အကြောင်းမူကား ကိုယ်တော်သည် မိမိအစေအပါးအာဗြဟံအား ပေးထားသည့် သန့်ရှင်းသောကတိတော်ကို သတိရတော်မူ၏။
ဂလာတိ 3:18 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အမွေတော်သည် ပညတ်တရားအပေါ်၌မူတည်လျှင် ကတိတော်အပေါ်၌ မမူတည်တော့ပေ။ သို့သော် ဘုရားသခင်သည် အာဗြဟံအား ထိုအမွေတော်ကို ကတိတော်အားဖြင့် ပေးသနားတော်မူပြီ။ Common Language Bible အကယ်၍ဘုရားသခင်၏ဆုကျေးဇူးတော် သည် ပညတ်တရားအပေါ်၌မူတည်လျှင် ထို ဆုကျေးဇူးတော်သည်ကတိတော်အပေါ်၌ မူမတည်တော့ပေ။ သို့ရာတွင်ဘုရားသခင် သည်ကတိတော်ကြောင့် အာဗြဟံအားထိုဆု ကျေးဇူးတော်ကိုပေးသနားတော်မူသတည်း။ Garrad Bible အ ကယ်၍ ပ ညတ် တ ရား ကြောင့် အ မွေ ရ သည် မှန် လျင် က တိ တော် ကြောင့် ရ သည် မ ဟုတ်။ သို့ ရာ တွင် က တိ တော် အား ဖြင့် အာ ဗြ ဟံ အား ဘု ရား သ ခင် သ နား တော် မူ ပြီ။ Judson Bible ထိုမှတစ်ပါး၊ အမွေတော်သည် ပညတ်တရားနှင့် စပ်ဆိုင်လျှင် ကတိတော်နှင့်မစပ်ဆိုင်။ ဘုရားသခင်သည် ကတိတော်အားဖြင့် အာဗြဟံအား ထိုအမွေတော်ကို သနားတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍ ပညတ်တရားကို လိုက်နာမှသာ အမွေရမည်မှန်လျှင် ထိုအမွေမှာ ကတိတော်ကြောင့် ရသည်မဟုတ်တော့ပေ။ သို့သော် ဘုရားသခင်သည် အာဗြဟံအား ထိုအမွေကို ကတိတော်အရ ပေးသနားတော်မူခြင်း ဖြစ်၏။ |
အကြောင်းမူကား ကိုယ်တော်သည် မိမိအစေအပါးအာဗြဟံအား ပေးထားသည့် သန့်ရှင်းသောကတိတော်ကို သတိရတော်မူ၏။
ထိုသို့ သားသမီးများဖြစ်ကြလျှင် အမွေခံများလည်း ဖြစ်ကြ၏။ ငါတို့သည် ခရစ်တော်နှင့်အတူဘုန်းတော်ချီးမြှောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွေခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူအမွေဆက်ခံသူများလည်း ဖြစ်ကြ၏။
ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို မပစ်ပယ်။ အကြောင်းမူကား ဖြောင့်မတ်ခြင်းကို ပညတ်တရားအားဖြင့်ရရှိနိုင်လျှင် ခရစ်တော်သည် အချည်းနှီးအသေခံတော်မူပြီ။
“ပညတ်တရားကျမ်း၌ ရေးထားသမျှသောအရာတို့ကို အမြဲမကျင့်သုံးသောသူတိုင်းသည် ကျိန်ခြင်းကိုခံရ၏”ဟု ရေးထားသည်ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန်ခြင်းအောက်၌ရှိကြ၏။
သို့သော် ပညတ်တရားသည် ယုံကြည်ခြင်းနှင့်ဆိုင်သည်မဟုတ်ဘဲ “ပညတ်တရားတို့ကို ကျင့်သုံးသောသူသည် ၎င်းတို့အားဖြင့် အသက်ရှင်မည်”ဖြစ်၏။
ဘုရားသခင်သည် အာဗြဟံနှင့်သူ၏အမျိုးအနွယ်အား ကတိပေးတော်မူရာ၌ အများကိုရည်ညွှန်း၍ “အမျိုးအနွယ်တို့”ဟု မိန့်တော်မမူဘဲ တစ်ယောက်သောသူကိုသာရည်ညွှန်း၍ “သင်၏အမျိုးအနွယ်”ဟု မိန့်တော်မူ၏။ ထိုသူကား ခရစ်တော်ဖြစ်၏။
အကြောင်းမူကား သင်တို့အားလုံးသည် ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။
သင်တို့သည် ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ဖြစ်၍ ကတိတော်အရ အမွေခံများဖြစ်ကြ၏။