ခရစ်တော်သည် ယုံကြည်သောသူတိုင်း ဖြောင့်မတ်ခြင်းကိုရရှိရန် ပညတ်တရား၏အဆုံးသတ်ရာဖြစ်တော်မူ၏။
ဂလာတိ 3:24 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ပညတ်တရားသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုငါတို့အသိအမှတ်ပြုခြင်းခံရရန် ငါတို့ကို ခရစ်တော်ထံသို့ပို့ဆောင်သော ငါတို့၏အုပ်ထိန်းသူဖြစ်၏။ Common Language Bible ငါတို့သည်ယုံကြည်ခြင်းအားဖြင့်ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံနိုင်ကြစေရန် ပညတ်တရား သည်ခရစ်တော်ကြွလာချိန်တိုင်အောင်ငါတို့၏ အထိန်းဖြစ်၏။- Garrad Bible ခ ရစ် တော့် လက် ထက် တိုင် အောင် ပ ညတ် တ ရား တော် သည် ယုံ ကြည် ခြင်း ကြောင့် ဖြောင့် မတ် ရာ ရောက် စေ ခြင်း ငှာ ငါ တို့ သြ ဝါ ဒ ဆ ရာ ဖြစ် ၏။ Judson Bible ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှာ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ်သတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရရန် ပညတ်တရားမှာ ခရစ်တော်ကြွလာချိန်ထိ ကျွန်ုပ်တို့၏ အုပ်ထိန်းသူဖြစ်၏။ |
ခရစ်တော်သည် ယုံကြည်သောသူတိုင်း ဖြောင့်မတ်ခြင်းကိုရရှိရန် ပညတ်တရား၏အဆုံးသတ်ရာဖြစ်တော်မူ၏။
သို့ဖြစ်လျှင် ငါတို့သည် မည်သို့ဆိုရမည်နည်း။ ဖြောင့်မတ်ခြင်းကိုရရှိရန် မကြိုးစားသောလူမျိုးခြားတို့သည် ဖြောင့်မတ်ခြင်းကိုခံယူရရှိကြ၏။ တစ်နည်းဆိုသော် ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်းဖြစ်၏။
အကြောင်းမူကား ခရစ်တော်၌ သင်တို့ကိုအုပ်ထိန်းသူ တစ်သောင်းရှိသော်လည်း ဖခင်မူကား များစွာမရှိ။ ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ သင်တို့ကိုမွေးဖွားပေးခဲ့သူမှာ ငါပင်ဖြစ်၏။
သို့သော် လူသည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြောင်း သိကြသဖြင့် ငါတို့သည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ခရစ်တော်ယေရှုကို ယုံကြည်ကြ၏။ အကြောင်းမူကား ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့် မည်သူမျှ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။
အဘယ်ကြောင့်ဆိုသော် ငါသည် ဘုရားသခင်၌အသက်ရှင်နိုင်ရန် ပညတ်တရားအားဖြင့် ပညတ်တရားအရာ၌ သေဆုံးခဲ့ပြီ။ ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရပြီ။
သို့သော် ယုံကြည်ခြင်းတရားရောက်လာပြီဖြစ်၍ ငါတို့သည် အုပ်ထိန်းသူ၏လက်အောက်၌ မရှိကြတော့ပေ။
၎င်းတို့သည် ဖြစ်လာမည့်အရာများ၏အရိပ်မျှသာဖြစ်ကြပြီး အကောင်အထည်အစစ်မူကား ခရစ်တော်၌ရှိ၏။