ထာဝရဘုရား၏နာမတော်ဘုန်းကြီးတော်မူကြောင်းကို သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကို ရှေ့တော်သို့ ယူဆောင်လာကြလော့။ သန့်ရှင်းခြင်းတန်ဆာကိုဆင်၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
ဆာလံ 110:3 - မြန်မာ့စံမီသမ္မာကျမ်း သင်၏တန်ခိုးထင်ရှားသောနေ့၌ သင်၏လူမျိုးသည် စေတနာစိတ်နှင့်ပါဝင်ကြလိမ့်မည်။ သင်၏ပျိုရွယ်ခြင်းနှင်းစက်သည် သန့်ရှင်းသောဘုန်းအာနုဘော်ကိုဆောင်လျက် နံနက်အချိန်ဝမ်းဗိုက်ထဲမှ သင့်ထံသို့လာလိမ့်မည်။ Common Language Bible ရန်သူတို့အားအရှင်မင်းကြီးတိုက်ခိုက် တော်မူသောနေ့၌ အရှင်၏ပြည်သားတို့သည်အလိုအလျောက် ကိုယ်တော်နှင့်လိုက်ပါချီတက်ကြပါလိမ့်မည်။ နံနက်ချိန်၌ကျသည့်ဆီးနှင်းကဲ့သို့သန်စွမ်း သော လူငယ်လူရွယ်အမြောက်အမြားသည် အရှင်မင်းကြီးရှိရာသန့်ရှင်းမြင့်မြတ်သည့် တောင်ပေါ်သို့ရောက်ရှိကြပါလိမ့်မည်။ Garrad Bible ဗိုလ် ခြေ တော် တို့ နေ့ ရက်၌၊ လူ မျိုး တော် သည် သန့် ရှင်း သော တန် ဆာ နှင့် အ ပျော် စစ် ထမ်း လျက်၊ အ ရုဏ့် ဝမ်း ထဲ က နှင်း သ ဖွယ် အ ရှင်၏ လု လင် ပျို တို့ ချီ ထွက် ကြ ပြီ။ Judson Bible တန်ခိုးတော်ပြသော နေ့ရက်ကာလ၌၊ ကိုယ်တော်၏လူတို့သည် သန့်ရှင်းသော တန်ဆာကိုဆင်လျက်၊ ကြည်ညိုသောစေတနာစိတ်ရှိ၍၊ လူပျိုတော်တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ့်မည်။ |
ထာဝရဘုရား၏နာမတော်ဘုန်းကြီးတော်မူကြောင်းကို သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကို ရှေ့တော်သို့ ယူဆောင်လာကြလော့။ သန့်ရှင်းခြင်းတန်ဆာကိုဆင်၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
မိမိတို့ဆန္ဒအလျောက် ဂျေရုဆလင်မြို့၌နေထိုင်လိုသောသူအပေါင်းတို့ကို လူတို့သည် ကောင်းချီးပေးကြ၏။
နာမတော်၏ဘုန်းအသရေသည် ထာဝရဘုရားနှင့်ဆိုင်ကြောင်း သိမှတ်ဝန်ခံကြလော့။ သန့်ရှင်းခြင်းအသရေတော်နှင့်ပြည့်စုံသော ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။
သန့်ရှင်းခြင်းအသရေတော်နှင့်ပြည့်စုံသောထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။ မြေကြီးသားအပေါင်းတို့၊ ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်ကြလော့။
ဤကား အိမ်တော်နှင့်ဆိုင်သောပညတ်ချက် ဖြစ်၏။ တောင်ထိပ်တစ်ခုလုံးသည် အထူးသန့်ရှင်းရာနေရာဖြစ်၏။ ဤသည်ကား အိမ်တော်နှင့်ဆိုင်သောပညတ်ချက်ဖြစ်၏။
သူတို့သည် အဆီးရီးယားပြည်ကို ဓားဖြင့်စောင့်ကြပ်လိမ့်မည်။ နိမ်ရောဒပြည်အဝင်ဝတို့၌လည်း စောင့်ကြပ်လိမ့်မည်။ အဆီးရီးယားလူမျိုးတို့သည် ငါတို့ပြည်သို့လာ၍ ငါတို့နယ်နိမိတ်ထဲသို့ ကျူးကျော်ဝင်ရောက်သောအခါ သူတို့သည် ငါတို့ကို အဆီးရီးယားလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။
သို့သော် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်လာသောအခါ သင်တို့သည် တန်ခိုးကိုရရှိလျက် ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့်ရှမာရိနယ်တစ်ခုလုံးသာမက မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် သခင်ဘုရား၏နှုတ်ကပတ်တရားသည် တန်ခိုးအရှိန်အဝါဖြင့်ကြီးထွားလျက် ဩဇာလွှမ်းလေ၏။
