ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက သင်တို့သည် အသွေးကိုစားလျက်၊ ရုပ်တုကိုမျှော်ကြည့်လျက်၊ အသက်ကိုသတ်လျက်နှင့်ပင် ထိုပြည်ကို ပိုင်ဆိုင်လိုသေးသလော။
ကမ္ဘာဦး 9:4 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အသက်တည်းဟူသော အသွေးပါရှိသည့်အသားကို မစားရ။ Common Language Bible သင်တို့မစားရသောအရာတစ်ခုရှိ၏။ ထိုအရာကားသွေးပါရှိသည့်အသားဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သွေး၌အသက်တည်ရှိသောကြောင့်ဖြစ်သတည်း။- Garrad Bible သို့ ရာ တွင် အ သွေး တည်း ဟူ သော အ သက် ပါ ရှိ သည့် အ သား ကို မ စား ကြ ရ။ Judson Bible သို့သော်လည်း၊ အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။ |
ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက သင်တို့သည် အသွေးကိုစားလျက်၊ ရုပ်တုကိုမျှော်ကြည့်လျက်၊ အသက်ကိုသတ်လျက်နှင့်ပင် ထိုပြည်ကို ပိုင်ဆိုင်လိုသေးသလော။
သင်တို့သည် မည်သည့်အဆီ၊ မည်သည့်သွေးကိုမျှ မစားရ။ ဤသည်ကား သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သင်တို့နေထိုင်ရာအရပ်ရပ်၌ ငှက်သွေးဖြစ်စေ၊ တိရစ္ဆာန်သွေးဖြစ်စေ မည်သည့်သွေးကိုမျှ မစားရ။
ရုပ်တုများကြောင့်ညစ်ညူးသောအရာ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် သွေးတို့ကိုရှောင်ကြဉ်ကြရန် သူတို့ထံ စာရေးသင့်သည်ဟု ငါယူဆ၏။
သို့ဖြစ်၍ ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်အတွက် မိမိတို့အသက်ကိုဆက်ကပ်ထားသူများဖြစ်ကြသည့် ငါတို့ချစ်သော ဗာနဗ၊ ပေါလုတို့နှင့်အတူ လူတို့ကိုရွေးကောက်ပြီး သင်တို့ထံသို့ စေလွှတ်ရန် ငါတို့အားလုံး သဘောတူဆုံးဖြတ်ကြသည်နှင့်အညီ
၎င်းမှာ သင်တို့သည် ရုပ်တုအားပူဇော်ထားသောအရာ၊ သွေး၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် တရားနှင့်မညီမေထုန်ပြုခြင်းတို့ကို ရှောင်ကြဉ်ကြရန်ဖြစ်၏။ သင်တို့သည် ဤအရာတို့နှင့်ကင်းရှင်းလျက်နေလျှင် ကောင်းပေ၏။ ကျန်းမာရွှင်လန်းကြပါစေ”ဟူ၍ ရေးထား၏။
သွေးသည် အသက်ဖြစ်သောကြောင့် သွေးကိုလုံးဝမစားရ။ အသားနှင့်တကွ အသက်ကိုမစားရ။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သောကြောင့် အလိုလိုသေသော အကောင်ဟူသမျှ မစားရ။ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသားစားရန် ပေးခွင့်ရှိ၏။ သို့မဟုတ် တစ်ပါးအမျိုးသားထံရောင်းခွင့်ရှိ၏။ ဆိတ်သငယ်ကို မိခင်၏နို့ဖြင့်မပြုတ်ရ။
အမှန်စင်စစ် ဘုရားသခင်ဖန်ဆင်းတော်မူသောအရာရှိသမျှသည် ကောင်းသည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့်ခံယူလျှင် ပစ်ပယ်ရမည့်အရာတစ်စုံတစ်ခုမျှမရှိ။
ထို့ကြောင့် သူတို့သည် တိုက်ရာပါပစ္စည်းများရှိရာသို့ တစ်ဟုန်ထိုးပြေးသွား၍ သိုးနွားများ၊ နွားသငယ်များကို မြေပေါ်တွင်သတ်ပြီးလျှင် အသွေးပါ စားမိကြလေ၏။