အီဂျစ်အမျိုးသမီးဟာဂရနှင့် အာဗြဟံရသောသားသည် ဣဇက်အားပြောင်လှောင်သည်ကို စာရာမြင်သောအခါ
ဂလာတိ 4:29 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုစဉ်က သွေးသားဇာတိအရမွေးဖွားသောသားသည် ဝိညာဉ်တော်အရမွေးဖွားသောသားကို ညှဉ်းဆဲသကဲ့သို့ ယခုလည်း ထိုနည်းတူဖြစ်၏။ Common Language Bible ထိုစဉ်အခါကသာမန်သဘာဝအားဖြင့် မွေးဖွားသောသားသည် ဝိညာဉ်အားဖြင့်မွေး ဖွားသောသားအားညှဉ်းဆဲနှိပ်စက်ခဲ့၏။ ယခု အခါ၌လည်းထိုနည်းတူပင်ဖြစ်၏။- Garrad Bible ထို ကာ လ ဇာ တိ အ လျောက် ရ သော သား သည် ဝိ ညာဉ် တော် အ လျောက် ရ သော သား ကို ညှဉ်း ပန်း သ ကဲ့ သို့ ယ ခု ကာ လ ဖြစ်၏။ Judson Bible ထိုအခါ ဇာတိပကတိအားဖြင့် ဖွားသောသားသည် ဝိညာဉ်တော်အားဖြင့် ဖွားသောသားကို ညှဥ်းဆဲသကဲ့သို့၊ ထိုနည်းတူ ယခုပင်ဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစဉ်က လူ့သဘာဝအရ မွေးဖွားလာသောသားသည် ဝိညာဉ်တော်၏ တန်ခိုးအရ မွေးဖွားလာသောသားကို ညှဉ်းဆဲသကဲ့သို့ ယခုလည်း ထိုနည်းတူပင် ဖြစ်၏။ |
အီဂျစ်အမျိုးသမီးဟာဂရနှင့် အာဗြဟံရသောသားသည် ဣဇက်အားပြောင်လှောင်သည်ကို စာရာမြင်သောအခါ
ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။
ယေရှုက“သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် ရေနှင့်ဝိညာဉ်တော်အားဖြင့် မွေးဖွားခြင်းကိုမခံလျှင် ဘုရားသခင်၏နိုင်ငံတော်သို့မဝင်နိုင်။
ထို့ကြောင့် ယခုအခါ ခရစ်တော်ယေရှု၌ရှိသောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းမခံရ။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် သွေးသားဇာတိအလိုအတိုင်းအသက်ရှင်လျှင် သေကြရမည်။ သို့သော် ဝိညာဉ်တော်အားဖြင့် ကိုယ်ခန္ဓာ၏လုပ်ဆောင်မှုများကိုသေစေလျှင် သင်တို့သည် အသက်ရှင်ကြလိမ့်မည်။
ကျွန်မ၏သားသည် သွေးသားဇာတိအရမွေးဖွားလာ၏။ လွတ်လပ်သောမိန်းမ၏သားမူကား ကတိတော်အရမွေးဖွားလာ၏။
ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောနေသေးသည်ဆိုလျှင် အဘယ်ကြောင့် ညှဉ်းဆဲခြင်းကို ခံနေရသေးသနည်း။ သို့ဖြစ်လျှင် လက်ဝါးကပ်တိုင်နှင့်ဆိုင်သောမှားယွင်းစရာအကြောင်းသည် ဖယ်ရှားခြင်းခံရပြီ။