သူတို့သည် အခက်အခဲပြဿနာကို သန္ဓေတည်၍ အပြစ်ဒုစရိုက်ကို မွေးဖွား၏။ သူတို့၏ဝမ်းသည် လိမ်လည်လှည့်ဖြားခြင်းအတွက် အသင့်ရှိတတ်၏”ဟု ဆိုလေ၏။
ဆာလံ 10:7 - မြန်မာ့စံမီသမ္မာကျမ်း သူ၏နှုတ်သည် ကျိန်ဆဲခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ဖိနှိပ်ခြယ်လှယ်ခြင်းနှင့်ပြည့်လျက်ရှိ၏။ သူ၏လျှာအောက်၌ အခက်အခဲပြဿနာနှင့် အပြစ်ဒုစရိုက်ရှိ၏။ Common Language Bible သူ၏နှုတ်သည်ကျိန်ဆဲခြင်း၊လိမ်လည်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ဖြင့်ပြည့်ဝ၏။ မုန်းတီးသောစကား၊ယုတ်မာသောစကားကို အလျင်အမြန်ပြောဆိုတတ်၏။ Garrad Bible နှုတ် သည် ကျိန် ဆဲ ခြင်း၊ လှည့် စား ခြင်း၊ နှိပ် စက် ခြင်း နှင့် ပြည့် လျက်၊ လျှာ အောက်၌ အ ကျိုး ဖျက် ဆီး ခြင်း နှင့် မ ကောင်း ပြု ကျင့် ခြင်း တည် ပါ ၏။ Judson Bible သူ၏နှုတ်သည် ကျိန်ဆဲခြင်း၊ လှည့်စားခြင်း၊ ရှုတ်ချခြင်းနှင့် ပြည့်ဝပါ၏။ လျှာအောက်မှာ မကောင်းသောအကြံနှင့် မတရားသောအမှုရှိပါ၏။ |
သူတို့သည် အခက်အခဲပြဿနာကို သန္ဓေတည်၍ အပြစ်ဒုစရိုက်ကို မွေးဖွား၏။ သူတို့၏ဝမ်းသည် လိမ်လည်လှည့်ဖြားခြင်းအတွက် အသင့်ရှိတတ်၏”ဟု ဆိုလေ၏။
မကောင်းမှုသည် သူ့ခံတွင်းအဖို့ ချိုမြိန်သဖြင့် လျှာအောက်တွင် ဝှက်ထားမည်ဆိုလျှင်၊
လူတို့သည် မိမိ၏အိမ်နီးချင်းတို့ကို မဟုတ်မမှန်ပြောဆိုကြပါ၏။ မြှောက်ပင့်တတ်သောနှုတ်ခမ်းနှင့် နှစ်ခွသောစိတ်ဖြင့် ပြောဆိုကြပါ၏။
သူတို့သည် မိမိတို့လျှာကို မြွေ၏လျှာကဲ့သို့ ချွန်ထက်စေတတ်ကြပါ၏။ သူတို့၏နှုတ်ခမ်းအောက်တွင် မြွေဆိုး၏အဆိပ်ရှိပါ၏။(စေလာ)
အကျွန်ုပ်ကိုဝိုင်းရံထားသောသူတို့သည် မာန်ထောင်ကြပါ၏။ သူတို့၏နှုတ်ခမ်းမှထွက်သောမကောင်းကျိုးသည် သူတို့ကိုဖုံးလွှမ်းကြပါစေ။
တိုင်းတစ်ပါးသားတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်ပြီး လွတ်မြောက်စေတော်မူပါ။ သူတို့၏နှုတ်သည် မဟုတ်မမှန်ပြောဆိုတတ်ပါ၏။ သူတို့၏လက်ယာလက်သည်လည်း လှည့်ဖြားတတ်သောလက်ဖြစ်ပါ၏။
သူတို့၏နှုတ်သည် မဟုတ်မမှန်ပြောဆိုတတ်ပါ၏။ သူတို့၏လက်ယာလက်သည်လည်း လှည့်ဖြားတတ်သောလက်ဖြစ်ပါ၏။
သူ၏နှုတ်ထွက်စကားတို့သည် ယုတ်ညံ့၍လိမ်လည်လှည့်ဖြားတတ်၏။ သူသည် ပညာသတိရှိခြင်းနှင့် ကောင်းသောအမှုပြုခြင်းကို စွန့်လေပြီ။
ငါ့ကိုလာကြည့်သောသူသည်လည်း မဟုတ်မမှန်ပြောဆို၏။ သူ၏စိတ်နှလုံးတွင် ယုတ်ညံ့သောအရာကို စုဆောင်းလျက် အပြင်သို့ထွက်သွားသောအခါ ထိုအရာကိုပြောဆို၏။
အကြောင်းမူကား သူတို့၏နှုတ်တွင် တည်ကြည်မှုမရှိပါ။ သူတို့စိတ်ထဲ၌ ယုတ်မာစဉ်းလဲမှုရှိ၍ သူတို့၏လည်ချောင်းသည် ပွင့်နေသောသင်္ချိုင်းတွင်းဖြစ်ပါ၏။ သူတို့၏လျှာသည် မြှောက်ပင့်ပြောဆိုတတ်ပါ၏။
သင်၏နှုတ်ကို မကောင်းမှုအတွက်အသုံးပြုပြီး သင်၏လျှာကို လိမ်လည်လှည့်ဖြားမှု၌ မှီဝဲဆည်းကပ်စေ၏။
အို လိမ်လည်လှည့်ဖြားသောလျှာ၊ သင်သည် ထိခိုက်နစ်နာစေသောစကားရှိသမျှတို့ကို နှစ်သက်၏။
