အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည်စိတ်နှိမ့်ချသူတို့၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူလျက် သူတို့အားရဲစွမ်းသတ္တိကိုပေးတော်မူလိမ့် မည်။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် စိတ် နှိမ့် ချ သူ တို့ အ လို ဆ န္ဒ ကို သိ လျက်၊ သူ တို့ စိတ် နှ လုံး ကို ပြု ပြင် လျက် နား ညောင်း တော် မူ သည့် အ လျောက်၊
အိုထာဝရဘုရား၊ ကိုယ်တော်သည် နှိမ့်ချလျက်ရှိသောသူတို့၏ တောင့်တခြင်းအသံကို ကြားတော်မူ၏။ သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
အကျွန်ုပ်တို့၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော့်လူမျိုးတော်တို့၏စိတ်နှလုံးအကြံအစည်များ၊ စိတ်ဆန္ဒများကို ယခုကဲ့သို့အစဉ်အမြဲဖြစ်စေရန် စောင့်ထိန်းပေးတော်မူပါ။ ကိုယ်တော့်အဖို့ စိတ်နှလုံးအသင့်ရှိသောသူများ ဖြစ်စေတော်မူပါ။
ဘုရားသခင်သည် လူတို့အဖို့ ပြုပေးတော်မူသဖြင့် အချိန်အနည်းငယ်အတွင်း ထိုအမှုများဖြစ်မြောက်လာသောကြောင့် ဟေဇကိမင်းကြီးနှင့် ပြည်သူပြည်သားတို့ အလွန်ပျော်ရွှင်ဝမ်းမြောက်ကြ၏။
ထာဝရဘုရားမိန့်မှာချက်အရ ရှင်ဘုရင်နှင့်မှူးမတ်တို့၏စကားကိုလိုက်နာရန် ယုဒပြည်သားတို့အား တစ်စိတ်တစ်သဘောတည်းရှိခြင်းကို ဘုရားသခင်ပေးသနားတော်မူ၏။
ဤမြို့နှင့်မြို့သားတို့အား ဆန့်ကျင်သောနှုတ်ကပတ်တော်ကို သင်ကြားရသောအခါ သင်သည် နှလုံးကြေကွဲလျက် ဘုရားသခင်ရှေ့တော်တွင် မိမိကိုယ်ကိုနှိမ့်ချလေပြီ။ သင်သည် ငါ့ရှေ့မှောက်တွင် မိမိကိုယ်ကိုနှိမ့်ချလျက်၊ ကိုယ့်အဝတ်ကိုဆုတ်လျက် ငါ့ရှေ့မှောက်၌ငိုကြွေးသည်ကို ငါကြားပြီ။
ကိုယ်တော်သည် ခိုကိုးရာမဲ့သောသူတို့၏ ဆုတောင်းချက်ကို ဂရုစိုက်တော်မူ၏။ သူတို့၏ဆုတောင်းချက်ကို မထီမဲ့မြင်ပြုတော်မမူ။
ကိုယ်တော်သည် မိမိကိုကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေတော်မူ၏။ သူတို့၏အော်ဟစ်သံကိုလည်းကြား၍ သူတို့ကို ကယ်တင်တော်မူ၏။
ထာဝရဘုရား၏မျက်စိတော်သည် ဖြောင့်မတ်သောသူတို့ကိုကြည့်ရှု၍ ကိုယ်တော်၏နားတော်သည် သူတို့၏အော်ဟစ်သံကိုနားထောင်တော်မူ၏။
ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် သင်၏စိတ်နှလုံးဆန္ဒများကို သင့်အားဖြည့်ဆည်းပေးတော်မူလိမ့်မည်။
အကြောင်းမူကား သွေးကြွေးပြန်တောင်းတတ်သော ကိုယ်တော်သည် ထိုသူတို့ကိုအောက်မေ့တော်မူ၏။ ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏ အော်ဟစ်တောင်းလျှောက်သံကို မေ့လျော့တော်မမူပါ။
သို့သော် နွမ်းပါးသောသူတို့သည် အစဉ်မေ့လျော့ခြင်းခံရမည်မဟုတ်။ အဖိနှိပ်ခံရသောသူတို့၏မျှော်လင့်ခြင်းသည်လည်း ထာဝစဉ်ပျက်စီးသွားမည်မဟုတ်။
ဆိုးယုတ်သောသူကြောက်လန့်သောအမှုသည် သူ့အပေါ်သို့သက်ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူတို့၏အလိုဆန္ဒကိုကား ကိုယ်တော်ဖြည့်ဆည်းပေးတော်မူလိမ့်မည်။
ဆိုးယုတ်သောသူတို့၏ယဇ်ကောင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့၏ဆုတောင်းချက်ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
စိတ်နှလုံး၏တွေးတောကြံစည်မှုတို့သည် လူနှင့်ဆိုင်၏။ လျှာဖြေကြားသောစကားမူကား ထာဝရဘုရားထံတော်မှလာ၏။
သူတို့မခေါ်မီ ငါထူးမည်။ သူတို့တောင်းလျှောက်နေစဉ် ငါနားထောင်မည်။
“စိတ်ဝိညာဉ်ဆင်းရဲနွမ်းပါးသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံဖြစ်၏။
ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းခြင်းကို ဖေးမကူညီပေးတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း မည်သို့ဆုတောင်းရမည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်ကိုယ်တော်တိုင် စကားဖြင့်ဖော်ပြ၍မရနိုင်သော ညည်းတွားသံများဖြင့် ငါတို့အတွက် အသနားခံပေးတော်မူ၏။
ဤသို့ဖြင့် ငါတို့နှစ်မျိုးစလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၌ ခမည်းတော်ထံသို့တိုးဝင်ခွင့်ကို ကိုယ်တော်အားဖြင့်ရရှိကြ၏။
ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ရဲရင့်ခြင်းကိုလည်းကောင်း၊ ယုံကြည်စိတ်ချစွာဖြင့် အထံတော်သို့တိုးဝင်ခွင့်ကိုလည်းကောင်း ကိုယ်တော်၌ ငါတို့ရရှိကြ၏။
ထာဝရဘုရားရှေ့တော်၌ မိမိကိုယ်ကိုနှိမ့်ချကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်။
သို့သော် ကိုယ်တော်သည် ပို၍ကြီးမြတ်သောကျေးဇူးတော်ကိုပေးတော်မူ၏။ သို့ဖြစ်၍ “ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏”ဟု ကျမ်းစာ၌ဆိုထား၏။
အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကိုကြည့်ရှုတော်မူ၍ သူတို့၏ဆုတောင်းသံကိုနားညောင်းတော်မူ၏။ သို့သော် မကောင်းသောအမှုကိုပြုသောသူတို့ထံမှ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။
ထိုနည်းတူ ငယ်ရွယ်သောသူတို့၊ အသင်းတော်အကြီးအကဲများကို နာခံကြလော့။ သင်တို့အားလုံး တစ်ယောက်အောက်တစ်ယောက် နှိမ့်ချခြင်းတန်ဆာကို ဆင်ယင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏။