ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။
ဂလာတိ 2:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုအထင်ကရဖြစ်သောသူတို့သည် ယခင်က မည်ကဲ့သို့သောသူဖြစ်ပါစေ ငါ့အတွက်အကြောင်းမဟုတ်။ ဘုရားသခင်သည် လူ့မျက်နှာကိုထောက်တော်မမူ။ အမှန်စင်စစ် ထိုအထင်ကရဖြစ်သောသူတို့သည် ငါ့အပေါ် မည်သည့်အရာကိုမျှ မဖြည့်စွက်ခဲ့ကြပေ။ Common Language Bible ခေါင်းဆောင်များဟုထင်မှတ်ရသူတို့သည် ငါ့အားအကြံဉာဏ်သစ်မပေးကြ။ သူတို့ သည်အကယ်ပင်ခေါင်းဆောင်များဟုတ် သည်မဟုတ်သည်မှာ ငါ၏အတွက်အရေး မကြီးပါ။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်သည်အပြင်ပုံသဏ္ဌာန်အားဖြင့် လူ တို့အားအကဲဖြတ်တော်မမူသောကြောင့် ပင်ဖြစ်၏။- Garrad Bible ဘု ရား သ ခင် သည် လူ တို့ ကို မျက် နှာ မ ရွေး သည့် အ လျောက် အ ကြီး အ မှူး တို့ မည် မျှ လောက် ကျော် စော သည် ကို ငါ အ ရေး မ ယူ ရ သည် နှင့်၊ Judson Bible အသရေထင်ရှားသောသူတို့သည် အထက်က အဘယ်သို့သောသူ ဖြစ်ကြသည်ကိုငါမဆိုင်။ ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ ထိုသူတို့နှင့် ငါသည် ပေါင်းဖော်၍ ထူးခြားသောအရာကို မခံရသည်သာမက၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုခေါင်းဆောင်များသည် ယခင်က မည်ကဲ့သို့သောသူပင် ဖြစ်ခဲ့ပါစေ ကျွန်ုပ်အတွက် အရေးမကြီးပေ။ ဘုရားသခင်သည် မျက်နှာလိုက်တော်မမူတတ်။ ထိုသူတို့သည် ကျွန်ုပ်၏ ဟောပြောခြင်းအပေါ် မည်သည့်အရာမျှ မဖြည့်စွက်ခဲ့ကြပေ။ |
ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။
ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်၏လူများနှင့်အတူ အထံတော်သို့စေလွှတ်ကာ “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီ သွန်သင်ကြောင်းကိုလည်းကောင်း၊ လူ့မျက်နှာကိုမထောက်သောကြောင့် မည်သူ့ကိုမျှ အားမနာကြောင်းကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။
သူတို့သည်လာ၍ ကိုယ်တော်အား “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး မည်သူ့ကိုမျှအားမနာကြောင်း အကျွန်ုပ်တို့သိကြပါ၏။ အဘယ်ကြောင့်ဆိုသော် ဆရာသည် လူ့မျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီသွန်သင်ပါ၏။ ဆီဇာဧကရာဇ်ကို အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော။ အကျွန်ုပ်တို့ဆက်သသင့်သလော၊ သို့မဟုတ် မဆက်သသင့်သလော”ဟု မေးလျှောက်ကြ၏။
ထိုသူလျှိုတို့က “ဆရာ၊ ဆရာသည် မှန်ကန်စွာဟောပြောသွန်သင်၍ လူ့မျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီသွန်သင်ကြောင်း အကျွန်ုပ်တို့သိကြပါ၏။
