ပေတရုနှင့်အတူလိုက်ပါလာသည့် အရေဖျားလှီးထားသော ယုံကြည်သူရှိသမျှတို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသောကောင်းချီးလက်ဆောင်ကို လူမျိုးခြားတို့အပေါ်၌လည်း သွန်းလောင်းတော်မူသည့်အတွက် အလွန်အံ့ဩကြ၏။
ကောလောသဲ 4:11 - မြန်မာ့စံမီသမ္မာကျမ်း ယုစတုဟုခေါ်သောယေရှုလည်း သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ အရေဖျားလှီးထားသောသူတို့ထဲတွင် ဤသူတို့သာလျှင် ဘုရားသခင်၏နိုင်ငံတော်အတွက် ငါနှင့်အတူလုပ်ဆောင်သောသူများဖြစ်ကြပြီး ငါ့အား နှစ်သိမ့်မှုပေးသောသူများဖြစ်ကြ၏။ Garrad Bible လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ပြီး သူ တို့ အ နက် ထို သူ တို့ သာ လျှင် ဘု ရား သ ခင့် နိုင် ငံ တော် အ လို့ ငှာ ငါ့ လုပ် ဖော် ဆောင် ဖက် ငါ့ ကို နှစ် သိမ့် စေ သူ များ ဖြစ် ကြ၏။ Judson Bible အရေဖျားလှီးခြင်းကိုခံသော သူတို့တွင် ဤသူတို့သာ ဘုရားသခင်၏နိုင်ငံတော်အဖို့ ငါနှင့်အတူ အမှုဆောင်သောသူဖြစ်၍၊ ငါ့စိတ်ကို သက်သာစေကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုတ္တုခေါ် ယေရှုသည်လည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ ဘုရားသခင်၏ နိုင်ငံတော်အတွက် ဆောင်ရွက်ကြသော ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များအနက် ဤသူတို့သာလျှင် ဂျူးလူမျိုးများ ဖြစ်ပြီး ကျွန်ုပ်ကို အမှန်တကယ် အကူအညီပေးသောသူများ ဖြစ်ကြ၏။ |
ပေတရုနှင့်အတူလိုက်ပါလာသည့် အရေဖျားလှီးထားသော ယုံကြည်သူရှိသမျှတို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသောကောင်းချီးလက်ဆောင်ကို လူမျိုးခြားတို့အပေါ်၌လည်း သွန်းလောင်းတော်မူသည့်အတွက် အလွန်အံ့ဩကြ၏။
သို့ဖြစ်၍ ပေတရုသည် ဂျေရုဆလင်မြို့သို့ တက်ရောက်လာသောအခါ အရေဖျားလှီးထားသောသူတို့က
ခရစ်တော်ယေရှု၌ ငါ၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည့် ပြစ်ကိလနှင့်အာကုလတို့ကို နှုတ်ဆက်ပေးကြလော့။
ထို့ပြင် အာဗြဟံအား အရေဖျားလှီးထားသောသူတို့၏အဖဖြစ်စေရန်နှင့် အရေဖျားလှီးထားသောသူသာမကဘဲ အရေဖျားမလှီးမီကပင် ငါတို့အဖအာဗြဟံ၌ရှိသော ယုံကြည်ခြင်းခြေရာကို လိုက်လျှောက်သောသူတို့၏အဖလည်း ဖြစ်စေရန်အတွက်ဖြစ်၏။
ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည်နှင့်အညီ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို အချည်းနှီးမခံယူကြနှင့်ဟု သင်တို့အားတိုက်တွန်းနှိုးဆော်ပါ၏။
ထို့ကြောင့် တစ်ချိန်က သင်တို့သည် ဇာတိအားဖြင့် လူမျိုးခြားများဖြစ်ကြပြီး ကိုယ်ကာယ၌ လက်ဖြင့်အရေဖျားလှီးထားသောသူတို့က သင်တို့ကို အရေဖျားမလှီးသောသူဟု ခေါ်ဝေါ်ခဲ့ကြသည်ကို သတိရကြလော့။
အချင်းစစ်မှန်သောရဲဘော်ရဲဘက်၊ ထိုအမျိုးသမီးတို့ကို ကူညီမစရန် သင့်ကိုလည်း ငါတောင်းပန်၏။ သူတို့သည် အသက်စာစောင်တွင် နာမည်ပါသူများဖြစ်ကြသည့် ကလေမင်မှစ၍ အခြားသောငါ၏လုပ်ဖော်ဆောင်ဖက်များနှင့်တကွ ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူလက်တွဲလုပ်ဆောင်ခဲ့သူများဖြစ်ကြ၏။
သခင်ဘုရား၌ အစေအပါးချင်းဖြစ်ပြီး သစ္စာရှိသောအမှုတော်ဆောင်ဖြစ်သည့် ချစ်ရသောညီတုခိတ်သည် ငါနှင့်ပတ်သက်သည့်အကြောင်းအရာရှိသမျှတို့ကို သင်တို့အား ပြောပြလိမ့်မည်။
ခရစ်တော်၏ကောင်းမြတ်သောသတင်း၌ ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်သော ငါတို့၏ညီ တိမောသေကို စေလွှတ်လိုက်၏။ သူ့ကိုစေလွှတ်ခြင်းမှာ သင်တို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်တို့ကို တိုက်တွန်းနှိုးဆော်၍ ခိုင်ခံ့မြဲမြံစေရန်နှင့်
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ခက်ခဲကျပ်တည်းခြင်းနှင့်ဆင်းရဲဒုက္ခအမျိုးမျိုးကိုခံရစဉ်တွင် သင်တို့၏ယုံကြည်ခြင်းကြောင့် သင်တို့နှင့်ပတ်သက်၍ နှစ်သိမ့်မှုကိုခံစားရကြ၏။
အကြောင်းမူကား နာခံမှုမရှိသောသူ၊ အကျိုးမဲ့စကားပြောဆိုသောသူနှင့် လိမ်လည်သောသူ များစွာရှိကြ၏။ အထူးသဖြင့် အရေဖျားလှီးထားသောသူတို့ထဲတွင်ရှိကြ၏။
ခရစ်တော်ယေရှုနှင့်ဆိုင်သောအကျဉ်းသားငါပေါလုနှင့် ငါ့ညီတိမောသေတို့သည် ချစ်ရသောငါတို့၏လုပ်ဖော်ဆောင်ဖက် ဖိလေမုန်မှစ၍
ငါ၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည့် မာကု၊ အာရိတ္တာခု၊ ဒေမနှင့် လုကာတို့သည် သင့်ကိုနှုတ်ဆက်ကြပါ၏။