ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြံထံသို့ရောက်လာ၍ “ထိုသူသည် သင်၏အမွေခံမဖြစ်ရ။ သင့်ကိုယ်မှပေါက်ဖွားသောသူသာလျှင် သင်၏အမွေခံဖြစ်ရမည်”ဟု မိန့်တော်မူ၏။
ဂလာတိ 4:28 - မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ သင်တို့မူကား ဣဇက်ကဲ့သို့ ကတိတော်နှင့်ဆိုင်သော သားသမီးများဖြစ်ကြ၏။ Common Language Bible ညီအစ်ကိုတို့၊ သင်တို့သည်ဣဇာက်ကဲ့သို့ ဘုရားသခင်၏ကတိတော်အရဖွားမြင် သောသားသမီးများဖြစ်ကြ၏။- Garrad Bible ညီ အစ် ကို တို့၊ ငါ တို့ သည် ဣ ဇာက် ကဲ့ သို့ က တိ တော့် ဆိုင် ရာ သား များ ဖြစ် ကြ သည့် အ ပြင်၊ Judson Bible ညီအစ်ကိုတို့၊ ငါတို့သည် ဣဇာက်ကဲ့သို့ ကတိတော်နှင့်စပ်ဆိုင်သော သားဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဣဇာက်ကဲ့သို့ ကတိတော်နှင့်ဆိုင်သော သားသမီးများဖြစ်ကြ၏။ |
ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြံထံသို့ရောက်လာ၍ “ထိုသူသည် သင်၏အမွေခံမဖြစ်ရ။ သင့်ကိုယ်မှပေါက်ဖွားသောသူသာလျှင် သင်၏အမွေခံဖြစ်ရမည်”ဟု မိန့်တော်မူ၏။
သင်တို့သည် ပရောဖက်တို့၏သားမြေးများဖြစ်ကြသည်သာမက ဘုရားသခင်သည် အာဗြဟံအား ‘ကမ္ဘာပေါ်ရှိလူမျိုးစုအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်’ဟု မိန့်တော်မူလျက် သင်တို့၏ဘိုးဘေးများနှင့်ပြုခဲ့သော ပဋိညာဉ်၏သားမြေးများလည်းဖြစ်ကြ၏။
အာဗြဟံ၏အမျိုးအနွယ်ဖြစ်သောကြောင့် အားလုံးသည် သားသမီးများဖြစ်ကြသည်မဟုတ်။ “ဣဇက်မှဆင်းသက်သောသူသည် သင်၏အမျိုးအနွယ်ဟူ၍ ခေါ်ဝေါ်ခြင်းခံရလိမ့်မည်”ဟု အမိန့်တော်ရှိ၏။
သင်တို့သည် ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ဖြစ်၍ ကတိတော်အရ အမွေခံများဖြစ်ကြ၏။
ကျွန်မ၏သားသည် သွေးသားဇာတိအရမွေးဖွားလာ၏။ လွတ်လပ်သောမိန်းမ၏သားမူကား ကတိတော်အရမွေးဖွားလာ၏။
ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသော။ အာမင်။