အကြောင်းမူကား တစ်ခါက သုဒသည်ပေါ်လာ၍ မိမိကိုယ်ကိုအရေးပါသူဖြစ်သည်ဟုဆိုသဖြင့် အရေအတွက်အားဖြင့် လေးရာခန့်ရှိသောသူတို့သည် သူ့နောက်သို့လိုက်ခဲ့ကြ၏။ သို့သော် သူသည် အသတ်ခံရပြီး သူ့နောက်သို့လိုက်သောသူအားလုံးတို့သည် တကွဲတပြားဖြစ်ကြလျက် မည်သို့မျှအရာမထင်ခဲ့ချေ။
ငါသည် မိုက်မဲသောသူဖြစ်ခဲ့လေပြီ။ သင်တို့သည် ငါ့ကို အတင်းအကျပ် ထိုသို့ဖြစ်စေကြ၏။ အမှန်စင်စစ် ငါသည် သင်တို့၏ထောက်ခံချီးကျူးမှုကို ခံထိုက်၏။ အကြောင်းမူကား ငါသည် မပြောပလောက်သောသူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှမညံ့ပေ။
ထို့ကြောင့် ယခုမှစ၍ ငါတို့သည် မည်သူ့ကိုမျှ သွေးသားဇာတိသဘောဖြင့် မသိမှတ်တော့ပေ။ ငါတို့သည် ခရစ်တော်ကို သွေးသားဇာတိသဘောဖြင့် သိမှတ်ခဲ့လျှင်လည်း ယခုတွင် ထိုသို့မသိမှတ်တော့ပေ။
ဤသည်ကား ဗျာဒိတ်တော်အရသွားခြင်းဖြစ်၏။ ထိုအခါ ငါသည် လူမျိုးခြားတို့ထဲ၌ ငါဟောပြောသည့် ကောင်းမြတ်သောသတင်းကို သူတို့အားတင်ပြပြီး အထင်ကရဖြစ်သောသူတို့ကိုမူကား သီးသန့်တင်ပြခဲ့၏။ ထိုသို့တင်ပြခဲ့ခြင်းမှာ ငါကြိုးစားအားထုတ်နေသောအရာဖြစ်စေ၊ ကြိုးစားအားထုတ်ခဲ့သောအရာဖြစ်စေ အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးမဖြစ်စေရန်ဖြစ်၏။
တစ်စုံတစ်ယောက်သည် ဘာမျှမဟုတ်ဘဲလျက် မိမိကိုယ်ကိုအရေးပါသူဟု ထင်မှတ်လျှင် သူသည် မိမိကိုယ်ကိုလှည့်ဖြား၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားတကာတို့၏ဘုရား၊ သခင်တကာတို့၏သခင်၊ ကြီးမြတ်၍တန်ခိုးနှင့်ပြည့်စုံသောဘုရား၊ အံ့ဩဖွယ်ကောင်းသောဘုရား ဖြစ်တော်မူ၏။ မျက်နှာမလိုက်၊ တံစိုးလက်ဆောင်ကိုလက်မခံ၊
သင်တို့၏ခေါင်းဆောင်များသည် ဖြေရှင်းချက်ပေးရမည့်သူအဖြစ် သင်တို့၏စိတ်ဝိညာဉ်အတွက် နိုးနိုးကြားကြားရှိနေကြသည်ဖြစ်၍ သူတို့သည် ညည်းတွားခြင်းမရှိဘဲ ဝမ်းမြောက်စွာဖြင့် ထိုအမှုကိုဆောင်ရွက်နိုင်ရန် သူတို့စကားကိုနားထောင်လျက် ကျိုးနွံနာခံကြလော့။ သို့မဟုတ်လျှင် သင်တို့အတွက် အကျိုးရှိလိမ့်မည်မဟုတ်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့အားဟောပြောခဲ့သည့် သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏အသက်ရှင်နေထိုင်မှုမှထွက်ပေါ်လာသည့် အကျိုးတရားကိုကြည့်ရှုဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို အတုယူကြလော့။
သင်တို့သည် လူတို့အား မျက်နှာလိုက်ခြင်းမရှိဘဲ တစ်ဦးစီတို့ပြုသောအမှုအတိုင်း တရားစီရင်တော်မူသောအရှင်ကို အဖဟုခေါ်ကြလျှင် ဤလောကတွင် ဧည့်သည်အဖြစ်နေထိုင်စဉ်ကာလတစ်လျှောက်လုံး ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အသက်ရှင်နေထိုင်ကြလော့။