ယောသပ်ပြောခဲ့သည့်အတိုင်း ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်စတင်ဖြစ်လာ၏။ အပြည်ပြည်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်သော်လည်း အီဂျစ်ပြည်တစ်ပြည်လုံးတွင်မူ အစားအစာရှိ၏။
ဆာလံ 105:16 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကိုဆိုက်ရောက်စေ၍ အစားအစာထောက်ပံ့မှုရှိသမျှကို ဖြတ်တောက်တော်မူ၏။ Common Language Bible ကိုယ်တော်သည်သူတို့ပြည်၌ငတ်မွတ်ခေါင်းပါး ခြင်း ဘေးဆိုက်ရောက်စေတော်မူသဖြင့် စားနပ်ရိက္ခာပြတ်လပ်သွားသောအခါ Garrad Bible ထို ပြည်၌ အ စာ ခေါင်း ပါး ခြင်း ဘေး သင့် စေ ၍၊ အ စာ အာ ဟာ ရ အ ထောက် အ ခံ ရှိ သ မျှ ကို ချိုး ဖျက် တော် မူ ရာ၊ တင် ကူး၍ စေ လွှတ် လိုက် တော် မူ သူ၊ ကျွန် အ ဖြစ် ရောင်း စား ခံ ရ သော ယော သပ် သည်၊ Judson Bible တစ်ဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကိုခေါ်၍၊ အစာအာဟာရတည်းဟူသော အထောက်အပင့်ရှိသမျှကို ချိုးဖျက်တော်မူသောအခါ၊ |
ယောသပ်ပြောခဲ့သည့်အတိုင်း ငတ်မွတ်ခေါင်းပါးသောနှစ် ခုနစ်နှစ်စတင်ဖြစ်လာ၏။ အပြည်ပြည်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်သော်လည်း အီဂျစ်ပြည်တစ်ပြည်လုံးတွင်မူ အစားအစာရှိ၏။
ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် ပို၍ဆိုးရွားလာသောကြောင့် အပြည်ပြည်၌ စားစရာမရှိတော့ပေ။ ထိုငတ်မွတ်ခေါင်းပါးခြင်းဘေးကြောင့် အီဂျစ်ပြည်နှင့်ခါနာန်ပြည်သည် ဆင်းရဲဒုက္ခခံရလေ၏။
အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏မြေသည် သခင့်ရှေ့၌ အဘယ်ကြောင့်ပျက်စီးရပါမည်နည်း။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏မြေကိုဝယ်၍ ထိုအစား စားစရာပေးပါလော့။ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏မြေနှင့်တကွ ဖာရောမင်းကြီးထံ၌ ကျွန်ခံပါမည်။ အကျွန်ုပ်တို့ မသေဘဲ အသက်ရှင်ကြရမည့်အကြောင်း၊ မြေသည်လည်း မပျက်စီးမည့်အကြောင်း မျိုးစေ့ကိုပေးပါလော့”ဟု ဆိုကြ၏။
ထို့နောက် ဧလိရှဲက သူအသက်ပြန်ရှင်စေခဲ့သောသူငယ်၏မိခင်အား “သင်နှင့်သင့်အိမ်သူအိမ်သားတို့ ထ၍ထွက်သွားကြပါ။ သင်တည်းခိုနေထိုင်နိုင်မည့်နေရာတွင် တည်းခိုနေထိုင်ပါ။ ထာဝရဘုရားသည် ဤပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဖြစ်စေမည်။ တစ်ပြည်လုံး ခုနစ်နှစ်အစာခေါင်းပါးမည်”ဟု ပြော၏။
လူ၏စိတ်နှလုံးကိုဝမ်းမြောက်စေသော စပျစ်ဝိုင်ကိုလည်းကောင်း၊ မျက်နှာကိုဝင်းပြောင်စေသောဆီကိုလည်းကောင်း၊ လူ၏စိတ်နှလုံးကိုလန်းဆန်းစေသော အစားအစာကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူ၏။
ကြည့်ရှုလော့။ ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် အစာအထောက်အပံ့၊ ရေအထောက်အပံ့ စသည့် ကူညီပံ့ပိုးမှုအားလုံးကို ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်တစ်ပြည်လုံးမှ ဖယ်ရှားတော်မူ၏။
တစ်ဖန် ကိုယ်တော်က “အချင်းလူသား၊ ငါသည် ဂျေရုဆလင်မြို့၏စားနပ်ရိက္ခာကို ဖြတ်တောက်ပစ်မည်။ သူတို့သည် မုန့်ကိုချိန်လျက် စိုးရိမ်ပူပန်စိတ်ဖြင့် စားရလိမ့်မည်။ ရေကိုချင့်လျက် ထိတ်လန့်စွာ သောက်ရလိမ့်မည်။
အသက်အတွက် အမှီသဟဲဖြစ်သော အစားအစာကို သင်တို့ထံမှ ငါဖြတ်တောက်လိုက်သောအခါ မိန်းမဆယ်ယောက်တို့သည် မီးဖိုတစ်ခုတည်း၌ သင်တို့စားဖို့မုန့်ကို ဖုတ်၍ ထိုမုန့်ကို အချိန်အဆဖြင့်သာ သင်တို့ကို ပြန်ဝေပေးလိမ့်မည်။ သင်တို့သည်လည်း ဝလင်စွာ စားရကြလိမ့်မည်မဟုတ်။
မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။
သင်တို့စိုက်ပျိုးလုပ်ဆောင်သမျှကို လောင်မီးပိုးကျခြင်း၊ မှိုရောဂါစွဲခြင်း၊ မိုးသီးကျခြင်းတို့ဖြင့် ငါဒဏ်ခတ်သော်လည်း သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ။
ထို့နောက် အီဂျစ်ပြည်နှင့်ခါနာန်ပြည်တစ်ဝန်းလုံးတွင် ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကြီးစွာသောဆင်းရဲဒုက္ခတို့ကျရောက်လာသဖြင့် ငါတို့၏ဘိုးဘေးများသည် စားစရာကိုမရရှိနိုင်တော့ချေ။
ထိုအခါ ငါကြည့်လိုက်ရာစိမ်းဖန့်ဖန့်မြင်းတစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် သေခြင်းဟုနာမည်တွင်၏။ သူ၏နောက်မှ မရဏာနိုင်ငံသည်လိုက်လာ၏။ သူတို့သည် ဓားဘေးဖြင့်လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့်လည်းကောင်း၊ သေဘေးဖြင့်လည်းကောင်း၊ မြေကြီးပေါ်ရှိသားရဲတိရစ္ဆာန်ဘေးဖြင့်လည်းကောင်း လူတို့ကိုသတ်ဖြတ်ရန် ကမ္ဘာမြေကြီး၏လေးပုံတစ်ပုံအပေါ် အခွင့်အာဏာကိုရကြ၏။