ထိုသို့ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ချီးမြှောက်ခြင်းကိုခံရပြီးနောက် ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံမှခံယူရရှိလျက် သင်တို့တွေ့မြင်ကြားသိသည့်အတိုင်း ထိုဝိညာဉ်တော်ကိုသွန်းလောင်းတော်မူ၏။
ထိုအခါ ပေတရု၏စကားကိုလက်ခံသောသူတို့သည် ဗတ္တိဇံခံကြသဖြင့် ထိုနေ့၌ လူပေါင်းသုံးထောင်ခန့်မျှတိုးပွားလာ၏။
ထိုသူတို့သည်ကြားလျှင် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။ ထို့နောက် သူတို့သည် ပေါလုအား “ငါတို့ညီ၊ သင်သိမြင်သည့်အတိုင်း ဂျူးလူမျိုးတို့တွင် ယုံကြည်လာသူထောင်ပေါင်းများစွာရှိ၍ သူတို့အားလုံးသည် ပညတ်တရား၌ စိတ်အားထက်သန်သူများဖြစ်ကြ၏။
သို့သော် နှုတ်ကပတ်တရားကို ကြားနာသူများစွာတို့သည် ယုံကြည်ကြရာ ယောက်ျားအရေအတွက် ငါးထောင်ခန့်မျှဖြစ်လာလေ၏။
အကြောင်းမူကား ကိုယ်တော်သည် အားနည်းခြင်းထဲတွင် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံခဲ့ရသော်လည်း ဘုရားသခင်၏တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ထိုနည်းတူ ငါတို့သည်လည်း ကိုယ်တော်၌ အားနည်းကြသော်လည်း သင်တို့ရှေ့၌ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။
အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။
သင်တို့အပေါ် ငါထားရှိသော စိတ်အားထက်သန်မှုမျိုးကို တိတု၏စိတ်နှလုံးထဲ၌ ထည့်သွင်းပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏။
ငါတို့သည် ရှေ့တော်၌ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသောသူဖြစ်ကြမည့်အကြောင်း ဘုရားသခင်သည် ကမ္ဘာမတည်မရှိမီကပင် ငါတို့ကို ခရစ်တော်၌ရွေးကောက်တော်မူပြီး
အကြောင်းမူကား စေတနာတော်အတိုင်း ဆန္ဒရှိကြစေရန်နှင့် လုပ်ဆောင်ကြစေရန် သင်တို့အထဲ၌လုပ်ဆောင်တော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ငါတို့ကို ညစ်ညူးခြင်းထဲသို့ ခေါ်တော်မူသည်မဟုတ်ဘဲ သန့်ရှင်းခြင်းထဲသို့ ခေါ်တော်မူ၏။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ရှေ့တော်၌နှစ်သက်ဖွယ်သောအမှုကို ယေရှုခရစ်တော်အားဖြင့် ငါတို့တွင်ပြုတော်မူ၍ ကိုယ်တော်၏အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းသောအမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
ထို့နောက် ငါကြည့်လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနှင့် ဘာသာစကားအသီးသီးတို့မှ မည်သူမျှမရေတွက်နိုင်သည့်များစွာသောလူအစုအဝေးသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားလျက် သူတို့လက်၌ စွန်ပလွံခက်များကိုင်ဆောင်ကာ ပလ္လင်တော်နှင့်သိုးသငယ်တော်ရှေ့တွင် ရပ်နေကြ၏။
“အစ္စရေးလူမျိုးတွင် ခေါင်းဆောင်တို့ ဦးဆောင်၍ လူတို့သည်လည်း အသက်စွန့်ပြီး တိုက်ပွဲဝင်ကြသည်ဖြစ်၍ ထာဝရဘုရားကို ချီးမွမ်းကြလော့။
ထာဝရဘုရားကို ချီးမွမ်းကြလော့။ အစ္စရေးလူမျိုးတို့၏ခေါင်းဆောင်များ၊ လူတို့နှင့်အတူ အသက်စွန့်တိုက်ပွဲဝင်ကြသောသူများအတွက် ငါဂုဏ်ယူ၏။