ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။
ကောလောသဲ 2:9 - မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားဇာတိအဖြစ်တော်၏ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ခန္ဓာအသွင်အားဖြင့် ကိန်းဝပ်တော်မူ၏။ Common Language Bible လူ့ဇာတိအဖြစ်နှင့်လောကတွင်သက်တော် ထင်ရှားရှိတော်မူစဉ်အခါက ခရစ်တော်၌ ဘုရားဇာတိတော်အပြည့်အဝကိန်းအောင်း တော်မူပေသည်။- Garrad Bible ဘု ရား သ ခင့် ဂုဏ် တော် ဟူ သ မျှ သည် ခ ရစ် တော်၌ ကိုယ် ခ န္ဓာ အ ဖြစ် ကိန်း ဝပ် သ ဖြင့်၊ Judson Bible အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားဖြစ်ခြင်း၏ ပြည့်စုံမှုအားလုံးသည် ခရစ်တော်ထံ၌ ကိုယ်ခန္ဓာအသွင်ဖြင့် ကိန်းအောင်းတော်မူပြီး |
ဘုရားရှင်ကိုယ်တော်တိုင် သင်တို့အား နိမိတ်လက္ခဏာပေးတော်မူမည်။ ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟုခေါ်ကြလိမ့်မည်။
“ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟု ခေါ်ကြလိမ့်မည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသည့်အရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ (ဧမာနွေလ၏အဓိပ္ပာယ်မှာ “ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်”ဟူ၍ ဖြစ်၏။)
ထို့နောက် အစေအပါးက ‘သခင်၊ သခင်စေခိုင်းသည့်အတိုင်းဆောင်ရွက်ပြီးပါပြီ။ သို့သော် နေရာရှိပါသေး၏’ဟု လျှောက်လေ၏။
သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့သောအဆင်းသဏ္ဌာန်ဖြင့် ကိုယ်တော်အပေါ်သို့ ဆင်းသက်တော်မူ၏။ ကောင်းကင်မှလည်း “သင်သည် ငါ၏ချစ်သားပေတည်း။ သင့်ကို ငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
အကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ပြည့်စုံတော်မူခြင်းထဲမှ ကျေးဇူးတော်အပေါ်၌ ထပ်ဆင့်၍ ကျေးဇူးတော်ကိုခံစားရကြပြီ။
သို့သော် ငါဆောင်ရွက်လျှင် ငါ့ကိုမယုံကြည်သော်လည်း ထိုအမှုတော်များကို ယုံကြည်ကြလော့။ ထိုသို့ယုံကြည်ပါက ခမည်းတော်သည် ငါ၌ရှိတော်မူလျက် ငါသည် ခမည်းတော်၌ရှိကြောင်းကို သင်တို့သိရှိ၍နားလည်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုနေ့တွင် ငါ့ခမည်းတော်၌ ငါရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိ၍ ငါသည် သင်တို့၌ရှိသည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်။
အို အဖ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည် ကိုယ်တော်၌ရှိသကဲ့သို့ ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် သူတို့သည်လည်း အကျွန်ုပ်တို့၌ရှိကြမည့်အကြောင်း တောင်းလျှောက်ပါ၏။ ဤသည်ကား ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်း လောကီသားတို့ယုံကြည်ကြရန်အတွက်ဖြစ်၏။
သို့ရာတွင် ယေရှုသည် မိမိကိုယ်ခန္ဓာတည်းဟူသောဗိမာန်တော်ကို ရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။
ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်ကို လူ၏အတတ်ပညာနှင့်စဉ်းစားဆင်ခြင်မှုတို့ဖြင့် ရွှေ၊ ငွေ၊ ကျောက်တုံးတို့ကိုထွင်းထုပြုလုပ်ထားသည့် ရုပ်တုနှင့်တူသည်ဟုမထင်မှတ်သင့်ပေ။
ဆိုလိုသည်မှာ ဘုရားသခင်သည် လောကီသားတို့ကျူးလွန်သောအပြစ်များကို သူတို့အပေါ်သင့်ရောက်စေတော်မမူဘဲ သူတို့ကို ခရစ်တော်၌ မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူပြီး ပြန်လည်သင့်မြတ်ခြင်းတရားကို ငါတို့၌အပ်ထားတော်မူ၏။
အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကိန်းဝပ်စေရန်လည်းကောင်း၊
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ငါတို့၏ကယ်တင်ရှင်ယေရှုခရစ်တော်၏ဘုန်းတော်ပေါ်ထွန်းခြင်းတည်းဟူသော မင်္ဂလာရှိသောမျှော်လင့်ခြင်းကို စောင့်မျှော်ရန်လည်းကောင်း ဆုံးမသွန်သင်လျက်ရှိ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။
ဝိညာဉ်တော်၊ ရေ၊ သွေးတည်းဟူသော သက်သေသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တညီတညွတ်တည်းဖြစ်ကြ၏။