အစ္စရေးက ယောသပ်အား “သင်၏မျက်နှာကိုတွေ့မြင်ရလိမ့်မည်ဟု ငါမထင်ခဲ့ပေ။ သို့သော် ဘုရားသခင်သည် သင်၏သားသမီးတို့ကိုပင် ငါ့ကိုတွေ့မြင်ခွင့်ပေးတော်မူပြီ”ဟု ဆို၏။
ဆာလံ 107:41 - မြန်မာ့စံမီသမ္မာကျမ်း နွမ်းပါးသောသူတို့ကိုကား ဖိစီးနှိပ်စက်မှုထဲမှကယ်နုတ်၍ လုံခြုံစွာစောင့်ရှောက်တော်မူ၏။ သူတို့၏မျိုးနွယ်စုများကိုလည်း သိုးအုပ်ကဲ့သို့ ပွားများစေတော်မူ၏။ Common Language Bible သို့ရာတွင်ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူ တို့ကို ဆင်းရဲဒုက္ခမှကယ်ဆယ်တော်မူ၍ သူတို့၏အိမ်ထောင်စုများကိုသိုးအုပ်များ သဖွယ် တိုးပွားစေတော်မူ၏။ Garrad Bible နွမ်း ပါး သူ့ ကို ကား၊ ဒု က္ခ ထဲ မှ ချီး မြှောက်၍၊ အိမ် ထောင် ကို လည်း သိုး စု ကဲ့ သို့ ပွား များ စေ တော် မူ ၏။ Judson Bible ဆင်းရဲသောသူကိုလည်း ဒုက္ခမှထမြောက်စေ၍၊ သိုးစုကဲ့သို့ အိမ်ထောင်ပွားများစေတော်မူ၏။ |
အစ္စရေးက ယောသပ်အား “သင်၏မျက်နှာကိုတွေ့မြင်ရလိမ့်မည်ဟု ငါမထင်ခဲ့ပေ။ သို့သော် ဘုရားသခင်သည် သင်၏သားသမီးတို့ကိုပင် ငါ့ကိုတွေ့မြင်ခွင့်ပေးတော်မူပြီ”ဟု ဆို၏။
သူတို့၏သားသမီးများကို သိုးအုပ်ကဲ့သို့ လွှတ်လိုက်၍ သူတို့၏ကလေးသူငယ်များသည်လည်း ကခုန်ကြ၏။
သို့သော် ကိုယ်တော်သည် ဆင်းရဲဒုက္ခရောက်သူတို့ကို ထိုဆင်းရဲဒုက္ခထဲမှ ကယ်နုတ်တော်မူ၏။ အဖိနှိပ်ခံစေခြင်းဖြင့် နာခံခြင်းကိုပေးတော်မူ၏။
ယောဘသည် နှစ်ပေါင်းတစ်ရာ့လေးဆယ် ဆက်လက်အသက်ရှင်၍ သားမြေးမြစ် မျိုးဆက်လေးဆက်ကိုမြင်ရ၏။
နိမ့်ကျသောသူတို့ကို မြှင့်တင်၍ ဝမ်းနည်းပူဆွေးသောသူတို့ကို ကူမကယ်တင်တော်မူ၏။
သင့်သားသမီးတို့၏သားသမီးများကိုလည်း တွေ့မြင်ရပါစေသော။ အစ္စရေးလူမျိုး၌ ငြိမ်သက်ခြင်းရှိပါစေသော။
သို့သော် ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို သိုးများကဲ့သို့ထုတ်ဆောင်ပြီး တောကန္တာရထဲ၌ သူတို့ကို သိုးအုပ်ကဲ့သို့ ပို့ဆောင်တော်မူ၏။
မြေးတို့သည် အသက်ကြီးသောသူတို့၏သရဖူဖြစ်၏။ သားသမီးတို့၏ဂုဏ်ကျက်သရေကား သူတို့၏မိဘဘိုးဘွားဖြစ်ကြ၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့တွင် လူသားမျိုးစေ့နှင့်တိရစ္ဆာန်မျိုးစေ့တို့ကို ငါကြဲမည့်အချိန် ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
သည်းခံသောသူတို့သည် မင်္ဂလာရှိ၏ဟု ငါတို့ယူဆကြ၏။ ယောဘ၏သည်းခံခြင်းကို သင်တို့ကြားရကြပြီ။ နောက်ဆုံးတွင် ထာဝရဘုရားပြုတော်မူသောအမှုအားဖြင့် ကိုယ်တော်သည် အလွန်ကြင်နာတတ်၍ ကရုဏာနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်း သင်တို့တွေ့မြင်ရကြ၏။
ထာဝရဘုရားသည် ဟန္နကို ကြည့်ရှုထောက်မတော်မူသဖြင့် သူသည် ကိုယ်ဝန်ဆောင်၍ သားသုံးယောက်၊ သမီးနှစ်ယောက်ကို ထပ်မံမွေးဖွားလေ၏။ သူငယ်ရှမွေလသည်လည်း ထာဝရဘုရားရှေ့တော်တွင် ကြီးပြင်းလာလေ၏။
ဆင်းရဲသားကို မြေမှုန့်ထဲမှ ဆွဲထူ၍ နွမ်းပါးသူကို ပြာပုံထဲမှချီမတော်မူပြီး မင်းသားတို့နှင့်အတူထိုင်စေတော်မူ၏။ ဘုန်းကြီးသောပလ္လင်ကို အမွေဆက်ခံစေတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် ကမ္ဘာမြေကြီး၏အုတ်မြစ်ကို ပိုင်တော်မူ၍ ကမ္ဘာလောကကို ထိုအုတ်မြစ်ပေါ်တွင် ချထားတော်မူ၏။