ငါသည် ကိုယ်တော်၏ရှေ့တော်၌ အပြစ်တင်စရာမရှိအောင်နေ၍ ကိုယ့်ဒုစရိုက်ကို ကိုယ်ရှောင်ကြဉ်ပါ၏။
ကောလောသဲ 1:22 - မြန်မာ့စံမီသမ္မာကျမ်း ယခုမူကား သွေးသားနှင့်ဆိုင်သောကိုယ်ခန္ဓာ၌ သားတော်ကိုအသေခံစေခြင်းအားဖြင့် ဘုရားသခင်သည် သင်တို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူ၏။ ဤသည်ကား သန့်ရှင်းလျက်အပြစ်အနာအဆာကင်း၍ အပြစ်တင်စရာမရှိသောသင်တို့ကို မိမိ၏ရှေ့တော်သို့ ဆက်သနိုင်ရန်ဖြစ်၏။ Common Language Bible သို့ရာတွင်ယခုအခါ၌ဘုရားသခင်သည် လူ့ဇာတိကိုခံယူသောသားတော်အားအသေ ခံစေတော်မူသောအားဖြင့် သင်တို့အားမိမိနှင့် မိတ်ဆွေဖြစ်ခွင့်ကိုပေးတော်မူလေပြီ။ ယင်းသို့ ပြုတော်မူခြင်းမှာသင်တို့သည်ဖြူစင်သန့်ရှင်း မြင့်မြတ်လျက် အပြစ်ဆိုဖွယ်မရှိဘဲရှေ့တော် မှောက်သို့ဝင်ရောက်နိုင်ကြရန်ပင်ဖြစ်သည်။- Garrad Bible ယ ခု မှာ ရှေ့ တော် တွင် သန့် ရှင်း စင် ကြယ်၍ စွပ် စွဲ ခြင်း ကင်း လွတ် သည့် အ နေ နှင့် ဆက် သွင်း ရန် ရုပ် ခ န္ဓာ တော်၌ အ သေ ခံ တော် မူ ခြင်း အား ဖြင့် မိ သ ဟာ ယ ဖွဲ့ စေ တော် မူ၏။ Judson Bible အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင်ကြားရပြီးသော ဧဝံဂေလိတရား၏ မျှော်လင့်ခြင်းမှ မရွေ့လျော့ဘဲ၊ တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာယုံကြည်ကြလျှင်၊ သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်ရှိသော သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခုတွင်မူ ကိုယ်တော်သည် သွေးသားနှင့် ဖွဲ့စည်းထားသော ခရစ်တော်၏ကိုယ်ခန္ဓာကို အသေခံစေတော်မူခြင်းအားဖြင့် သင်တို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူပြီ။ ဤသည်မှာ သင်တို့သည် သန့်ရှင်း၍ အပြစ်အနာအဆာကင်းလျက် အပြစ်ဆိုဖွယ်မရှိသောသူများအဖြစ် ရှေ့တော်၌ ဆက်သနိုင်ရန် ဖြစ်၏။ |
ငါသည် ကိုယ်တော်၏ရှေ့တော်၌ အပြစ်တင်စရာမရှိအောင်နေ၍ ကိုယ့်ဒုစရိုက်ကို ကိုယ်ရှောင်ကြဉ်ပါ၏။
ကိုယ်တော်သည် မိမိ၏သန့်ရှင်းသူတို့ကိုပင် ယုံကြည်သည်မဟုတ်။ ကောင်းကင်သည်ပင် ကိုယ်တော့်ရှေ့တွင် စင်ကြယ်သည်မဟုတ်။
ကိုယ်တော့်ရှေ့တွင် လသည်ပင် တောက်ပသည်မဟုတ်။ ကြယ်များလည်း စင်ကြယ်သည်မဟုတ်။
အကျွန်ုပ်ကို ဟုဿုပ်ခက်ဖြင့် သန့်စင်စေတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် စင်ကြယ်ပါလိမ့်မည်။ အကျွန်ုပ်ကိုဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် နှင်းပွင့်ထက် ပို၍ဖြူပါလိမ့်မည်။
