူ တို့ တိုင် ပင် စည်း ဝေး ရာ ပ ရိ သတ် ၌၊ ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ ချီး မွမ်း ပါ မည်။ Judson Bible ငါသည် ဖြောင့်မတ်သောသူတို့၏ အစည်းအဝေး၌လည်းကောင်း၊ ပရိသတ်၌လည်းကောင်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းမည်။ |
အို ငါ၏စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ငါ၏အထဲ၌ ရှိသမျှတို့၊ ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။
ထာဝရဘုရားကို ချီးမွမ်းကြလော့။ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားသည် ထာဝရကာလမှထာဝရကာလတိုင်အောင် မင်္ဂလာရှိပါစေသော။ လူမျိုးအပေါင်းတို့သည် အာမင်ဟုဆိုကြပါစေသော။ ဟာလေလုယ။
လူအစုအဝေးအလယ်၌ ကိုယ်တော်ကိုချီးမြှောက်၍ သက်ကြီးဝါကြီးတို့စုဝေးရာအရပ်၌ ကိုယ်တော်ကိုချီးမွမ်းကြပါစေ။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်တွင် ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါမည်။ လူတို့အလယ်တွင် ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
အကျွန်ုပ်သည် အကျွန်ုပ်၏နှုတ်ဖြင့် ထာဝရဘုရား၏ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်။ များစွာသောလူတို့အလယ်တွင် ကိုယ်တော်ကိုချီးမွမ်းပါမည်။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းပါမည်။ ဘုရားများရှေ့၌ ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
ဟာလေလုယ။ ထာဝရဘုရားထံသို့ သီချင်းအသစ်ကို သီဆိုကြလော့။ သန့်ရှင်းသူတို့၏အစုအဝေး၌ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့၊ ကိုယ်တော်ကိုချီးမွမ်းကြလော့။ ယာကုပ်၏အမျိုးအနွယ်အပေါင်းတို့၊ ကိုယ်တော်ကိုဂုဏ်ပြုချီးမွမ်းကြလော့။ အစ္စရေးအမျိုးအနွယ်အပေါင်းတို့၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေကြလော့။
လူအစုအဝေးကြီးအလယ်၌ အကျွန်ုပ်၏ချီးမွမ်းခြင်းအကြောင်းသည် ကိုယ်တော့်ထံမှလာပါ၏။ ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့ရှေ့၌ အကျွန်ုပ်၏ကတိသစ္စာများကိုပြည့်စုံစေပါမည်။
ထိုအခါ အကျွန်ုပ်သည် လူအစုအဝေးကြီးအလယ်တွင် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ လူထုပရိသတ်ကြီးအလယ်၌ ကိုယ်တော်ကိုချီးမွမ်းပါမည်။
အို ထာဝရဘုရား၊ ကောင်းကင်သည် ကိုယ်တော်ပြုတော်မူသောအံ့ဖွယ်သောအမှုတို့ကို ချီးမွမ်းပါ၏။ ကိုယ်တော်၏သစ္စာတော်ကိုလည်း သန့်ရှင်းသောသူတို့၏အစုအဝေးထဲတွင် ချီးမွမ်းပါ၏။
ဘုရားသခင်သည် သန့်ရှင်းသောသူတို့၏ အစည်းအဝေးတွင် အလွန်ကြောက်ရွံ့ရိုသေခြင်းကို ခံရသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်၏ပတ်လည်၌ရှိသောသူအပေါင်းတို့ထက် အံ့ဩဖွယ်ဖြစ်တော်မူ၏။
အကျွန်ုပ်သည် ထာဝရဘုရား၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းပါမည်။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ပြောကြားပါမည်။