ထိုအခြင်းအရာကို ဖာရိရှဲတို့မြင်လျှင် တပည့်တော်တို့အား “သင်တို့၏ဆရာသည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း”ဟု မေးမြန်းကြ၏။
ဂလာတိ 2:15 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် အပြစ်သားလူမျိုးခြားတို့ထဲမှမဟုတ်ဘဲ ဇာတိအားဖြင့် ဂျူးလူမျိုးများဖြစ်ကြ၏။ Common Language Bible ငါတို့ကိုယ်တိုင်ပင်လျှင်ဇာတိအားဖြင့်ယုဒ အမျိုးသားများဖြစ်ကြ၏။ ``အပြစ်ကူးသူ လူမျိုးခြားများ'' မဟုတ်ကြ။- Garrad Bible ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် လူ သ တ္တ ဝါ တစ် ဦး မျှ ဖြောင့် မတ် ရာ မ ရောက် နိုင် ဟူ သော ကျမ်း ချက် အ ရ ဇာ တိ အ လျောက် လူ မျိုး ခြား အ ပြစ် သား များ မ ဟုတ်၊ ယု ဒ လူ မျိုး ဖြစ် သော ငါ တို့ သည် ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် မည် သူ မျှ ဖြောင့် မတ် ရာ မ ရောက်။ ခ ရစ် တော် ယေ ရှု ကို ယုံ ကြည် ခြင်း ကြောင့် သာ ရောက် ကြောင်း သိ ကြ သ ဖြင့် ငါ တို့ ပင် ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် မ ဟုတ်၊ ခ ရစ် တော် ကို ယုံ ကြည် ခြင်း ဖြင့် ဖြောင့် မတ် ရာ ရောက် ရန် ခ ရစ် တော် ယေ ရှု ကို ယုံ ကြည် ကြ သည် ဟူ၍ တည်း။ Judson Bible လူတို့သည် ပညတ်တရား၏အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် အပြစ်သားလူမျိုးခြားများ မဟုတ်ဘဲ မွေးဖွားလာကတည်းကပင် ဂျူးလူမျိုးများ ဖြစ်ကြ၏။ |
ထိုအခြင်းအရာကို ဖာရိရှဲတို့မြင်လျှင် တပည့်တော်တို့အား “သင်တို့၏ဆရာသည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း”ဟု မေးမြန်းကြ၏။
ကိုယ်တော်က ‘လူ့သားသည် အပြစ်သားတို့၏လက်သို့အပ်နှံခြင်းကိုခံရလျက် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရပြီး သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်’ဟူ၍ မိန့်တော်မူခဲ့သည်မဟုတ်လော”ဟု မြွက်ဆိုကြ၏။
ထိုအခါ ကိုယ်တော်က‘သွားလော့။ ငါသည် သင့်ကို လူမျိုးခြားတို့ရှိရာ ဝေးသောအရပ်သို့ စေလွှတ်မည်’ဟု အကျွန်ုပ်အား မိန့်တော်မူသည်”ဟု ဆိုလေ၏။
သို့ဖြစ်လျှင် မည်သို့နည်း။ ငါတို့သည် သာ၍ကောင်းမြတ်သလော။ လုံးဝမဟုတ်ပေ။ အကြောင်းမူကား ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ လူအပေါင်းတို့သည် အပြစ်တရားအောက်၌ရှိကြောင်း အထက်က ငါတို့ထောက်ပြခဲ့ပြီ။
ထို့ကြောင့် ကတိတော်သည် ယုံကြည်ခြင်းနှင့်ဆိုင်၏။ ဤသည်ကား ထိုကတိတော်ကို ကျေးဇူးတော်အားဖြင့်ဖြစ်စေ၍ ပညတ်တရားနှင့်ဆိုင်သောအမျိုးအနွယ်အတွက်သာမကဘဲ အာဗြဟံ၏ယုံကြည်ခြင်းနှင့်ဆိုင်သည့်အမျိုးအနွယ်အပါအဝင် အမျိုးအနွယ်ရှိသမျှတို့အတွက် တည်မြဲစေရန်ဖြစ်၏။
သို့ရာတွင် ငါတို့သည် ခရစ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ရှာကြံနေကြစဉ် ငါတို့ကိုယ်တိုင် အပြစ်သားများဖြစ်ကြောင်းတွေ့ရှိရသည်ဆိုလျှင် ခရစ်တော်သည် အပြစ်တရား၏အမှုကိုဆောင်ရွက်သူဖြစ်သလော။ လုံးဝမဟုတ်ပေ။
ငါတို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ထဲတွင်ပါလျက် မိမိတို့သွေးသားဇာတိ၏တပ်မက်ခြင်းများထဲ၌ အသက်ရှင်နေထိုင်ခဲ့ပြီး ကိုယ်ကာယနှင့်စိတ်နှလုံးတို့၏အလိုအတိုင်းပြု၍ အခြားသောသူတို့ကဲ့သို့ပင် သဘာဝအလျောက် အမျက်တော်ခံထိုက်သောသူများဖြစ်ကြ၏။
သို့သော် အသွေးအသား၌ကိုးစားစရာလည်း ငါ၌ရှိပါ၏။ အခြားသူတစ်စုံတစ်ဦးသည် အသွေးအသား၌ကိုးစားစရာရှိသည်ဟု ထင်မှတ်လျှင် ငါ၌ ပို၍ပင်ရှိ၏။
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။
ထာဝရဘုရားသည် မိမိအမှုတော်ကိုထမ်းဆောင်ရန် သင့်ကို စေလွှတ်ခဲ့၏။ သင့်အား ‘အပြစ်သားအာမလက်လူမျိုးတို့ကို သွားရောက်ချေမှုန်းလော့။ တစ်ယောက်မကျန်အကုန်ချေမှုန်းလော့’ဟု မိန့်တော်မူခဲ့၏။