ဂလာတိ 2:15 - Common Language Bible15 ငါတို့ကိုယ်တိုင်ပင်လျှင်ဇာတိအားဖြင့်ယုဒ အမျိုးသားများဖြစ်ကြ၏။ ``အပြစ်ကူးသူ လူမျိုးခြားများ'' မဟုတ်ကြ။- အခန်းကိုကြည့်ပါ။Garrad Bible15-16 ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် လူ သ တ္တ ဝါ တစ် ဦး မျှ ဖြောင့် မတ် ရာ မ ရောက် နိုင် ဟူ သော ကျမ်း ချက် အ ရ ဇာ တိ အ လျောက် လူ မျိုး ခြား အ ပြစ် သား များ မ ဟုတ်၊ ယု ဒ လူ မျိုး ဖြစ် သော ငါ တို့ သည် ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် မည် သူ မျှ ဖြောင့် မတ် ရာ မ ရောက်။ ခ ရစ် တော် ယေ ရှု ကို ယုံ ကြည် ခြင်း ကြောင့် သာ ရောက် ကြောင်း သိ ကြ သ ဖြင့် ငါ တို့ ပင် ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် မ ဟုတ်၊ ခ ရစ် တော် ကို ယုံ ကြည် ခြင်း ဖြင့် ဖြောင့် မတ် ရာ ရောက် ရန် ခ ရစ် တော် ယေ ရှု ကို ယုံ ကြည် ကြ သည် ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible15 လူတို့သည် ပညတ်တရား၏အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ငါတို့သည် အပြစ်သားလူမျိုးခြားတို့ထဲမှမဟုတ်ဘဲ ဇာတိအားဖြင့် ဂျူးလူမျိုးများဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း15 ကျွန်ုပ်တို့သည် အပြစ်သားလူမျိုးခြားများ မဟုတ်ဘဲ မွေးဖွားလာကတည်းကပင် ဂျူးလူမျိုးများ ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်ပါမူငါတို့ယုဒလူမျိုးသည်လူ မျိုးခြားတို့ထက်အဘယ်သို့လျှင် သာလွန် ကောင်းမွန်သည့်အခြေအနေတွင်ရှိကြ သနည်း။ မည်သို့မျှသာလွန်ကောင်းမွန်သည့် အခြေအနေတွင်မရှိကြ။ ယုဒလူမျိုး ရောလူမျိုးခြားပါအပြစ်၏အာဏာစက် အောက်တွင်ရှိကြကြောင်းငါအထက်က ဖော်ပြခဲ့ပြီးဖြစ်၏။-
သို့ဖြစ်၍အာဗြဟံသားမြေးအပေါင်းတို့ သည်ဘုရားသခင်၏ကတိတော်ကိုအခမဲ့ ခံစားခွင့်ရှိကြောင်း အာမခံချက်ရှိစေရန် ကိုယ်တော်သည်အာဗြဟံ၏ယုံကြည်မှုအပေါ် တွင်အခြေခံ၍ကတိထားတော်မူ၏။ ထို ကတိတော်သည်ပညတ်တရားကိုစောင့်ထိန်း သူများအတွက်သာလျှင်မဟုတ်။ အာဗြဟံ ကဲ့သို့ဘုရားသခင်ကိုယုံကြည်သူတို့ အတွက်လည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည်ငါတို့အားလုံး၏အဖဖြစ် သောကြောင့်တည်း။-
သို့ဖြစ်၍ငါတို့သည်ခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်ခြင်းအားဖြင့် ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ရန်ကြိုး စားကြရာတွင် မိမိတို့သည်လည်းလူမျိုးခြား တို့နည်းတူအပြစ်ကူးသူများဖြစ်ကြောင်း တွေ့ရှိကြပါလျှင် ခရစ်တော်သည်ငါတို့ အပြစ်ကူးမှုကိုအားပေးသည်ဟုဆိုနိုင် မည်လော။ အဘယ်နည်းနှင့်မျှမဆိုနိုင်။-
အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-