သူ၏နှုတ်သည် ထောပတ်ကဲ့သို့ညက်ညောသော်လည်း သူ၏စိတ်နှလုံး၌ စစ်မက်ရှိ၏။ သူ၏စကားတို့သည် ဆီထက်ချောမွတ်သော်လည်း ဆွဲထုတ်ထားသောဓားများဖြစ်ကြ၏။
ဆိုးယုတ်သောသူတို့သည် အမိဝမ်းထဲကပင် ဖောက်ပြန်သောသဘောရှိကြ၏။ သူတို့သည် မွေးစကပင် လမ်းလွဲ၍ လိမ်လည်ပြောဆိုတတ်ကြ၏။
သူတို့နှုတ်၏အပြစ်နှင့် သူတို့နှုတ်ထွက်စကားကြောင့်လည်းကောင်း၊ သူတို့ရေရွတ်သော ကျိန်ဆဲစကားနှင့်မုသားစကားကြောင့်လည်းကောင်း သူတို့သည် မိမိတို့၏မာနကြီးခြင်းထဲ၌ ကျော့မိကြပါစေ။
သူတို့ကို အမျက်ဒေါသဖြင့် အပြီးသတ်သုတ်သင်တော်မူပါ။ သူတို့မရှိတော့သည်အထိ အပြီးသတ်သုတ်သင်တော်မူပါ။ ထိုအခါ ဘုရားသခင်သည် ယာကုပ်မှစ၍ ကမ္ဘာမြေအစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်း သိကြပါလိမ့်မည်။(စေလာ)
ထိုသူကို မြင့်သောသူ၏ရာထူးမှ ဆွဲချရန်သာ သူတို့လျှို့ဝှက်ကြံစည်ကြ၏။ သူတို့သည် လိမ်လည်ခြင်းကိုနှစ်သက်ကြ၏။ သူတို့နှုတ်ဖြင့် ကောင်းချီးပေးကြသော်လည်း သူတို့စိတ်ထဲ၌ ကျိန်ဆဲကြ၏။(စေလာ)
သူတို့သည် မိမိတို့လျှာကို ဓားကဲ့သို့ထက်စေပြီး မိမိတို့၏ခါးသီးသောစကားများကို မြားကဲ့သို့ချိန်ရွယ်လျက်
ကြည့်ရှုလော့။ ထိုသူသည် အပြစ်ဒုစရိုက်ကိုသန္ဓေလွယ်၍ အခက်အခဲပြဿနာကို ကိုယ်ဝန်ဆောင်ကာ မုသားကိုမွေးဖွားလေပြီ။
သူတို့သည် ပြက်ရယ်ပြု၍ ဆိုးညစ်စွာပြောဆိုတတ်ကြ၏။ ထောင်လွှားသောစိတ်ဖြင့် ဖိနှိပ်ချုပ်ချယ်မှုအကြောင်းကို ပြောဆိုတတ်ကြ၏။
မုသားသုံးသောလျှာဖြင့် ဥစ္စာဘဏ္ဍာများကိုဆည်းပူးခြင်းသည် လွင့်သွားသောအခိုးအငွေ့ဖြစ်ပြီး သေခြင်းကိုရှာဖွေခြင်းဖြစ်၏။
မဟုတ်မမှန်သောအရာနှင့် လိမ်လည်သောစကားကို အကျွန်ုပ်နှင့်ဝေးကွာစေတော်မူပါ။ ဆင်းရဲခြင်းကိုလည်းကောင်း၊ ကြွယ်ဝချမ်းသာခြင်းကိုလည်းကောင်း အကျွန်ုပ်အား ပေးတော်မမူပါနှင့်။ အကျွန်ုပ်အတွက်လိုအပ်သောအစာကိုသာ အကျွန်ုပ်အား ပေးတော်မူပါ။
တရားမျှတမှုကိုတောင်းလျှောက်သောသူမရှိ။ သစ္စာဖြင့် တရားစီရင်သောသူမရှိ။ အချည်းနှီးသောအရာကိုယုံကြည်ကိုးစား၍ မုသားကိုပြောဆိုကြ၏။ အခက်အခဲပြဿနာကိုကိုယ်ဝန်ဆောင်၍ အပြစ်ဒုစရိုက်ကိုမွေးဖွား၏။
“သူတို့သည် မုသားလေးကို မိမိတို့လျှာပေါ် တင်ကြ၏။ တိုင်းပြည်တွင် သစ္စာတရားမလွှမ်းမိုးနိုင်။ သူတို့သည် မကောင်းမှုကိုတစ်ခုပြီးတစ်ခုပြုကြ၏။ ငါ့ကိုကား အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်သည် လိမ်လည်လှည့်ဖြားမှုအလယ်၌ နေထိုင်၏။ သူတို့သည် လိမ်လည်လှည့်ဖြားကြ၏။ ငါ့ကို အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
နွမ်းပါးသူတို့ကို နိုင်ထက်စီးနင်းပြုပြီး တိုင်းပြည်ရှိဆင်းရဲသားတို့ကို ဖယ်ရှားပစ်သောသူတို့၊ နားထောင်ကြလော့။
မြွေဆိုးအမျိုးတို့၊ သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက် ကောင်းသောအရာကို မည်သို့ပြောဆိုနိုင်မည်နည်း။ အကြောင်းမူကား စိတ်နှလုံး၌ပြည့်လျှံနေသည့်အရာကို နှုတ်ကပြောဆိုတတ်၏။