အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင် လှည့်ဖြားရန် ကြီးမားသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို ပြုကြလိမ့်မည်။
ကောလောသဲ 2:4 - မြန်မာ့စံမီသမ္မာကျမ်း မည်သူမျှ သင်တို့ကို ဖြားယောင်းသောစကားဖြင့် မလှည့်စားစေရန် ဤသို့ ငါပြောဆို၏။ Common Language Bible သို့ဖြစ်၍မည်မျှပင်ယုတ္တိရှိဟန်တူသော မှားယွင်းသည့်အကြောင်းပြချက်များဖြင့် အဘယ်သူမျှသင်တို့အားမလှည့်စားစေ နှင့်။- Garrad Bible သင် တို့ ကို မည် သူ မျှ သွေး ဆောင် သော စ ကား ဖြင့် လှည့် စား၍ မ ရ စေ ခြင်း ငှာ ဤ သို့ ငါ ဆို၏။ Judson Bible အဘယ်မည်သောသူမျှ ဖြားယောင်းသော စကားအားဖြင့် သင်တို့ကို မလှည့်ဖြားစေခြင်းငှာ၊ ဤစကားကို ငါပြောဆို၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအကြောင်းကို သင်တို့အား ပြောရခြင်းမှာ မည်သူမျှ သင်တို့ကို ဖြားယောင်းသောစကားဖြင့် မလှည့်ဖြားစေရန် ဖြစ်၏။ |
အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင် လှည့်ဖြားရန် ကြီးမားသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို ပြုကြလိမ့်မည်။
အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင်လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြုကြလိမ့်မည်။
သင်တို့အထဲမှလည်း တပည့်တော်များကို မိမိတို့ဘက်သို့ဆွယ်ရန် ဖောက်ပြန်လမ်းလွဲသောအရာများကို ပြောဆိုသောသူအချို့တို့ ပေါ်လာကြလိမ့်မည်။
ငါ၏စကားနှင့် ငါ၏ဟောပြောချက်တို့သည်လည်း ဆွဲဆောင်မှုရှိသည့် ဉာဏ်ပညာစကားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်နှင့် တန်ခိုးတော်တို့၏သက်သေအထောက်အထားအားဖြင့်ဖြစ်၏။
သို့သော် မြွေသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကိုလှည့်ဖြားသကဲ့သို့ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့၏စိတ်နှလုံးသည် ခရစ်တော်အပေါ်၌ထားရှိသော ရိုးသားဖြူစင်ခြင်းမှသွေဖည်သွားမည်ကို ငါစိုးရိမ်၏။
ဤသို့ဆိုရခြင်းမှာ လျှို့ဝှက်စွာဝင်လာသော ညီအစ်ကိုအတုအယောင်များရှိကြသောကြောင့်ဖြစ်၏။ ထိုသူတို့သည် ငါတို့ကို ကျွန်ခံစေလို၍ ခရစ်တော်ယေရှုအားဖြင့် ငါတို့ရရှိသော ငါတို့၏လွတ်လပ်ခြင်းကိုစုံစမ်းရန် ဝင်ရောက်လာကြ၏။
ဤသို့ဖြင့် ငါတို့သည် လူတို့၏ကောက်ကျစ်စဉ်းလဲမှုနှင့် ပရိယာယ်ဖြင့်လှည့်ဖြားတတ်သည့်လျှို့ဝှက်အကြံအစည်တို့ကြောင့် ဖြစ်ပေါ်လာသည့်သြဝါဒလေအမျိုးမျိုး၌ လွင့်ပါ၍လူးလွန့်နေသော ကလေးသူငယ်များကဲ့သို့မဟုတ်တော့ဘဲ
ထို့ကြောင့် လူမျိုးခြားတို့သည် သူတို့၏အနှစ်သာရကင်းမဲ့သောစိတ်အားဖြင့် အသက်ရှင်လျှောက်လှမ်းသကဲ့သို့ သင်တို့သည် နောက်ထပ် အသက်ရှင်လျှောက်လှမ်းခြင်းမရှိကြရန် သခင်ဘုရား၌ ငါသတိပေးလို၏။
အချည်းနှီးသောစကားတို့ဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ အကြောင်းမူကား ဤအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။