ထိုနည်းတူ ငါ့ညီအစ်ကိုတို့၊ သင်တို့သည်လည်း ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် ပညတ်တရားအရာ၌ သေဆုံးခဲ့ကြပြီ။ ဤသည်ကား သင်တို့သည် အခြားသူတည်းဟူသော သေသောသူတို့ထဲမှ ထမြောက်တော်မူသောအရှင်နှင့် သက်ဆိုင်သောသူများဖြစ်လာကြပြီး ဘုရားသခင်အတွက် အသီးများဖြစ်ထွန်းစေရန်ဖြစ်၏။
ဤသို့ဆိုရခြင်းမှာ ငါသည် ဘုရားသခင်၏သဝန်တိုစိတ်မျိုးဖြင့် သင်တို့ကို သဝန်တို၏။ အကြောင်းမူကား ငါသည် သင်တို့ကို ဖြူစင်သန့်ရှင်းသောအပျိုကညာအဖြစ် ခရစ်တော်အားဆက်သလျက် ထိုတစ်ဦးတည်းသောခင်ပွန်းနှင့်စေ့စပ်ကြောင်းလမ်းထားပြီဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သခင်ယေရှုကို ထမြောက်စေတော်မူသောအရှင်သည် ငါတို့ကိုလည်း ယေရှုနှင့်အတူထမြောက်စေ၍ သင်တို့နှင့်အတူ ရှေ့တော်သို့ခေါ်သွင်းတော်မူမည်ဖြစ်ကြောင်း ငါတို့သိကြ၏။
ဤအရာအားလုံးတို့သည် ဘုရားသခင်ထံမှဖြစ်ကြ၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ငါတို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေ၍ ငါတို့အား ပြန်လည်သင့်မြတ်ခြင်းနှင့်ဆိုင်သောအမှုတော်ကို ပေးအပ်တော်မူ၏။
ငါတို့သည် ရှေ့တော်၌ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသောသူဖြစ်ကြမည့်အကြောင်း ဘုရားသခင်သည် ကမ္ဘာမတည်မရှိမီကပင် ငါတို့ကို ခရစ်တော်၌ရွေးကောက်တော်မူပြီး
အစွန်းအထင်း၊ အတွန့်အရှုံ့မှစ၍ ထိုသို့သောအရာတစ်စုံတစ်ခုမျှမရှိဘဲ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသည့် ဂုဏ်သရေရှိသောအသင်းတော်ကို မိမိအားဆက်သနိုင်ရန်အတွက်ဖြစ်၏။
ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ငါတို့ကို ညစ်ညူးခြင်းထဲသို့ ခေါ်တော်မူသည်မဟုတ်ဘဲ သန့်ရှင်းခြင်းထဲသို့ ခေါ်တော်မူ၏။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းအားဖြင့် ငါတို့သည် သန့်ရှင်းစေခြင်းခံရကြ၏။
ထိုသွေးတော်အားဖြင့် ကိုယ်တော်သည် မိမိကိုယ်ကာယတည်းဟူသော ကန့်လန့်ကာမှတစ်ဆင့် ငါတို့အတွက် အသက်ရှင်သည့်လမ်းသစ်ကို ပြင်ဆင်ပေးတော်မူ၏။
ရှေ့တော်၌နှစ်သက်ဖွယ်သောအမှုကို ယေရှုခရစ်တော်အားဖြင့် ငါတို့တွင်ပြုတော်မူ၍ ကိုယ်တော်၏အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းသောအမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်
သို့ဖြစ်၍ ချစ်ရသောသူတို့၊ သင်တို့သည် ထိုအရာများကိုစောင့်မျှော်နေကြသည်ဖြစ်၍ အစွန်းအထင်းကင်းလျက် အပြစ်တင်စရာမရှိသောသူအဖြစ် ကိုယ်တော်၏ရှေ့တော်သို့ ငြိမ်းချမ်းစွာရောက်ရှိနိုင်ရန် ကြိုးစားကြလော့။
သင်တို့အား မှားယွင်းခြင်းနှင့်ကင်းစေရန် စောင့်ရှောက်နိုင်စွမ်းရှိတော်မူ၍ သင်တို့ကို အပြစ်အနာအဆာကင်းလျက် ရွှင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော်ရှေ့၌ရပ်စေနိုင်သော