ထို့နောက် ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်သို့ ငါသွားခဲ့၏။
ထိုနောက်ငါသည်ရှုရိနှင့်ကိလိကိနယ်များသို့ သွားရောက်၏။-
ထို နောက် ငါ သည် ရှု ရိ နှင့် ကိ လိ ကိ ပြည် သို့ သွား သော အ ခါ၊
ထိုနောက်ရှုရိပြည်၊ ကိလိကိပြည်သို့ ငါသွား၍၊-
ထို့နောက်တွင်မူ ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်သို့ ကျွန်ုပ်သွားခဲ့၏။
ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။
အန္တိအုတ်မြို့၌ရှိသောအသင်းတော်တွင် ဗာနဗ၊ နိဂါဟုခေါ်သောရှိမောင်၊ ကုရေနေမြို့သားလုကိ၊ နယ်စားဟေရုဒ်နှင့်နို့စို့ဖက်ဖြစ်သူမာနင်နှင့် ရှောလု စသည့်ပရောဖက်များနှင့်ဆရာများရှိကြ၏။
ထိုသူတို့မှတစ်ဆင့်ပေးလိုက်သော စာ၌ကား “တမန်တော်များနှင့်အသင်းတော်အကြီးအကဲများဖြစ်ကြသော ညီအစ်ကိုတို့သည် အန္တိအုတ်မြို့၊ ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်ရှိ လူမျိုးခြားထဲမှ ညီအစ်ကိုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။
သူသည် ဆီးရီးယားပြည်နှင့်ဆီလီဆီးယားပြည်တို့ကို လှည့်လည်၍ အသင်းတော်များကို ခိုင်ခံ့မြဲမြံစေ၏။
ထို့နောက် ပေါလုသည် ရက်ပေါင်းများစွာဆက်၍နေပြီးမှ ညီအစ်ကိုများကိုနှုတ်ဆက်ကာ ဆီးရီးယားပြည်သို့ ရွက်လွှင့်သွားလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည်လည်း သူနှင့်အတူလိုက်ပါကြ၏။ ပေါလုသည် အဓိဋ္ဌာန်ပြုထားသည်ဖြစ်၍ ရွက်မလွှင့်မီ ကင်ခြေမြို့တွင် မိမိဦးခေါင်းကိုရိတ်လေ၏။
ဆိုက်ပရပ်ကျွန်းကိုမြင်ကြသောအခါ ထိုကျွန်းကို လက်ဝဲဘက်မှဖြတ်ကျော်လျက် ဆီးရီးယားပြည်သို့ ရွက်လွှင့်ကြ၏။ သင်္ဘောသည် တိုင်ရာမြို့၌ ကုန်ပစ္စည်းချရန်ရှိသောကြောင့် ထိုမြို့တွင်ဆိုက်လေ၏။
ပေါလုကလည်း “အကျွန်ုပ်သည် ဂျူးလူမျိုးဖြစ်ပြီး ဆီလီဆီးယားပြည်၏ထင်ရှားသောမြို့ဖြစ်သည့် တာရှုမြို့မှလာသော ပြည်သားတစ်ယောက်ဖြစ်ပါသည်။ လူတို့အား စကားပြောခွင့်ပြုရန် သင့်ကို အကျွန်ုပ်တောင်းပန်ပါသည်”ဟု ဆိုလေ၏။
“အကျွန်ုပ်သည် ဆီလီဆီးယားပြည်၊ တာရှုမြို့၌မွေးဖွားခဲ့သော ဂျူးလူမျိုးတစ်ဦးဖြစ်ပါသည်။ သို့သော် ဤမြို့တွင် ကြီးပြင်းလာ၍ ဂါမလျေလ၏ခြေရင်း၌ ဘိုးဘေးတို့မှဆက်ခံသော ပညတ်တရားနှင့်အညီ တင်းကျပ်စွာ ဆုံးမသွန်သင်ခြင်းကိုခံယူပြီး ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါသည်။
ဘုရင်ခံသည် စာကိုဖတ်ပြီးနောက် ပေါလုအား မည်သည့်ပြည်သားဖြစ်သနည်းဟုမေး၍ ဆီလီဆီးယားပြည်သားဖြစ်ကြောင်း ကြားသိလျှင်
ထိုအခါ “လိဗေရတိန်”ဟု အမည်တွင်သည့် ဝတ်ပြုစည်းဝေးကျောင်းမှ လူအချို့ဖြစ်ကြသော ကုရေနေမြို့သားများ၊ အလက်ဇန္ဒြိယမြို့သားများမှစ၍ ဆီလီဆီးယားပြည်နှင့် အာရှပြည်တို့မှလာသောသူတို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံပြောဆိုကြ၏။
ထိုအကြောင်းကို ညီအစ်ကိုတို့ကြားသိကြသောအခါ သူ့ကို ဆီဇာရီးယားမြို့သို့ ခေါ်ဆောင်သွား၍ တာရှုမြို့သို့လွှတ်လိုက်ကြ၏။