လူသည် ဘုရားသခင်ရှေ့တွင် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။ မိန်းမမှမွေးသောလူသည် မည်သို့သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။
ဂလာတိ 2:16 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် လူသည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြောင်း သိကြသဖြင့် ငါတို့သည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ခရစ်တော်ယေရှုကို ယုံကြည်ကြ၏။ အကြောင်းမူကား ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့် မည်သူမျှ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ Common Language Bible သို့ရာတွင်လူသည်ပညတ်တရားကိုစောင့်ထိန်း ခြင်းအားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက် ဆံခွင့်ကိုမရနိုင်ကြောင်း၊ ခရစ်တော်ကိုယုံကြည် ခြင်းအားဖြင့်သာလျှင်ရနိုင်ကြောင်းကိုငါတို့ သိကြ၏။ ငါတို့သည်လည်းပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော် ကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ရန် ခရစ် တော်ယေရှုကိုယုံကြည်ကြ၏။ အဘယ်ကြောင့် ဆိုသော်ပညတ်တရားကိုစောင့်ထိန်းခြင်း အားဖြင့် မည်သူမျှဘုရားသခင်နှင့်မှန်ကန် စွာဆက်ဆံခွင့်ကိုမရနိုင်သောကြောင့်ဖြစ်၏။- Judson Bible ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ကြသည်ကို၊ အပြစ်ထင်ရှားသော တစ်ပါး အမျိုးသားမဟုတ်ဘဲ၊ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သောငါတို့သည် အမှန်သိသည်နှင့်အညီ ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ၊ ငါတို့ပင် ယေရှုခရစ်ကို ယုံကြည်ကြပြီ။ အကြောင်းမူကား၊ ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ သတ်မှတ်ခံရကြောင်း ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့သည်လည်း ပညတ်တရားကို လိုက်နာခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ယေရှုခရစ်တော်ကို ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်သောကြောင့် ဖြစ်၏။ |
လူသည် ဘုရားသခင်ရှေ့တွင် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။ မိန်းမမှမွေးသောလူသည် မည်သို့သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။
ငါ၌အပြစ်ရှိသည်ဟု စီရင်ခြင်းကိုခံရမည်ဆိုလျှင် အဘယ်ကြောင့် ဤသို့အချည်းနှီးကြိုးစားအားထုတ်နေရမည်နည်း။
ကိုယ်တော်၏အစေအပါးနှင့်အတူ တရားစီရင်ရာသို့ ဝင်တော်မမူပါနှင့်။ အကြောင်းမူကား အသက်ရှင်သောသူတစ်စုံတစ်ဦးမျှ ကိုယ်တော်၏ရှေ့တော်၌ ဖြောင့်မတ်သည်ဟူ၍မရှိပါ။
သို့သော် ယေရှုသည် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်ကြောင်းကို သင်တို့ယုံကြည်ကြရန်နှင့် ထိုသို့ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နာမတော်၌ အသက်ကိုရရှိကြရန် ဤအရာများကိုရေးထားခြင်းဖြစ်၏။
ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါတို့အားကယ်တင်မည့်အခြားသောနာမကို ကောင်းကင်အောက် လူတို့၌ပေးအပ်ထားခြင်းမရှိ”ဟု သူတို့အားဆိုလေ၏။
အဘယ်ကြောင့်ဆိုသော် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ယုံကြည်ခြင်းအပေါ်အခြေခံလျက် ယုံကြည်ခြင်းသို့ပို့ဆောင်သည့်ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည် ဤကောင်းမြတ်သောသတင်း၌ထင်ရှားလျက်ရှိ၏။
ယုံကြည်ခြင်းအားဖြင့် အရေဖျားလှီးထားသောသူကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ အရေဖျားမလှီးသောသူကိုလည်း ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောဘုရားသခင်သည် အမှန်ပင် တစ်ဆူတည်းဖြစ်တော်မူ၏။
အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မှန်လျှင် သူ၌ဝါကြွားစရာအကြောင်းရှိ၏။ သို့ရာတွင် ဘုရားသခင်ရှေ့တော်၌ ထိုသို့မဟုတ်ပေ။
ငါတို့အတွက်ပါ ရေးထားခြင်းဖြစ်၏။ တစ်နည်းဆိုသော် ငါတို့၏သခင်ယေရှုအား သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောအရှင်ကို ယုံကြည်သည့် ငါတို့ကိုလည်း ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူလိမ့်မည်။
ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏။
သို့ဖြစ်လျှင် ငါတို့သည် မည်သို့ဆိုရမည်နည်း။ ဖြောင့်မတ်ခြင်းကိုရရှိရန် မကြိုးစားသောလူမျိုးခြားတို့သည် ဖြောင့်မတ်ခြင်းကိုခံယူရရှိကြ၏။ တစ်နည်းဆိုသော် ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်းဖြစ်၏။
သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူများဖြစ်ခဲ့ကြ၏။ သို့သော် သင်တို့သည် သခင်ယေရှုခရစ်တော်၏နာမတော်နှင့် ငါတို့ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်းခံရ၍ သန့်ရှင်းစေခြင်းခံရကာ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။
ဤသည်ကား ပညတ်တရားအောက်၌ရှိသောသူတို့ကို ရွေးနုတ်တော်မူသဖြင့် ငါတို့သည် သားသမီးအရာကိုရရှိကြရန်ဖြစ်၏။
ပညတ်တရားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံလိုသောသင်တို့သည် ခရစ်တော်ထံမှ ဖယ်ရှားခြင်းခံရ၍ ကျေးဇူးတော်ထံမှ ရွေ့လျောသွားကြပြီ။
ဤသည်ကား ငါသည် ပညတ်တရားနှင့်ဆိုင်သော ငါ၏ဖြောင့်မတ်ခြင်းမဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအပေါ်၌အခြေခံသည့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုရရှိ၍ ခရစ်တော်ကိုရရှိကာ ကိုယ်တော်၌ တွေ့မြင်ခြင်းခံရရန်အတွက်ဖြစ်၏။
ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်
ယေရှုခရစ်တော်၏အစေအပါးနှင့်တမန်တော်ဖြစ်သောငါရှိမုန်ပေတရုသည် ငါတို့ဘုရားသခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ငါတို့နည်းတူ အဖိုးထိုက်သည့်ယုံကြည်ခြင်းကို ခံယူရရှိသောသူတို့ထံသို့ စာရေးလိုက်ပါ၏။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။
ငါကလည်း “သခင်၊ ကိုယ်တော်သိပါ၏”ဟု ပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲမှ ထွက်လာသောသူများဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ဝတ်လုံများကို သိုးသငယ်တော်၏သွေးတော်အားဖြင့် လျှော်ဖွပ်လျက် ဖြူဖွေးစေကြ၏။
ထို့နောက် ငါကြည့်လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနှင့် ဘာသာစကားအသီးသီးတို့မှ မည်သူမျှမရေတွက်နိုင်သည့်များစွာသောလူအစုအဝေးသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားလျက် သူတို့လက်၌ စွန်ပလွံခက်များကိုင်ဆောင်ကာ ပလ္လင်တော်နှင့်သိုးသငယ်တော်ရှေ့တွင် ရပ်နေကြ၏။