ကိုယ်တော်သည် မောရှေနှင့်အာရုန်တို့လက်ဖြင့် မိမိ၏လူမျိုးတော်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူ၏။
ဆာလံ 105:26 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မိမိအစေအပါးမောရှေနှင့် မိမိရွေးချယ်ထားသော အာရုန်တို့ကို စေလွှတ်တော်မူ၏။ Common Language Bible ထိုနောက်ကိုယ်တော်သည်မိမိ၏အစေခံမောရှေနှင့် ကိုယ်တော်ရွေးချယ်တော်မူသူအာရုန်ကို စေလွှတ်တော်မူ၏။ Garrad Bible ကျွန် တော် ရင်း မော ရှေ နှင့်၊ ရွေး ကောက် တော် မူ သော အာ ရုန် ကို စေ လွှတ် တော် မူ လျက်၊ Judson Bible တစ်ဖန် မိမိကျွန်မောရှေနှင့် ရွေးကောက်တော်မူသောအာရုန်ကို စေလွှတ်တော်မူ၏။ |
ကိုယ်တော်သည် မောရှေနှင့်အာရုန်တို့လက်ဖြင့် မိမိ၏လူမျိုးတော်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူ၏။
ထိုကျောက်နှစ်လုံးကို အစ္စရေးအမျိုးသားတို့အတွက် အောက်မေ့ဖွယ်ကျောက်အဖြစ် ဧဖုဒ်၏ပခုံးသိုင်းကြိုးအပေါ်၌ တပ်ရမည်။ ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဖွယ်အဖြစ် သူတို့၏အမည်ကို အာရုန်သည် သူ၏ပခုံးနှစ်ဖက်၌ ဆောင်ရမည်။
ထို့ကြောင့် သင့်ကို ဖာရောမင်းကြီးထံသို့ ငါစေလွှတ်၏။ သင်သွား၍ ငါ၏လူမျိုးတော် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လော့”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက အာရုန်အား “မောရှေကိုကြိုဆိုရန် တောကန္တာရသို့သွားလော့”ဟု မိန့်တော်မူသဖြင့် အာရုန်သည် သွား၍ ဘုရားသခင်၏တောင်တော်၌ မောရှေနှင့်တွေ့ဆုံလျှင် သူ့ကိုနမ်းလေ၏။
ထို့နောက် မောရှေနှင့်အာရုန်တို့သည် သွား၍ အစ္စရေးအမျိုးသားသက်ကြီးဝါကြီးအပေါင်းတို့ကို စုဝေးစေကြ၏။
“အီဂျစ်ဘုရင်ဖာရောမင်းကြီးသည် သူ၏ပြည်ထဲမှ အစ္စရေးအမျိုးသားတို့ကိုလွှတ်ပေးရန် သွား၍ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ထာဝရဘုရားကလည်း မောရှေအား “ကြည့်ရှုလော့။ သင့်ကို ဖာရောမင်းကြီး၏ဘုရားကဲ့သို့ ငါဖြစ်စေပြီ။ သင်၏အစ်ကိုအာရုန်သည် သင်၏ပရောဖက်ဖြစ်မည်။
သူတို့သည် အသီးသီးမိမိတို့၏တောင်ဝှေးကို ပစ်ချကြသောအခါ မြွေနဂါးများဖြစ်သွား၏။ သို့ရာတွင် အာရုန်၏တောင်ဝှေးသည် သူတို့၏တောင်ဝှေးများကိုမျိုလေ၏။
ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ရွေးနုတ်ခေါ်ဆောင်ခဲ့ပြီ။ သင့်ကိုဦးဆောင်မည့် မောရှေ၊ အာရုန်နှင့်မိရိအံတို့ကို စေလွှတ်ပေးခဲ့ပြီ။
ဤသည်ကား ကောရနှင့်သူ၏အပေါင်းပါတို့ကဲ့သို့မဖြစ်မည့်အကြောင်း ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းမီးရှို့ဖို့ အာရုန်၏သားစဉ်မြေးဆက်မဟုတ်သည့်သာမန်လူတစ်စုံတစ်ယောက်မျှမချဉ်းကပ်မိစေရန် အစ္စရေးအမျိုးသားတို့ အမှတ်ရစရာဖြစ်၏။
ငါသည် မောရှေနှင့်အာရုန်ကိုစေလွှတ်၍ အီဂျစ်ပြည်၌ ဘေးအမျိုးမျိုးကျရောက်စေခြင်းအားဖြင့် ဒဏ်ခတ်ပြီးနောက် သင်တို့ကို ထုတ်ဆောင်ခဲ့၏။
တစ်ဖန် ရှမွေလက လူတို့အား “မောရှေနှင့်အာရုန်ကို ရွေးကောက်ပြီး သင်တို့၏ဘိုးဘေးများကို အီဂျစ်ပြည်မှထုတ်ဆောင်စေသောအရှင်မှာ ထာဝရဘုရားပင်ဖြစ်၏။