အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 108:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အို ဘုရားသခင်​၊ အကျွန်ုပ်​၏​စိတ်နှလုံး​သည် တည်ကြည်​ပါ​၏​။ အကျွန်ုပ်​သည် သီချင်းဆို​၍ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ဖြင့် သီဆိုချီးမွမ်း​ပါ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​လုံး​ဝ​ယုံ​ကြည်​စိတ်​ချ ပါ​၏။ ကျွန်​တော်​မျိုး​သည်​သီ​ချင်း​ဆို​၍​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​ပါ​မည်။ အို ငါ့​ဝိ​ညာဉ်၊နိုး​ထ​လော့။

အခန်းကိုကြည့်ပါ။

Garrad Bible

အို ဘု ရား သ ခင်၊ အ ကျွန်ုပ် စိတ် နှ လုံး တည် ကြည် ပါ၏။ စိတ် ဝိ ညာဉ် ပါ လျက် ပင်၊ သီ ချင်း ဆို လျက် ကျူး ဧ ပါ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​နှ​လုံး​သည် တည်​ကြည်​ပါ၏။ သီ​ချင်း​ဆို​ပါ​မည်။ ဝိ​ညာဉ်​ပါ​လျက် ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​မည်။

အခန်းကိုကြည့်ပါ။



ဆာ​လံ 108:1
13 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် အသက်ရှင်​နေ​သရွေ့ ထာဝရဘုရား​ထံသို့ သီချင်းဆို​မည်​။ ငါ​ရှိ​နေ​သေး​သရွေ့ ငါ​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​မည်​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ချီးမွမ်း​ပါ​မည်​။ ဘုရား​များ​ရှေ့​၌ ကိုယ်တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။


ငါ​၏​နှုတ်​သည် ထာဝရဘုရား​၏ ဂုဏ်ကျေးဇူး​တော်​ကို​မြွက်ဆို​မည်​။ သတ္တဝါ​အပေါင်း​တို့​သည် ကိုယ်တော်​၏ သန့်ရှင်း​သော​နာမ​တော်​ကို ကာလ​အစဉ်အဆက် ကောင်းချီးထောမနာ​ပြု​ကြ​ပါစေ​။


ထို့ကြောင့် ငါ​၏​စိတ်နှလုံး​သည်​ဝမ်းမြောက်​၍ ငါ​၏​ဝိညာဉ်​သည်​ရွှင်လန်း​၏​။ ငါ​၏​ကိုယ်ခန္ဓာ​သည်​လည်း ဘေးကင်းလုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။


သို့ဖြစ်၍ အကျွန်ုပ်​၏​ဝိညာဉ်​သည် တိတ်ဆိတ်​စွာ​မ​နေ​ဘဲ ကိုယ်တော်​ကို​သီဆိုချီးမွမ်း​ပါ​မည်​။ အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို အစဉ်အမြဲ​ချီးမွမ်း​ပါ​မည်​။


ငါ​သည် ထာဝရဘုရား​ကို အစဉ်အမြဲ​ကောင်းချီးထောမနာ​ပြု​၏​။ ငါ​၏​နှုတ်​သည် ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို အစဉ်​မြွက်ဆို​မည်​။


ဘုရားသခင်​ထ​တော်မူ​သောအခါ ကိုယ်တော်​၏​ရန်သူ​တို့​သည် ကွဲလွင့်​သွား​ကြ​လိမ့်မည်​။ ကိုယ်တော်​ကို​မုန်း​သော​သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​မှ​ထွက်ပြေး​ကြ​လိမ့်မည်​။


ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​နှင့်​ကယ်တင်​ခြင်း​ကို အကျွန်ုပ် အကုန်အစင်​မ​သိ​နိုင်​သော်လည်း အကျွန်ုပ်​၏​နှုတ်​သည် ထို​အကြောင်း​တို့​ကို တစ်နေ့လုံး​ပြောကြား​ပါ​မည်​။


အကျွန်ုပ်​၏​နှုတ်​သည် ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​နှင့် ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ဖြင့် တစ်နေ့လုံး​ပြည့်​လျက်​ရှိ​ပါ​၏​။


ထို့နောက် ထာဝရဘုရား​ထံ​တော်​သို့ မောရှေ​နှင့်​အစ္စရေး​အမျိုးသား​တို့ သီကျူး​သော​သီချင်း​ကား “​ထာဝရဘုရား​ထံသို့ ငါ​သီချင်းဆို​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် ဘုန်းထင်ရှား​လျက်​အောင်ပွဲခံ​တော်မူ​ပြီ​။ မြင်း​နှင့်​မြင်းစီး​သော​သူ​တို့​အား ပင်လယ်​ထဲသို့​ချပစ်​တော်မူ​ပြီ​။