မိမိကိုယ်ကိုချိုးနှိမ်ခြင်း၊ ကောင်းကင်တမန်များကိုကိုးကွယ်ခြင်းတို့၌ မွေ့လျော်နေသောသူတစ်စုံတစ်ဦးကြောင့် သင်တို့သည် ဆုနှင့်လွဲရသည့်အဖြစ်မျိုးကို အဖြစ်မခံကြနှင့်။ ထိုသူတို့သည် မြင်မက်သောအရာတို့ကို နှိုက်နှိုက်ချွတ်ချွတ်စူးစမ်း၍ မိမိ၏သွေးသားဇာတိနှင့်ဆိုင်သော စိတ်နှလုံးအားဖြင့် အချည်းနှီးထောင်လွှားကာ
ခရစ်တော်၏တရား၌အခြေမပြုဘဲ လောက၏အခြေခံတရားနှင့် လူတို့၏ဓလေ့ထုံးတမ်း၌အခြေပြုသော အတွေးအခေါ်ပညာနှင့် အနှစ်သာရကင်းမဲ့သောလှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကိုမလွှမ်းမိုးမသိမ်းသွင်းစေရန် သတိပြုကြလော့။
သို့သော် ဘုရားတရားနှင့်မဆိုင်သော အချည်းနှီးစကားများကို ရှောင်ကြဉ်လော့။ အကြောင်းမူကား ၎င်းတို့သည် ဘုရားတရားမဲ့ခြင်းကို ပို၍တိုးပွားစေတတ်၏။
ဆိုးညစ်သောသူတို့နှင့် လိမ်လည်လှည့်ဖြားသောသူတို့သည် သူတစ်ပါးကိုလှည့်ဖြားလျက် လှည့်ဖြားခြင်းကိုလည်းခံရလျက် ပို၍ဆိုးရွားသောအဖြစ်သို့ ကျဆင်းသွားကြလိမ့်မည်။
သားသမီးတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်ကိုဆန့်ကျင်အန်တုသူရောက်လာတော့မည်ဟု သင်တို့ကြားရသည့်အတိုင်း ယခုပင် ခရစ်တော်ကိုဆန့်ကျင်အန်တုသူအမြောက်အမြားပေါ်လာကြပြီ။ ထို့ကြောင့် ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို ငါတို့သိကြ၏။
သင်တို့ကိုလှည့်ဖြားသောသူတို့နှင့်ပတ်သက်၍ ဤအကြောင်းအရာများကို သင်တို့ထံ ငါရေးလိုက်ခြင်းဖြစ်၏။
ချစ်ရသောသူတို့၊ များစွာသောပရောဖက်အတုအယောင်တို့သည် ဤလောက၌ ပေါ်လာကြပြီဖြစ်သောကြောင့် ဝိညာဉ်တိုင်းကိုမယုံဘဲ ထိုဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်မစပ်ဆိုင်သည်ကို စစ်ဆေးကြလော့။
အကြောင်းမူကား ယေရှုခရစ်တော်သည် လူသားအဖြစ်ဖြင့်ကြွလာတော်မူခဲ့သည်ကို ဝန်မခံသောသူဖြစ်သည့် လှည့်ဖြားသောသူများစွာတို့သည် ဤလောက၌ပေါ်လာကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်ပြီး ခရစ်တော်ကိုဆန့်ကျင်အန်တုသူလည်းဖြစ်၏။
ထိုအခါ တစ်ကမ္ဘာလုံးကိုလှည့်ဖြား၍ မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း အခေါ်ခံရသည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးသည် မြေကြီးပေါ်သို့ပစ်ချခြင်းခံရလေ၏။ သူနှင့်အတူ သူ၏စေတမန်တို့သည်လည်း ပစ်ချခြင်းခံရကြ၏။
အသေသတ်ခြင်းခံရသည့် သိုးသငယ်တော်၏အသက်စာစောင်၌ ကမ္ဘာဦးမှစ၍ အမည်မရေးထားသော ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သူအားလုံးတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
အနှစ်တစ်ထောင်ကုန်ဆုံးသည်အထိ လူများတို့ကို နောက်ထပ်မလှည့်ဖြားနိုင်ရန် သူ့ကို အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲသို့ပစ်ချလျက် ပိတ်လှောင်ကာ အပေါ်မှတံဆိပ်ခတ်ထားလေ၏။ ထိုအချိန်ကာလများပြီးမှ သူ့ကို ခေတ္တခဏလွှတ်ပေးရမည်ဖြစ်၏။
ကမ္ဘာမြေကြီးလေးမျက်နှာရှိ လူမျိုးများဖြစ်ကြသည့် ဂေါဂ၊ မာဂေါဂကိုလှည့်ဖြားရန်နှင့် စစ်ပွဲအတွက် သူတို့ကိုစုဝေးစေရန် ထွက်သွားလိမ့်မည်။ သူတို့၏အရေအတွက်သည် သမုဒ္ဒရာသဲပွင့်များနှင့်အမျှရှိကြ၏။