ရှင်ယောဟန် 10:30 - မြန်မာ့စံမီသမ္မာကျမ်း30 ငါနှင့်ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible30 ခမည်းတော်နှင့်ငါသည်တစ်လုံးတစ်ဝတည်း ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible30 ငါနှင့်ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု ပြန်၍မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible30 ငါသည် ငါ့ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း30 ခမည်းတော်နှင့် ငါသည် တစ်သားတည်းဖြစ်၏” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ30 ငါသည် ငါ့ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။